မတူညီသောရင်ခုန်သံနှစ်ခုပေါင်းစပ်ခြင်း(5)
"Will အန်ကယ် မင်းကိုအထူးကျေးဇူးတင်ပါတယ်ကွာ"
"မဟုတ်တာ သမ္မတကြီးခင်ဗျာ ကျွန်တော်တာ့ဝန်ပါကျေးဇူးတင်စရာမလိုပါဘူး"
"ဒါနဲ့ သတိတော့ထားဦး ဒုသမ္မတကမင်းကို အတော်လေးဒေါသထွက်နေတာသူ့သားအဖမ်းခံရတာ သူလုံးဝမကျေနပ်ဘူး"
"ဒါကတော့ သူ့သားမှာ အပြစ်ရှိတယ်ဆိုတဲ့သက်သေထွက်လာတာဘဲ"
"ဟုတ်ပေမဲ့ သူ့ကိုသတိထားပါ ဒါနဲ့ Will နဲ့တွဲလုပ်တဲ့ဆရာဝန်လေးနဲ့ရောတွေ့လို့ရမလား အန်ကယ်တခါမှမတွေ့ရသေးဘူး"
"ဟုတ်ကဲ့ ကျွန်တော်ချိန်းပေးပါ့မယ့် သမ္မတကြီး ဒါပေမဲ့သူကအာဏာရလူတွေနဲ့သိမ့်မတွေ့ချင်ဘူးလို့တော့ပြောထားတယ် ဘာဘဲဖြစ်ဖြစ်ကျွန်တော်ရအောင်တော့ပြောကြည့်ပေးပါ့မယ် "
"ဟင် အစိုးရဘက်ကလူတွေနဲ့မတည့်ဘူးလား"
"သူက အဲလိုပြောတာဘဲ အစိုးရဘက်ကလူတွေနဲ့အလုပ်မလုပ်ချင်ဘူးတဲ့"
"ဟုတ်လား အဲဒါဆို သူ့သဘောထားလိုက်ပါ သူ့ဘက်ကအဆင်ပြေမှတွေ့မယ်ဟုတ်တယ်တစ်ချို့လူတွေကအစိုးရဘက်ကလူတွေနဲ့မပတ်သတ်ချင်ကြဘူး"
သမ္မတကြီးဆီကနားလည်ပေးတဲ့စကားကြောင့်ကျေးဇူးတင်စကားပြောတော့သူကပြန်ကျေးဇူးတင်ကြောင်းပြောနေသည်။
စကားပြောပြီးဌာနကိုပြန်လာတော့ အကိုYixing ကစကားခဏပြောရအောင်လို့ပြောတာကြောင့် သူ့ရုံးခန်းကရောက်တော့စိုးရိမ်ပုံပေါက်နေတဲ့မျက်နှာပေးနဲ့အတူစကားပြောဖို့အရှိန်ယူနေတာကြောင့်
"အကို ပြောစရာရှိတာပြောပါ အားမနာပါနဲ့"
"ဒေါက်တာ Z အကြောင်းပြောချင်တာ သူက အလွှတ်ထောက်လှမ်းရေးကဆို"
"ဗျာ အဲဒီအကြောင်းတော့မကြားမိပါဘူး အကိုဘယ်ကကြားတာလဲ"
"Suho နဲ့သူ့ညီဖုန်းပြောရင်းပြောနေတာကြားတာ အဲဒီကိစ္စမေးတော့ suho ကမပြောဘူး ဆက်မေးမလို့ခါးခါးသီးသီးဖြစ်နေတာကြောင့်ဆက်မမေးတော့တာဟိုကောင်လေးကတကယ်ဘဲလားမသိဘူး"
"သူ့အဘိုးကိစ္စ စုံစမ်းနေတာတော့သိတယ် "
"သူ့အဘိုး ကိစ္စဟုတ်လား Will"
"ဟုတ်တယ် အကို သူ့အဖိုးကအသတ်ခံရတာလို့သူ့တို့သံသယရှိနေတာ"
"အဲလိုလား အကိုကစပိုင်တွေများလားလို့လေ သူ့တို့က ကနေဒါက လာတာဆိုတော့အကိုလည်းစိုးရိမ်မိလို့မေးကြည့်တာပါ"
"ဟုတ်ကဲ့ ကျွန်တော်စုံစမ်းကြည့်ပါ့မယ်"
နှစ်ယောက်သားစကားပြောနေတုန်း ဒေါက်တာsuho တစ်ယောက်သူ့အထုတ်တွေနဲ့ရောက်လာကာသူ့အဆောင်ပြန်ဖို့ပြောလာတာကြောင့်နှစ်ယောက်လုံးလန့်သွားကာတောင်းပန်တော့သူ့က သူ့ကိစ္စကြောင့်ပြန်မှာလို့ဖြေလာတာကြောင့်ခဏလေးစောင့်ဖို့ပြောပြီး kai လေးကိုဖုန်းဆက်ပြောတော့သူ့ကိုယ်တိုင်လာကြိုတာဖြစ်ကြောင်းအခုသူအဆောက်အဦးရှေ့ရောက်နေကြောင်းပြောတော့မှကာပါကင်အထိလိုက်ပို့နုတ်ဆက်ရသည်။
အကိုဖြစ်သူကားပေါ်ရောက်မှမျက်နှာသေချာကြည့်ကာ
"ကိုလေး ကိုငယ်ဆီသွားမလား ကိုကြီးဆီသွားမလား"
"ငါ့အလုပ်ငါသွားမလို့ နေဦးအငယ်လေး မင်းဘာဖြစ်နေတာလဲ"
"ဟိုလူက ကိစ္စတွေအားလုံးရဲ့တရားခံ က ကိုလေးပါဆိုပြီးလုပ်ဖို့ကြံစည်းနေတာအဲဒါကြောင့် ကိုလေးကိုအဆောင်မပြန်ခိုင်းတာ"
"ကိုလေးက ကလေးလား အဲလိုစောင့်ရှောက်ရအောင်က"
"ဒယ်ဒီနဲ့ မားမားက ကိုလေးဒီကိုလာတာကြိုက်လားပြော ကျွန်တော်ကြောင့်သာကိုလေးတစ်ခုခု ဖြစ်ကြည့် ကိုကြီးရော ဒယ်ဒီနဲ့မားမားရော ကိုငယ်ရောက ကျွန်တော့်ကိုဘဲပြောကြမှာကိုမသိတာလဲမဟုတ်ဘဲနဲ့"
"ငယ်လေးကိုဘယ်သူကအပြစ်တင်မှာလဲ အခုလည်း ကိုလေးတို့သဘောနဲ့ကိုလေးတို့လာခဲ့တာလေ ငယ်လေးခေါ်တာမှမဟုတ်တာ"
"ဒါပေမဲ့ ဒယ်ဒီနဲ့ မားမား ကမကြိုက်ဘူးလေ"
"မကြိုက်တာကငယ်လေးက အငယ်ဆုံးလေးဆိုတော့သူ့တို့နားနေစေချင်ပေမဲ့ ငယ်လေးကကျတော့အာကြီးလူကြီးလုပ်တာကိုး"
"ဒါကတော့ ဒယ်ဒီနဲ့မားမားအပြစ်ဘဲ"
သူ့ဘာသာပြောပြီးကားကိုဂရုစိုက်ပြန်မောင်းနေတဲ့အငယ်လေးကြောင့်suhoမှာစိတ်မဆိုးတဲ့အပြင်ရယ်ပင်ရယ်မိသွားရသည်။ကလေးသာသာရှိသေးပေမဲ့ ညာဏ်အရမ်းကောင်းလွန်းတာကြောင့် သူ့များထက်တော်ပေမဲ့တခါတလေတော့ကလေးကကလေးဘဲမို့စိတ်ကောက်ရင်နုတ်ခမ်းထော်နေတာလေးကချစ်စရာကောင်းနေသည်။
"ငယ်လေး မင်းအခုဘယ်ကိုမောင်းနေတာလဲ"
"ကိုလေး မှ မဆုံးဖြတ်ရသေးတာ ဒီအတိုင်းလျောက်မောင်းနေတာ"
"ကိုကြီးဆီသာ မောင်းတော့ ပြောစရာလေးတွေရှိသေးလို့"
"ဟုတ်ကဲ့ ကိုကြီးဆီသွားပါ့မယ်ခင်ဗျာ"
သူ့သဘောအတိုင်းလိုက်သွားတော့သဘောတွေကျနေတဲ့အငယ်လေးကြောင့်ဒေါက်တာ suho တစ်ယောက်အသာပြုံးမိသည်။
ကိုကြီးဆီရောက်တော့ တိုးတိုး တိုးတိုးနဲ့မှာပြီးနုတ်ဆက်ပြန်သွားတာကြောင့်
"ကိုကြီး ညီ ဘာတွေ မှာကြားနေတာလဲ"
"မင်းကို ဟိုဘက်လူတွေကြံစည်ဖို့ကြိုးစားနေလို့ ရုံးကိုမလာခိုင်းနဲ့တဲ့"
"ကျွန်တော်လည်း သိထားပါတယ်"
"ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ သူတို့ဘက်ကပြသနာရှာရင်ရော"
"ကျွန်တော့်အခန်းရောအလုပ်ခန်းရော cctv ရှိနေပါတယ်ဗျာ"
"အဲဒါတွေက သူတို့ဖျက်လို့ရတယ်လေကွာ"
"သူတို့မသိတဲ့ ကိုကြီး ညီသေးသေးလေးတပ်ထားတာတွေရှိသေးတယ်"
"အငယ်လေးကတော့ကွာဘယ်တော့မှ လူတွေကိုယုံမလဲမသိဘူး"
"Will ကိုတော့ သူယုံသလိုဘဲ"
"Will ဆိုတာ ဘယ်သူလဲ ငယ်လေးနဲ့ဘယ်တုန်းကသိတာလဲ"
"ကိုယ်ရေးအရာရှိ သေတဲ့အမှုမှာသိကြတာ"
"ထောက်လှမ်းရေးက အရာရှိလား"
"ဟုတ်တယ် အဲဒီတစ်ယောက်နဲ့ဆိုစကားပြောဖြောင့်ကြတယ်"
"ဟုတ်လား အဆင်ပြေတာတော်သေးတယ် မဟုတ်ရင်ငါ့ညီအဆိုးလေးကိုမနိုင်ဘူး သူငယ်ချင်းလည်းမထားဘူးကွာ"
ကိုကြီးရဲ့ စကားကြောင့်ပြုံးမိရသည်။တကယ်လည်းကလေးပေါက်ကအသက်ထက်ဉာဏ်ကရှေ့ပြေးနေတာကြောင့်ရွယ်တူသူငယ်ချင်းမထားသလိုလုပ်ဖော်ကိုင်ဘက်တွေကလည်းသူထက်အသက်ထက်ဝက်မကကြီးတဲ့လူတွေနဲ့သာအလုပ်လုပ်ရတာဖြစ်သည်။
အလုပ်မလုပ်ဖို့တားပေမဲ့ လုံးဝမရဘဲ သူ့ဝါသနာပါရာလုပ်နေတာမို့ဒယ်ဒီနဲ့မားမားလည်းဒီအတိုင်းလွှတ်ထားပေးရတာဖြစ်သည်။
တစ်နှစ်တခါတောင်မနည်းဆွဲခေါ်လို့အိမ်ပြန်ရောက်ရင်လည်း ဒယ်ဒီနဲ့သားအဖနှစ်ယောက်မကြာခဏစကားများကြသည်။ဒယ်ဒီကသူ့နယ်ပယ်မှာအတော်ဆုံးခေါင်းဆောင်ဆိုတော့ သူ့စကားနားထောင်မှကြိုက်သလိုအငယ်လေးကလည်းသူ့နယ်ပယ်မှာသူကခေါင်းဆောင်းမို့သားအဖနှစ်ယောက်မကြာခဏစကားများကြတာဘဲဖြစ်သည်။သားအဖလို့ပြောစရာမလိုအောင်ချက်ကျကျလည်းပြိုင်ပြောတတ်ကြတဲ့သားအဖဖြစ်သည်။
YOU ARE READING
Fanfictionမင်းသိလား Z မတူညီတဲ့အရောင်နှစ်ခုကိုပေါင်းရင်တစ်ရောင်ထဲဖြစ်သွားတတ်တယ်လေ