The next day
ဒီနေ့မနက်နိုးတော့ ကိုကို ကဖွားဖွားNeoနဲ့အသီးခြံထဲခနလိုက်သွားလို့ ji ကိုဖုန်းခေါ်နေလိုက်တယ် အသိပေးရမယ်လေ ကိုကို နဲ့ jen ရဲ့ကိစ္စကို😁
Ji="hello jen "
Jen-" ji ရေ...😁😁 "
Ji-" ဟဲ့အသံကပျားသကာရေလောင်းထားသလိုချွဲပျစ်ပြီးသာယာနေတာဘဲ နားထောင်ရတဲ့သူတောင်ကြက်သီးထတယ် ပြောပါအုံး ဘာတွေအဲ့လောက်သာယာနေတာလည်း "
Jen-" ဟဲ့ ငါနဲ့ ကိုကိုနဲ့လေချစ်သူတွေဖြစ်သွားပြီသိလား "
Ji=" ဟမ် ဘယ်က ကိုကို နဲ့လည်းသေချာပြောစမ်းပါမိဂျန်းရယ် "
Jen-" ဘယ် ကိုကို ရှိမလည်းဟ ငါချစ်ရတဲ့ ကိုကိုlalisa Monoban နဲ့ပေါ့ ခစ် ခစ်..ခစ် "
Ji-" အမလေး မိဂျန်းရယ် လက်မြန်လိုက်တာ ဘယ်လိုတောင်ဖြစ်သွားတာလည်း ကိုကို ကိုကို နဲ့ပါးစပ်ဖျားကကိုမချဘူး "
Jen=" ရွာကိုရောက်တော့ ကိုကို ကိုပြန်လိုက်တောင်းပန်ရင်းပြန်အဆင်ပြေသွားတာ ကိုကို ကလည်းငါ့ကိုချစ်တယ်တဲ့😁😁 ကလေးလေးတဲ့ဟာငါ့မှာအဲနာမည်လေးကြားတိုင်းပျော်လွန်းလို့သေမလိုဘဲ "
Ji-" အမလေး အမတော်ရယ် ဖြေးဖြေးပေါ့ဟဲ့ သေတော့မသေလိုက်နဲ့အုံးနည်းနည်းပါးပါးစိတ်ထိန်းထား ဘာမှတောင်မလုပ်ရသေးဘူးအခုထိ"
Jen=" သေနာငါအကောင်းပြောနေတဲ့ဟာကို ကိုကို ရင်ခွင်ထဲမှာလည်းအိပ်ရတာတကယ်ကောင်းတယ်သိလားအခုမှငါအဲ့ခံစားချက်ကိုခံစားဖူးတာ တသက်နဲ့တစ်ကိုယ်အဲ့လိုမခံစားဖူးဘူး "
Ji-" ဟဲ့ နေပါအုံး နင်က oppa li ရင်ခွင်ထဲမှာအိပ်တယ်မဆိုတော့ မဟုတ်မှနင်တို့နှစ်ယောက်ဘယ်အဆင့်တွေထိတက်နေပြီလည်း မိဂျန်းမှန်မှန်ပြောစမ်း"
Jen-" အမလေးဟဲ့ အဲ့လောက်ထိအတွေးတွေလွန်မနေနဲ့ ဒီတိုင်းရိုးရိုးသားသားဖက်အိပ်ရုံဘဲ ငါ့ ကိုကို ကလူရိုးကြီးဟဲ့ နမ်းတာတောင်သိပ်မနမ်းတက်လို့ပြန်သင်ပေးနေရတာ နင်လိုမှောင်မိုက်မနေဘူး "
Ji-" oppa li ကရိုးမှန်းသိတယ် နင့်ကိုမရုံတာလက်ရဲဇာတ်ရဲမိဂျန်းမ "
Jen-" ဟီးးဟီးးအဲ့တာကတော့ ကိုကို ချစ်လို့ပါဟ ကိုကို တစ်ယောက်တည်းကိုဘဲလက်ရဲဇာတ်ရဲလုပ်တာ ဒါနဲ့နင်တို့ရောလက်ထပ်ပွဲအတွက်ပြင်နေပြီလား"
Ji-" ပြင်နေပြီပေါ့ ငါ့ရဲ့ ကို ကအကုန်လိုက်လုပ်ပေးနေတာ ညနေကျရင် pre-wedding ဓာတ်ပုံတွေပို့ပေးလိုက်မယ် မနေ့ကမှရိုက်ထားတာညနေကျရင်ရပြီ "
Jen=" အေးအေးငါစောင့်နေမယ် "
Ji-" နင်တို့ရောဘယ်တော့လည်း စောသေးတယ်လို့တော့မပြောနဲ့နော်အလယ်မှာအချိန်ကခြောက်နှစ်နီးပါးပြီးသွားတာ "
Jen-" သိပါတယ်ဟဲ့ ကိုကို ကပြန်ရောက်တာနဲ့လူကြီးတွေကိုအသိပေးပြီးလက်ထပ်ကြမယ်တဲ့...ဟီးး"
Ji-" မိဂျန်းမ အူမြူးနေတာ အေးအေးအဲ့မှာကောင်းကောင်းပျော်ခဲ့ကြ ငါ့ မင်္ဂလာဆောင်မရောက်ခင်ပြန်ခဲ့နော် အကြိုတစ်ဝိုင်းကျွေးချင်လို့ "
Jen-" မပူပါနဲ့ ငါတို့ဒီမှာအေးအေးဆေးဆေးသာယာပြီးမှပြန်လာမှာ မပူနဲ့နင့်လက်ထပ်ပွဲမရောက်ခင်ကိုပြန်လာမှာ"
Ji-" ပြီးတာဘဲ oppa li ကိုလည်းအရမ်းလက်ရဲဇာတ်ရဲမနေနဲ့အုံးဟိုကရိုးရိုးသားသားလေး "
Jen-" နင်လည်းလက်ရဲဇာတ်ရဲဘဲကိုငါ့လာပြောနေတယ် ဟားးဟားး မပူနဲ့ ကိုကို ကိုလက်ထပ်ပြီးမှအပိုင်သိမ်းပစ်မှာ "
Ji-" မိဂျန်းတို့ရည်မှန်းချက်ကြီးချက်ဟေ့ နင်ကိုဘဲပြောနေလို့မရဘူး ငါလည်းငါ့လူကြီးကိုအပိုင်သိမ်းရမှာ ဟားးး "
Jen-" ကဲ ဒါဆိုသေချာပြင်လိုက်အုံး ငါ ကိုကို ဆီသွားအုံးမယ် "
Ji-"အေးအေး ကြွကြွ "
Jen လည်းဖုန်းချပြီးတာနဲ့ ကိုကို ရှိတဲ့အသီးခြံဘက်ကိုထွက်ခဲ့လိုက်တယ် ခြံထဲရောက်တော့ ဖွားဖွား Neo ကအလုပ်သမားတွေနဲ့စကားပြောနေတယ် ကိုကို ကိုရှာကြည့်တော့စပျစ်ခင်းနားမှာစပျစ်သီးတွေကိုကြည့်နေတယ် တကယ်ဖြူဖြူဖွေးဖွေးအသည်းယားစရာ ကိုက်စားပစ်ချင်စရာလေး🌚
Jen-" ကိုကို "
Li-" ဟင် ကလေးလေး လိုက်လာတာလား အေးနေတာကို "
Jen-" ကိုကို ကိုလွမ်းလို့လေ ပြီးတော့မအေးအောင်လို့ ကိုကို ရင်ခွင်ထဲဝင်လိုက်မှာပေါ့ "
ပြောပြီးတော့ကလေးက li ရင်ခွင်ထဲမှာတိုးကာချွဲနေတယ်
Jen=" ကိုကို မအေးဘူးလားဟင်ကြည့်ပါအုံး ပါးလေးတွေနှာဖျားလေးတွေနီနေတာဘဲ ကြည့်ပါအုံး အရမ်းအေးနေလားဟင် "
Li-" ကလေးလေးကဖက်ထားပေးတော့နွေးနေတာပေါ့ကလေးရဲ့ "
Li ရဲ့အပြောကိုကလေးက ပါးလေးတွေဖောင်းလာသည်အထိအသဘောကျပြုံးရယ်နေပြီး
Jen=" ကလေးကအဲ့လောက်စွမ်းလား "
Li-" စွမ်းတာပေါ့ ကလေးရှိရင် li ဘာမှကိုမလိုတာ "
Jen-" ကိုကို့ ကိုကလေးလေးလိုဘဲချစ်လိုက်ရတာ "
Li-" li လည်း ဟော့ဒီ့က ကလေးလေး ကိုအရမ်းချစ်တာ "
Jen-" သိပါတယ်ရှင် ဟော့ဒီက ကိုကို ရဲ့အချစ်တွေကို "
ရယ်နေတဲ့ ကလေးလေး ရဲ့ပါးကိုနစ်ဝင်သွားအောင်အနမ်းပေးတော့ကလေး ကသဘောကျရယ်ကာ li ကိုကြည့်လာရင်း
Jen-" တစ်နေရာတည်းအနမ်းပေးတာမျိုးတော့မလုပ်နဲ့နော် နမ်းမယ်ဆိုသေချာနှံ့စပ်အောင်နမ်း "
Li လည်းသဘောကျရယ်လိုက်ပြီး ကလေးမျက်နှာလေးကိုသေချာကိုင်ကာ ဘယ်ဘက်ပါးလေးကိုနမ်းလိုက်၊ညာဘက်ပါးလေးကိုနမ်းလိုက်၊နဖူးလေးကိုနမ်းလိုက်၊မေးဖျားလေးကိုနမ်းလိုက်၊အေးလိုနီချင်နေတဲ့နှာဖျားလေးကိုနမ်းလိုက်၊မဖက်လုံးလေးမှိတ်ကာအနမိးတွေခံယူနေတဲ့မှိတ်ထားတဲ့မျက်လုံးအစုံကိုနမ်းပြီး နှုတ်ခမ်းသားလေးကိုစုပ်ယူလိုက်တော့ ကလေးက အနမ်းတွေကိုခပ်ကြမ်းကြမ်းစုပ်ယူလာတယ် ရာသီဥတုအေးတဲ့အရှိန်က li တို့နှစ်ယောက်အတွက်ဘာမှမဟုတ်ခဲ့ပါဘူး
အသက်ရှာမဝတော့မှနှစ်ယောက်သားခွာလိုက်ကြပြီး
Li-" အခုကျေနပ်ပြီလားဟင်အနမ်းခံရတာ "
Jen=" ကျေနပ်တာပေါ့ ကိုကို ဆီကအနမ်းတွေဘဲကို "
ဒီကလေးဟော li နှလုံးသားကိုအရည်ပျော်ကျအောင်စကားလုံးမျိုးစုံနဲ့ပြုစားနေတော့တာပါဘဲ ခက်တာကဒီလူသားက ကလေးလေး ဘယ်လိုနေနေချစ်နေတာပါဘဲ....။
Li တို့အိမ်ပြန်ရောက်လို့အနားယူတော့ညနေရောက်နေပြီ ကလေး က li အနားလာပြီး
Jen-" ကိုကို ဒီမှာ ji တို့ရဲ့ pre-wedding ဓာတ်ပုံတွေရလာပြီ ကိုကို ကြည့်အုံးနှစ်ယောက်လုံးကလိုက်ဖက်လိုက်တာ "
Li=" ဟုတ််တယ်နော် ပုံလေးတွေကတော်တော်လှတယ်အထူးသဖြင့်သူတို့နှစ်ယောက်ကအရမ်းလိုက်ဖက်တာဘဲ "
Jen=" ဟုတ််တယ် ကိုကို "
အားကျနေတဲ့အကြည့်တွေနဲ့ပုံတွေကိုကြည့်နေတဲ့ကလေးကိုကြည့်ကာ
Li-" li တို့လည်းပြန်ရင် လက်ထပ်ကြမယ်နော် သူတို့ပြီးရင် ကိုကို တို့အလှည့်ပေါ့ "
ကလေး ကအဲ့တော့မှ တောက်ပနေတဲ့မျက်ဝန်းလေးတွေနဲ့ li ကိုကြည့်လာပြီး
Jen-" ဟုတ် ကိုကို ကလေးတို့ပြန်ရောက်ရင်လက်ထပ်ကြမယ် "
ပြောပြီးကလေးက li လည်တိုင်လေးကိုအနမ်းပေးကာပုခုံးလေးပေါ်မှီနေတယ် ကလေးလေး ကိုကြည့်ကာ li လည်းပြုံးမိတယ် လက်ထပ်ပြီးရင်တော့ ကလေးကိုအမြဲစိတ်ချမ်းသာအောင်ထားမယ်လို့ ကိုယ့်ကိုကိုယ်ပြန်ကတိတည်နေမိတယ် li ရင်ခွင်ထဲက ကလေးလေး ကိုအရမ်းချစ်ပါတယ်.....။
#Chapter-30(end)
#အချိုတွေစားကောင်းရဲ့လား 🍭🍬
YOU ARE READING
My friend is not in love
Fanfiction# ရောင် လည်းဒီနောက်ပိုင်းအစပ်တွေကြိုက်တော့အစပ်တွေသာရေးဖြစ်နေတယ်😁😁😁