အပိုင္း(3)

37 1 1
                                    

🎁 မတူညီသောရင်ခုန်သံနှစ်ခုပေါင်းစပ်ခြင်း(3)🎁

စုံစမ်းရသလောက်အားလုံးက သူဌေး min taejun ကတရားခံဆိုတာသေချာသလောက် သက်သေအတိအကျကရှာမရတာကြောင့်စစ်ဆေးထားတဲ့စာရွက်စာတမ်းတွေပြန်စစ်နေတုန်းအကို yixing ကအလောတကြီးဝင်လာကာ
"Will အရေးကြီးအခြေအနေတစ်ခုရောက်လာပြန်ပြီး"
"ဗျာ အဲဒါ ဘာကိုပြောတာလဲ အကို yixing"
"သူဌေးမကြီး Han yoon soo ကိုသိတယ်မဟုတ်လား"
"သိတယ် ဘာဖြစ်လို့လဲ အကို"
"ဒီနေ့မနက်ဘဲ သူ့ရဲ့တစ်ဦးတည်းသောသမီးကအဆိပ်မိပြီးဆုံးသွားတယ်"
"ဘာအဆိပ်လဲ အကို Yixing"
"သူတို့လည်း ဘာအဆိပ်ဆိုတာသေချာမသိသေးဘူးတဲ့ သမ္မတကြီးရဲ့ကိုယ်ရေအရာရှိနဲ့သေဆုံးပုံလက္ခဏာကတူသလိုရှိပေမဲ့ မတူတော့မတူဘူးတဲ့"
"ဟုတ်လား ကျွန်တော်တို့သွားပြီစစ်ဆေးကြတာပေါ့"
အခင်းဖြစ်တဲ့နေရာကိုရောက်တော့ သူဌေးမကြီးကတည်တည်ငြိမ်ငြိမ်နဲ့ထိုင်နေသလိုထင်ရပေမဲ့သူ့မျက်နှာမှာတော့ကြေကွဲရိပ်တစ်ချို့ကိုတွေ့နေရသည်။အရင်ကြိုရောက်နေတဲ့လူတစ်ချို့လည်းရပ်နေတာတွေ့ရတာမို့
"စစ်ဆေးပြီးပြီးလား ဆရာတို့"
"အခုထိမစစ်ဆေးရသေးဘူး ခွင့်မပြုသေးလို့"
ရဲအရာရှိကတိုးတိုးပြောပြနေတုန်းခုနထိုင်နေတဲ့ သူဌေးမကြီးက will တို့ဘက်ကသေချာကြည့်လာကာ
"မင်းတို့အထဲက Will ဆိုတာ ဘယ်တစ်ယောက်လဲ"
"ဟုတ်ကဲ့ ကျွန်တော်ပါ အန်တီ"
"ငါ့ သမီးအလောင်းကိုမင်းကိုယ်တိုင်းစစ်ဆေးပြီး တရားခံဖမ်းပေးပါ"
"ဗျာ အာ ဟုတ်ကဲ့ ဒါနဲ့ ဘာလို့ ကျွန်တော်လဲ"
"အမှန်တရားအတွက်ဆိုမင်းရဲ့အထက်လူကြီးဖြစ်ပါစေဂရုမစိုက်တတ်ဘူးဆိုတဲ့မင်းအကြောင်း ငါကြားဖူးတယ် ငါ့သမီးကအသက်ပြန်မရှင်တော့ဘူးလေဒါကြောင့် မင်းကအမှန်တရားတော့ရှာပေးမယ်လို့ငါယုံတယ်"
"အန်တီရဲ့ယုံကြည်မှုအလကားမဖြစ်စေရဘူး ဒါပေမဲ့တစ်ခုတော့တောင်းဆိုပါရစေအန်တီ ပြောလို့ရမလား"
"ရပါတယ် မင်း ဒီကေ့စ်အတွက်လိုတာအားလုံးငါဖြည့်ပေးမှာပါ"
အန်တီဆီမတောင်းဆိုကိုအကိုYixing ကိုကြည့်တော့အကိုကအားလုံးပြန်လို့ရပြီးအထူးအဖွဲ့ကဘဲဆက်လုပ်တော့မယ်ဆိုတဲ့စကားကြောင့်တစ်ချို့ကမကျေနပ်ကြပေမဲ့ သူဌေးမကြီးကပြန်ဖို့ပြောတာကြောင့်အားလုံးပြန်သွားသလိုအကိုyixing နဲ့အဖွဲ့လည်းပြန်ထွက်သွားသည်။သူဌေးမကြီးရယ် သူ့သမီးအလောင်းရယ်သူဌေးမကြီးလက်ထောက်နှစ်ယောပ်ရယ်ဘဲကျန်တော့will ကသူတို့ကိုပါထွက်သွားခိုင်းပြီးနှစ်ယောက်တည်းကျန်မှ
"အန်တီ Zkdlin ဆိုတဲ့ နံမည်ကြားဖူးတယ်မဟုတ်လား"
"အင်း ကြားဖူးတယ် အဆိပ်အတောက်ကျွမ်းကျင်ပညာရှင်မဟုတ်လား"
"ဟုတ်ပါတယ်ကျွန်တော်တောင်းဆိုချင်တာကသူနဲ့အတူအလုပ်တွဲလုပ်ဖို့ပါ'"
"သူကရော ယုံကြည်ရတဲ့ လူ ဟုတ်ရဲ့လား "
"ယုံကြည်ရပါတယ် သူလည်းဒီအဆိပ်ကိုစစ်ဆေးနေတဲ့ လူပါ"
"ကောင်းပြီး ငါမင်းဆီက သတင်းကောင်းရော သတင်းဆိုးရောစောက့်နေမယ်"
"ကောင်းပါပြီး အန်တီ ဒီကညီမလေးအလောင်းကိုသယ်ဖို့ကျွန်တော်စီစဉ်လိုက်မယ် အန်တီ ခွင့်ပြုပါဦး"
"ကောင်းပါပြီး"
သေဆုံးသူအလောင်းကိုမသယ်ခင်အရင်ဆုံး ဒေါက်တာZ ကိုဖုန်းဆက်ပြောပြတော့ဒေါက်တာZ လိပ်စညတစ်ခုပို့ပေးကာအဲဒီကိုလာဖို့ပြောတာကြောင့်ကားနောက်ခန်းမှအလောင်းကိုတင်ပြီးသူပေးတဲ့လိပ်စာအတိုင်းထွက်လာခဲ့သည်။
မြို့ပြင်ဘက်ရောက်တာမို့တိတ်ဆိတ်ပြီးလူသွားလူလာနည်းတာကိုတော့will တစ်ယောက်သဘောကျမိသည်။
သူချိန်းထားတဲ့နေရာရောက်တော့ကားအနက်ရောက်တစ်စီးကျောမှီရပ်ကာစောင့်နေတဲ့ဒေါက်တာZ ကိုတွေ့ရတာမို့ကားပေါ်ကဆင်းမလို့လုပ်တော့မဆင်းဖို့မျက်ရိပ်ပြကာသူ့ကားသွားတဲ့လမ်းအတိုင်းလိုက်ဖို့ပြောတာမို့လိုက်သွားတော့ခြံဝန်းကျယ်ကြီးတစ်ခုရှေ့ရောက်တော့အလိုအလျောက်ပွင့်သွားတဲ့တံခါးကြောင့်ဝင်လာတော့အံ့သြသွားရသည်။
ခြံပြင်ကကြည့်ရင်ခြုံတွေနဲ့ရှုတ်ထွေနေပေမဲ့အထဲရောက်တာ့ပန်းပေါင်းစုံအပင်ပေါင်းစုံနဲ့လှပနေတာတွေ့ရသည်။ကားပေါ်ကဆင်းတော့ဒေါက်တာZက
"အပင်တွေလျောက်မကိုင်နဲ့နော် WIll အဲဒါအဆိပ်ပင်တွေဗျ"
"ဟုတ်လား စမ်းသပ်ခန်းလား"
"ဒီနေရာက မိဘတွေကျွန်တော်အတွက်အထူးလုပ်ပေးထားတဲ့ဓာတ်ခွဲခန်း"
"ဟုတ်လား လူတွေမတွေ့သလိုဘဲ"
"ဘယ်လိုမှမရှိဘူး အပင်တွေက တော့ အလိုလျောက်စနစ်တွေနဲ့ရေလောင်းပေါင်းသပ်ဆေးဖြန်းလုပ်တယ် "
အလောင်းကိုစမ်းသပ်ခန်းထဲသယ်လာပြီးမစစ်ဆေးခင် Will ကိုကြည့်ကာ
"ကျွန်တော် သူဌေးမကြီး Han yoon sooနဲ့စကားပြောချင်လို့"
"ကောင်းပါပြီး ကိုယ်ဖုန်းဆက်လိုက်မယ် "
will ဖုန်းဆက်လိုက်တာနဲ့ တစ်ဘက်က ချက်ချင်းကိုင်လာတော့ ဒေါက်တာZကပြောချင်ကြောင်းပြောပြီးဖုန်းပေးတော့သူကစပီကာဖွင့်ကာ
"Han သူဌေးကတော် တစ်ခုလောက်မေးလို့ရမလား"
"မေးပါ ဒေါက်တာ"
"အခု Han ကတော် ရဲ့သမီး မိတဲ့အဆိပ်က ပန်းရောင်ဖားလေးဆီအဆိပ်ဆိုတာငိထားတယ်မဟုတ်လား Han ကတော်ဆီမှာရှိတဲ့အဆိပ်ရော"
"မင်းက အဲဒီအဆိပ်ကိုပါ သိနေတာလား ကောင်လေး"
"ကျွန်တော် က ဒေါက်တာဂျော်နီယန် ရဲ့ လက်ထောက်ပါ"
"ဟုတ်တယ် အရင်ကရှိတယ် ဒါပေမဲ့ တလောက မိဆွေတစ်ယောက်ဝယ်ချင်လို့ရောင်းပေးလိုက်တယ် မင်းတို့လည်းသိမယ်ထင်တယ်"
"ဗျာ ဘယ်သူ့ကိုရောင်ူလိုက်တာလဲ မသိဘူး Han ကတော်"
"ခေါင်းဆောင် Min taejun "
"ကျွန်တော်သဘောပေါက်ပြီး ဒါဆို အလုပ်ဆက်လုပ်ပါတော့မယ်ခင်ဗျ"
ပြောပြီး ဖုန်းချကာ ထင်ထားတာမဖြစ်လောက်ဘူးထင်ပေမဲ့ အားလုံးကထင်ထားသလိုဖြစ်လာတော့အလောင်းကိုသေချာစစ်ဆေးဖို့သာလုပ်ရသည်။
"ယုတ်မာတဲ့နေရာမှာ နစ်ယောက်မရှိတဲ့လူဘဲ အဲဒီလူက"
"ဟင် ဘာကိုပြောတာလဲ ငါ့ညီ"
"အကို ဒီမနက် ဒီကောင်မလေးမှာစားတဲ့ ဗီဇာ ဆိုင်ကိုအကိုတိတ်တဆိတ်စစ်ဆေးပေးပါ လုပ်ကြံသူကအဲဒီဆိုင်မှာလုပ်တာ"
"ကောင်းပြီး ဒါဆိုမနက်ဖြန်မှတွေ့မယ် အကိုဘယ်မှာလာတွေ့ရမလဲ"
"ဒီကိုလာခဲ့မနက်ဖြန် ညနေသုံးနာရီဆုံမယ် "
"အလောင်းပြန်အပ်တော့မလား "
"ဒီညအသေးစိတ်စစ်ဆေးပြီးမှအကို "
"ကောင်းပြီး ဒါဆိုအကိုသွားပြီး"
ဒေါက်တာZ ကိုနုတ်ကာHan သူဌေးကတော်အိမ်သွားကာ ပီဇာဆိုင်လိပ်စာမေးတော့မှာထားတဲ့ဘောင်ချာစာရွက်လေးပေးတာမို့အဲဒီဆိုင်ကိုထွက်လာခဲ့လိုက်သည်။လူပုံကိုတွေ့လိုက်ပေမဲ့အဲဒီလူကိုတဆိုင်လုံးမသိတာ့ဖြစ်သည်။

မတူညီသောရင်ခုန်သံနှစ်ခုပေါင်းစပ်ခြင်းWhere stories live. Discover now