The next day
Li ညကအတွေးပေါင်းစုံလျှောက်တွေးမိခဲ့တာမို့ ညအတော်နက်မှအိပ်ပျော်ခဲ့တယ် အခုတော့ခေါင်းတွေကိုက်နေပြီးမထနိုင်တော့ဘူး rene ဆီသွားမယ်လုပ်ထားတာလည်း အခုလိုအခြေအနေနဲ့ဆိုဘယ်လိုမှသွားလို့အဆင်မပြေတာမို့ဖုန်းဆက်ပြီးမလားနိုင်တာကိုဖုန်းဆက်ပြောရတော့တယ်
Li-"Hello..."
Irene-" hello li လာတော့မှာလား "
Li-" li ဒီနေ့မလာနိုင်လောက်ဘူး rene ညကအိပ်တာအရမ်းညနက်လို့အခုထိအိပ်ယာထဲကမထနိုင်ဘူး အဲ့တာဒီနေ့li မလာတော့ဘူးနော် နေကောင်းတဲ့နေ့ကျမှဘဲလာတော့မယ်နော်"
Irene-" li အခုဘယ်လိုနေသေးလည်း အိမ်မှာရောဘယ်သူရှိလည်း"
Li-" arjima နဲ့Maid တွေရှိတယ်စိတ်မပူပါနဲ့ ကိစ္သမရှိပါဘူး rene ရဲ့ ညနက်သွားတော့ခေါင်းတွေကိုက်နေတာ အဲ့တာကြောင့်ပါ ခနလောက်နားလိုက်ရင်အဆင်ပြေသွားမှာပါ "
Irene-" အခုဘာစားပြီးပြီလည်းဟင်"
Li-" ဘညမှတော့မစားရသေးဘူး ခနနေမှ arjima ကို နို့လာပို့ခိုင်းလိုက်တော့မယ် "
Irene-" ဟာမဖြစ်သေးပါဘူး အားရှိမှရမှာပေါ့ rene အခုလာခဲ့မယ်နော် အားရှိတာတွေလုပ်လာခဲ့မယ်ခနစောင့်နေနော်"
Li-" rene အလုပ်ရှုပ်မှာဆိုးတယ်မလာပါနဲ့တော့ရတယ်"
Irene-" မရဘူးနော်လာမှာ ဖွားဖွားလဘ်းအိမ်မှာမရှိဘူးလေ ဘယ်သူကli ကိုသေချာလုပ်ပေးမှာလည်း စိတ်မချပါဘူး rene လာခဲ့ပါမယ် "
Li-" ရပါမလား rene ရယ်"
Irene-" ရပါတယ် li ရဲ့ ခနနေရင်ရောက်မယ့်နော် ဒါဘဲနော် li "
rene ကပြောပြီးတာနဲ့ဖုန်းချသွားတယ် li လည်း ဖုန်းကိုချပြီး ရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ်ကာသန့်ရှင်းရေးလုပ်ပြီးတော့ လူကနေလို့သိပ်မကောင်းတာကြောင့် ကုတင်ပေါ်မှာစောင်သေချာခြုံပြီးသာအိပ်နေမိတယ် liအိပ်ပျော်သွားပြီး ခနနေတော့ rene ရောက်လာတယ်
မီးဖိုဆောင်မှာ ချက်လာတဲ့ဟင်းတွေစွတ်ပြုတ်တွေကိုသေချာပြန်နွေးနေတဲ့ rene
Arjima-" rene လေး arjima ဘာလုပ်ပေးရအုံးမလည်း"
Irene-" ရတယ် Arjima rene ဘဲလုပ်လိုက်မယ် arjima ကနေကြာပန်းတွေကိုရေသွားဖြန်းဖို့ ပိုက်သွားဖွင့်ပေးပါအုံးနော် li နေမကောင်းရင် နေကြာပန်းတွေကိုပိုကြည့်ပြီး li ကပျော်တာ arjima ရဲ့..."
Arjima-" ဟုတ်ပါပီကွယ် arjima သွားပြီးသေချာလုပ်ပေးမယ်နော် "
Irene-" nae arjima ကျေးဇူးနော်☺"
Arjima-" ရပါတယ်ရှင် "
Arjima ထွက်သွားပြီးခနနေတော့ rene လည်း liစားဖို့အတွက်လုပ်လာတဲ့ဟာတွေကို သေချာထည့်ပြီး ဗန်းလေးကိုင်ကာ li အခန်းဆီဝင်လာခဲ့တယ် အခန်းထဲရောက်လို့ကြည့်မိတော့ စောင်ပုံထဲမှာအိပ်နေတဲ့ li. reneလည်း li လေးနားမှာထိုင်လိုက်ပြီး စားစရာဗန်းကိုဘေးကစာပွဲပေါ်တင်ထားလိုက်တယ်
Li ဆီကိုအကြည့်ရောက်မိတော့ နေမကောင်းရင်အမြဲလိုလို ဖြူဖွေးနေတဲ့မျက်နှာလေးမှာ နှာသီးလေးတွေ နှုတ်ခမ်းလေးတွေ မျက်လုံးလေးတွေဟာနီနေလေ့ရှိတယ် ဒါ li နေမကောင်းတိုင်းအဲ့လိုဖြစ်နေကြပါဘဲ
rene လည်း li နဖူးလေးကိုစမ်းကြည့်တော့ကိုယ်ပူငွေ့နည်းနည်းရှိနေတယ် ဆေးသောက်မှရမှာမို့ တစ်ခုခုကတော့စားရမယ်
Irene-" li...li..ထတော့လေ မနက်စာစားမယ်နော် "
Li-"အွန်းးးး li အိပ်ချင်တယ် မထချင်ဘူး "
Irene-"ခနလေးဘဲထလိုက်ပါနော် ကိုယ်ပူနဲ့ခေါင်းကိုက်သက်သာအောင်ဆေးသောက်ရမယ်လေ အဲ့တာအစာစားမှရမှာလေ li ရယ် ထပါနော် ခနလေးဘဲနော်..."
Li-" nae nae"
Li လည်း ထထိုင်ပြီးကုတင်ခေါင်းရင်းမှာမှီနေလိုက််ပြီး
Irene ပေးတဲ့အမဲ့သားစွပ်ပြုတ်ကိုသောက်နေမိတယ် တခြားစွပ်ပြုတ်တွေတော့အရသာမရှိလို့မကြိုက်ပေမယ့် rene ကတော့ li အကြိုက်ကိုအမြဲလုပ်ပေးတာမို့အကုန်ကုန်အောင်သောက်နေမိတယ် နောက်ပြီးrene ချက်ထာပေးတဲ့ ပုဇွန်ကိုသေချာစားနေမိတယ် ခေါင်းကိုက်နေတာတောင်တစ်ဝက်လောက်ပျောက်သွားသလိုဘဲ
Irene-" စားကောင်းလား.li"
Li=" ကောင်းတယ် ခေါင်းကိုက်တယတောင်တစ်ဝက်လောက်ပျောက်သွားသလိုဘဲ😁😁"
Irene-" အဲ့လောက်တောင်လား "
Li -" အဲ့လောက်တောင်ပေါ့😁😁 "
Irene-" ကဲဒါဆိုဆေးသောက်မယ်နော်"
Li လည်း rene ပေးလာတဲ့ဆေးကိုသေချာသောက်လိုက်တယ်
Irene-"ပြန်အိပ်ချင်သေးလား.."
Li-" ဟင့်အင်းမအိပ်ချင်တော့ဘူး..နည်းနည်းတောင်အဆင်ပြေလာပြီ အခန်းထဲမနေချင်တော့ဘူး နေကြာခင်းကိုသွားမယ် မဟုတ်ရင် စိတ်ကသိပ်အဆင်မပြေလောက်ဘူး"
Irene-" ဟုတ်ပါပြီ ရှင် လာသွားကြမယ်နော်"
Li-" nae "
Li လည်း rene နဲ့အတူတူ နေကြာခင်းကိုရောက်လာပြီး စားပွဲခုံမှာထိုင်ကာနေကြာပန်းခင်းကိုကြည့်နေမိတယ် အဝါရောင်ရှုခင်းကြီး ဘယ်လောက်တောင်နှစ်သက်ဖို့ကောင်းလိုက်လည်း
ဘေးကrene ကတော့ li စားဖို့အသီးခွာပေးနေတယ် တစ်ချက်တစ်ချက်လည်း li နဖူးကိုစမ်းနေသေး li ကြည့်ပြီးတွေးမိတာက rene ကိုရွေးချယ်မိတာအကောင်းဆုံးဖြစ်မှာပါ
ခနနေတော့ chae တို့ရောက်လာတယ်
Chae-" li ya နေမကောင်းတာဘာလို့အပြင်ထွက်နေတာလည်း..ပိုဆိုးကုန်မှဖြင့် "
ပြောရင်း li နဖူးတွေ li အသားတွေကိုစမ်းကြည့်နေတဲ့ chae
Chae-" ကိုယ်ပူတာတော့အဲ့လောက်မရှိတော့ဘူးတော်သေးတာပေါ့ rene ဖုန်းဆက်လာတော့အိပ်ယာကတောင်မထနိုင်ဘူးဆိုတော့လန့်သွားတာဘဲ"
Li-" ဘာမှမဖြစ်ပါဘူး အစကတော့မထနိုင်ဘူး နောက်တော့ rene ကဆန်ပြုတ်တိုက်ပြီး ဆေးသောက်လိုက်တာအဆင်ပြေသွားတယ်လေ အခန်းထဲမှာလည်း ငါပျင်းလို့ ဒီမှာလာထိုင်နေတာ "
Chae-" သက်သာတယ်ဆိုရင်ရပါပီကွာ လာ ji လေးလာထိုင်လေ "
Ji-" nae ကို ဒါနဲ့ ဒီမှာ oppa li အတွက်ချောကလက်တွေဝင်ဝယ်လာတာ ကို ပြောတာ oppa li ကထျောကလက်တွေကြိုက််တဲ့ အဲ့မှာအစုံဘဲဝယ်လာပေးတယ် "
Li-" ကျေးဇူးနော် ji "
Ji-" ရပါတယ် oppa li ရဲ့ "
Li တို့လေးယောက်လည်းထိုင်ပြီးစကားတွေပြောနေကြတယ်
Ji-" ကို ji ဘေးအိမ်က jen ဆီခနသွားလိုက်အုံးမယ်နော်"
Chae-" သူကပြန်ရောက်နေပြီလား "
Ji-" မနေ့ကကတည်းကပြန်ရေညက်နတာလေ ကို ရဲ့ သူ့ကိုပါခေါ်ခဲ့မယ် သွားပြီနော် ကို "
Chae-" inn inn ကောင်းကောင်းသွားနော် jiလေး "
Ji လေးထွက်သွားတော့ chae နဲ့ rene li ကိုကြည့်မိတယ် jen ပြန်လာလို့ chae တို့နှစ်ယောက်ကသာအံ့သြနေတာ li ကတော့သိနေတဲ့အတိုင်းနေကြာခင်းကိုကြည့်ပြီး ချောကလက် ကိုသေချာဖောက်စားနေတယ်
Chae-" သိနေတာလား li jen ပြန်လာတာကို "
Li-" inn မနေ့ကခြံရှေ့မှာတွေ့မိလို့သိတာပါ "
Chae-" မနေ့ညက ညနက်မှ အိပ်ပျော်တာ jen ကြောင့်မဟုတ်ဘူးမဟုတ်လားli...."
Chae မေးတဲ့စကားကြောက် li ခနတိတ်ဆိတ်နေမိတယ် rene ကိုကြည့်မိတော့
rene အကြည့်တွေကကြောက်နေသလိုဘဲ
Li-" မဟုတ်ပါဘူး မနေ့ကရှုတင်ကိစ္စတွေရော ပြန်ရောက်တော့စားရင်းတွေလုပ်နေဆာကြောင့်ညနက်ပြီးဖျားသွားတာပါသူနဲ့ဘာမှမဆိုင်ပါဘူး "
Irene's pov-" li ညာနေတယ် li ဘယ်တော့မှ ပိပိရိရိမညာတက်ဘူး တခြားသူတွေမသိရင်တောင် li ညာနေရင် rene သိတယ်"
Irene=" တကယ်နော် li "
Li က rene လက်လေးကိုစုပ်ကိုင်လာပြီး
Li-" li rene ကိုရွေးချယ်ခဲ့တယ် li တစ်ဘဝလုံးစာအတွက်လေ သူ့ကိုချစ်ခဲ့တယ်ဆိုပေမယ့် ပြီးသွားပါပြီ rene အခုချိန်မှာကိုယ့်ရဲ့ပထမဦးစားပေးက rene ပါဘဲ"
Irene's pov-" li ဒီစကားကိုတော့မညာခဲ့ဘူး liမျက်ဝန်းတွေကလေးနက်နေတယ် ကျေးဇူးပါ li rene ဘက်မှာရှိပေးလို့ li နှလုံးသားထဲမှာ jen ဘဲရှိတယ်ဆိုတာသိရက်နဲ့တောင် li ကိုပိုင်ဆိုင်ချင်တဲ့အတ္တကြီးခွင့်ပြုပါ"
Irene-" ချစ်တယ် li.."
Li-" li သိတာပေါ့ rene ရယ်.."
Chae-" အဟမ်းးးအဟမ်းးငါ့ကိုလည်းအားနာကြပါအုံးဟ..."
သုံးယောက်သားမျက်နှာချင်းဆိုင်ကာရယ်မိကြတယ် ဘယ်လိုဘဲဖြစ်ဖြစ်သူငယ်ချင်းသံယောဇဥ်ဆိူတာဘာနဲ့ဖျတ်ဖျတ်မပြတ်တဲ့ကြိုးလေးပါဘဲ ဒါကို အချစ်အဖြစ် li တဖြည်းဖြည်းပြောင်းလဲလာနိုင်အောင်ကြိုးစားမှာပါ
#chapter-20(end)
YOU ARE READING
My friend is not in love
Fanfiction# ရောင် လည်းဒီနောက်ပိုင်းအစပ်တွေကြိုက်တော့အစပ်တွေသာရေးဖြစ်နေတယ်😁😁😁