အပိုင်း(10)

31 2 0
                                    

🎄🎄မတူညီသောရင်ခုန်သံနှစ်ခုပေါင်းစပ်ခြင်း(10)🎄🎄

ဆိုင်မှာဖြစ်သွားတဲ့ကိစ္စကြောင့်ကျန်တဲ့မိသားစုဝင်တွေလည်းဘယ်မှထပ်မသွားဘဲအိမ်ကိုဘဲပြန်လာခဲ့လိုက်ကြသည်။အိမ်ရောက်တော့ဒယ်ဒီက
"ကိုလတ် သားဆီမှာ ပြသနာတစ်ခုခုရှိနေတာလား"
"မရှိပါဘူး ဒယ်ဒီ သားစိတ်ထင် ကိုယ်တွင်းအင်္ဂါမှောင်ခိုရောင်းဝယ်တဲ့အမှုများလာသားက xing ဆီသွားတတ်တော့သတင်းပေးထင်သွားတာထင်တယ်"
"အော် အဲဒါကြောင့် သားငယ်ထွက်သွားတာကိုး"
"ဒီအမှုကသူ့အတွက်အရေးပါတယ်လေ သူအရမ်းကြိုးစားထားတာ"
"ဒယ်ဒီက သူ့ကို အဆိပ်အတောက်သုတေသနဘဲလုပ်နေတယ်ထင်တာသူကစုံထောက်ပါလုပ်နေတာလား တကယ်မလွယ်တဲ့ကောင်"
"ဝက်ဝံလေး nini ကြက်ကြော်ဆိုင်ကိုဒယ်ဒီမရောက်သေးဘူးမဟုတ်လား
"အင်း သားငယ်လေးဖွင့်ထားတာဆို"
"ဟုတ်တယ် အဲဒီကိုရောက်ရင်ဒယ်ဒီအံ့သြသွားလိမ့်မယ်နယ်ပယ်ပေါင်းစုံကလူဆိုးတွေအလုပ်ခန့်ထားတာ ဒါပေမဲ့အရမ်းရောင်းရတယ် လူဆိုးတွေဆိုပေမဲ့လုံးဝအပြောချိုရုပ်ချောတွေ ချည်းဘဲ"
"ဘယ်လို နယ်ပယ်ပေါင်းစုံကလူဆိုးတွေ ဟုတ်လား ကြက်ကြော်ဆိုင်ကဘယ်လောက်လူရှိလို့လဲ ကိုလတ်"
"အကြော်ဆရာက ခုနှစ်ယောက် ပစ္စည်းထုတ်ပိုးတာကလေးယောက် စားပွဲထိုးက ၉ ယောက် ပစ္စည်းပို့တဲ့သူက ဆယ်ယောက်အားလုံး အယောက်သုံးဆယ်ရယ် ငွေစာရင်းကိုင်နဲ့မန်နေဂျာပါ ပါရင်သုံးဆယ်နှစ်ယောက်"
"ကြက်ကြော်ဆိုင်လေးက လူအင်းအားအဲလောက်လိုလို့လား"
"ဖေဖေသွားကြည့်ဦး သာမန်ကြက်ကြော်ဆိုင်ထက်လေးဆလောက်ကျယ်တယ်အပေါ်ထပ်လူနေအိပ်ခန်းတွေရဲ့မြေညီထပ်အခန်းလေးခန်းလုံးသူ့ကြက်ကြော်ဆိုင်ဖွင့်ထားတာ သေးသေးလေးတော့မထင်နဲ့ တစ်ရက်ရောင်းအားကဒယ်ဒီဝန်ထမ်းတွေအားလုံးရဲ့တစ်လစာလုပ်အားခရှိတယ်ဗျ"
"ဒါကြောင့် ဒီကောင်က ကိုလေးဝင်ငွေလောက်တော့အေးဆေးလို့ပြောတာကိုး"
"ဟုတ်တယ်ဒယ်ဒီ သားလည်းစသိတုန်းက အံ့သြနေတာ"
"ဒါကြောင့်သူကပြောအားရှိတာကိုး"
မိသားစုတွေလည်း အားလုံးအံ့သြနေုကြရတာဖြစ်သည်သူလိုချင်တာဘာမဆိုလုပ်ယူနိုင်တဲ့သားငယ်ဟာမိဘအပေါ်တောင်မာနထားနိုင်တာကိုးလို့တွေးမိတော့မိသားစုဝင်တွေအားလုံးအတွေးကိုယ်စီနဲ့ငြိမ်သွားကြတော့သည်။
Kai လည်းလုပ်ကြံသူရဲ့ဓားကိုမြင်ကတည်းဘယ်သူလည်းဆိုတာတန်းသိတာကြောင့် will ဆီထွက်လာခဲ့လိုက်ကာလမ်းမှာကတည်းကတွေ့ဖို့ဖုန်းဆက်ထားလိုက်သည်။ဟိုရောက်တော့ will က စောင့်နေကာ Kai ကိုတွေ့တော့
"အရေးကြီးလို့လား ဒေါက်တာZ "
အနားမှာလူတွေရှိလို့ဒေါက်တာZလို့ခေါ်မှန်းသိတာမို့သူတို့အနားလျောက်သွားလိုက်ကာ လက်ထဲကဓားကိုပြလိုက်တော့
"Black Sun က လား ဒီဓားက"
"ကြည့်ရတယ် ဟိုအဖွဲ့နဲ့ black Sun က ပူးပေါင်းနေတာထင်တယ်"
"ဟုတ်လောက်တယ် အဲဒါက ဘယ်လိုရလာတာလဲ ဒေါက်တာZ"
"သူတို့ ဒေါက်တာ Jun ကို သတင်းပေး ထင်ပြီးလာလုပ်ကြံတာလူမြင်ကွင်းမှာအဲဒါကြောင့်သတင်းပေးက သုံးစက္ကန့် ဆိုတဲ့အကြောင်းပြောလိုက်တယ်"
"ဟိုက် အန္တရာယ်ကိုအဲလိုခေါ်ရသလား ဒေါက်တာရာ"
"ဒေါက်တာJun က သတင်းပေးမှ မဟုတ်တာ"
"ဟုတ်ကဲ့ ကျွန်တော်သိပါတယ် ဒါပေမဲ့ သူတို့အန္တရာယ်ပေးလာရင်ရော"
"ကျွန်တော် နံမည်ပြောင်က သုံးစက္ကန့်ဘဲဟာ"
"ဟုတ်ပါပြီးဗျာ မိတ်ဆက်ပေးဖို့မေ့နေတာ ဒီဘက်က Chan တဲ့ အလွတ်စုံထောက်တစ်ယောက်ဘဲ အခုသူက Black Sun အကြောင်းလိုက်နေတာ"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က ဒေါက်တာZ ပါ အကိုအဲဒီအမှုအကိုလက်လျော့ပေးပါ့လား"
"ဟင် ဘာဖြစ်လို့လဲ ဒေါက်တာZ "
"Black Sun ရဲ့ပိုင်ရှင်က အကိုအတွက်အရေးပါတဲ့သူ့ကိုချုပ်ကိုင်ထားတယ်တကယ်လို့ အကိုသာသူ့အကြောင်းသိရင်အဲဒီပိုင်ရှင်ကအကိုရဲ့ချစ်သူကိုထိခိုက်စေလိမ့်မယ် အဲတော့ကျွန်တော်လုပ်မယ်"
"နေဦး သူက baek နဲ့တစ်ခုခု ပတ်သတ်နေတာလား"
"မွေးစား အဖေလေ "
"တကယ်လား baek မွေးစားအဖေက Black Sun ကလား"
"ဟုတ်တယ် အကို Baek ကို ခရီးတစ်ခုအကြောင်းပြပြီးအဲဒီလူနဲ့ဝေးရာခဏခေါ်သွားပေးပါ ကျွန်တော်အလုပ်စတော့မလို့"
"လုံခြုံပါ့မလား အကိုသိသလောက် Baek ရဲ့ဖုန်းထဲခြေရာခံထည့်ထားလေ့ရှိတယ်ဘယ်ရောက်ရောက်သူသိနေတတ်တယ်"
"အကို will ကျွန်တော်တို့ အကိုchan တို့အတွဲကိုကျွန်တော်နေရာခေါ်သွားလိုက်မယ် အဲမှာက ဘယ်သူမှခြေရာခံလို့မရဘူး"
"ကောင်းသားဘဲ Chan အခု baek ကိုခေါ်လိုက်တော့"
"မင်းတို့နေရာက ဘယ်နားမှာဘဲ ငါဘာတွေယူသွားရမလဲ "
"ဘာမှမလိုဘုး အားလုံးရှိတယ် "
"ငါက Baek ကိုအဲမှာထားပြီး မင်းတို့နဲ့ပူပေါင်းမယ် သူ့အတွက်စိတ်ချရရင်ငါလုပ်စရာရှိတာလုပ်ရမှာပေါ့ "
"စိတ်ချ အဲဒီမှာ ကျွန်တော်တြိာအားလုံးအတူရှိနေကြမှာ"
kai စကားကြားတော့ baek ကိုဖုန်းဆက်ခေါ်လိုက်တော့ သူလည်းခါတိုင်းလိုအပြင်သွားမယ်အထင်နဲ့ရောက်လာသလိုသူ့အိမ်ကလည်း အရင်လိုထင်ပြီးလွတ်လိုက်သည်။ဒေါက်တာZ ရဲ့သီသန့်စမ်းသပ်ခန်းရောက်တော့နှစ်ယောက်လုံးအံ့သြနေကြသည်။ဒေါက်တာZရဲ့စမ်းသမ်းခန်းမရောက်ခင်သုံးမိုင်လောက်အလိုကတည်းကခြေရာခံစနစ်တွေပျက်သွားတာကြောင့်မေးကြည့်တော့သူ့စမ်းသပ်ခန်းကသုံးမိုင်ပတ်လည်ခြေရာခံလို့မရအောင်လုပ်ထားကြောင်းပြောပြလာသည်မို့အတော်လေးအံ့သြနေကြသည်။
"ဒေါက်တာ Z ရဲ့အလုပ်ခန်းက လူလည်းမရှိပါ့လား"
"ကျွန်တော် တစ်ယောက်တည်းနေတာ ဒီမှာ ဒီနေရာကိုသိတဲ့လူက ဆယ်ယောက်တောင်မပြည့်ဘူး လေ အကိုတို့မို့လို့ခေါ်လာတာ"
"ဟုတ်လား ကျေးဇူးတင်ပါတယ် ဒါနဲ့ရိုင်းတယ်မထင်ပါနဲ့ ဒေါက်တာZ အသက်ဘယ်လောက်ရှိပြီးလဲ "
"ကျွန်တော် ၂၄ နှစ်ပါ အကို"
"what 24 ဟုတ်လား ကျွန်တော်ထက်ခြောက်နှစ်တောင်ငယ်တာဘဲ"
"ကျွန်တော်ကရင့်တယ်မဟုတ်လား"
"ဒေါက်တာက နံမည်ကြီးတော့ ကျွန်တော်တို့လောက်ထင်နေတာ"
"အတန်းတွေကျော်တတ်လာလို့ပါ ဒီအတိုင်း Kai လို့ဘဲခေါ်ပါ "
"ဟုတ်ပါပြီးဗျာ "
စကားပြောကြည့်တောအကုန်လုံးကအံ့သြနေကြတာဖြစ်သည်။အလုပ်နဲ့ပတ်သတ်ရင်သာလူကြီးဖြစ်နေပေမဲ့တစ်ချို့နေရာတွေကျတော့တော်တော်ကလေးဆန်တာကြောင့်သူ့အသက်အရွယ်ကိုမေးကြည့်တော့မှကိုယ့်ထက်အများကြီးငယ်တာသိရတော့ပိုပြီးအံ့သြနေကြတာဖြစ်သည်။သူ့နေရာလေးမှာနေရတာတကယ်အေးချမ်းတယ်ပြောတော့သူကရယ်ကာသူ့အလုပ်ခန်းမှာတော့တတိယကမ္ဘာစစ်ဖြစ်နေတာလို့ပြောပြသည်။အလုပ်ခန်းကိုတော့အပြင်ကဘဲပြသည်။အထဲမှာအဆိပ်တွေတဲ့ပြည့်နေလို့ဆိုပြီးရယ်ရင်းပြောပြလာသည်။

မတူညီသောရင်ခုန်သံနှစ်ခုပေါင်းစပ်ခြင်းWhere stories live. Discover now