♣️♣️ မတူညီသောရင်ခုန်သံနှစ်ခုပေါင်းစပ်ခြင်း(8)♣️♣️
အတင်းခေါ်တာတောင်မလာတဲ့သားတော်မောင်ကရုတ်တရက်ပြန်ရောက်လာတာမို့ အံ့သြသွားရပေမဲ့ ရောက်ရောက်ချင်း
"မာမီ အခု ဒယ်ဒီ ဘယ်သွားနေလဲ'"
"သား ဒယ်ဒီ လား အပေါ်ထပ်မှာရှိတယ်လေ သားငယ်ရဲ့ဘာဖြစ်လို့လဲ"
"ဒယ်ဒီ နဲ့ ရှင်းစရာရှိလို့ လာတာ"
"ဟဲ့ အလန့်တကြား ဘယ်လိုဖြစ်တာလဲ သားငယ်လေးရယ်"
"ဒယ်ဒီ လုပ်ပုံက မဟုတ်သေးဘူး မာမီရာ"
"ဘာ ဟိတ်ကောင် မင်းကဘာတွေ ရှင်းစရာရှိတာလဲပြောပါဦး"
"ဒယ်ဒီ က ကိုလေးကိုအလုပ်အတူလုပ်ခိုင်းတဲ့ကောင်ကဘာကောင်လဲဆိုတာသိလားတစ်ချိန်က တပည့်ဆိုပေမဲ့အခုဘာတွေလုပ်နေလဲဆိုတာသိလား"
"ဘာ မင်းက ဘာတွေလာပြောနေတာလဲ"
"ကဲသား အေးအေးဆေးဆေးပြော ရှင်လည်းထိုင်သားငယ်လေးလည်းထိုင်ပြီးအေးအေးထိုင်ပြော ဘာတွေဖြစ်နေကြတာလဲ"
ဆိုဖာပေါ်ထိုင်ချရင်း သူ့အဖေဘက်စာရွက်စာတမ်းဖိုင်တွေလို့ထင်ရတဲ့အိပ်ကိုချပေးကာ အဖေဖြစ်သူကို ကြည့်ဖို့ပြောတော့အဖေကလည်း
"ဘာတွေ လဲ အဲဒါတွေက"
"ဒယ်ဒီရဲ့ ယုံကြည်စိတ်ချရပါတယ်ဆိုတဲ့တပည့် ကိုလေးနဲ့လက်တွဲမဲ့ကောင်ရဲ့အချက်အလက်တွေလေ သေချာလည်းကြည့်ဦး"
လင်မယားနှစ်ယောက်စာရွက်စာတမ်းတွေ မှတ်တမ်းပုံတွေကြည့်ရင့်အံ့သြသွားရကာသားဖြစ်သူကိုမယုံသလိုကြည့်ရင်း
"ဒီလိုကိစ္စတွေရှိတယ်ဆိုတာဘာလို့ မင်းအကိုလေးကမပြောတာလဲ"
"အရိပ်အမြွတ်ပြောတာ ဒယ်ဒီဘဲ ငါ့တပည့်ဆိုပြီးလုပ်ခိုင်းတာမဟုတ်ဘူးလား"
"မင်း အကိုလေးက သေချာမှမပြောတာ ဒါနဲ့ဘာဆက်လုပ်မှာလဲ"
"ကိုလေးဘက်မြှားဦးမလှည့်တဲ့နည်းနဲ့ကျွန်တော်ဖြေရှင်းထားတယ်"
"ဒီလိုဆို သားငယ်လေးက အန္တရာယ်ထဲတိုးဝင်သလိုဖြစ်မှာပေါ့"
"လူမိုက်ကို လူမိုက်နဲ့ပေးတွေ့ယုံလေးပါဗျာ"
"ဘယ်လို မဟုတ်သေးဘူး ဒီကိစ္စ ဒယ်ဒီရှင်းလိုက်မယ်"
"ရတယ် ကျွန်တော်လုပ်ထားပြီးပြီး "
"မင်းကတော့ကွာ ပြောပါဦး ဒယ်ဒီကိုဘယ်တော့မှအားကိုးမှာတုန်းကွ"
"ဒယ်ဒီဘဲ ယောက်ျားဆိုတာ ကိုယ်ပြသနာကိုယ်ရှင်းဆို"
"အဲဒါကသားတွေပျော့ညံ့မှာစိုးလို့ပြောတဲ့စကားလေကွာအခုဟာက"
"ဒယ်ဒီသက်သာတာပေါ့ မဟုတ်ဘူးလား"
"သားငယ် ဒယ်ဒီအပေါ်တစ်ခုခု များ မကျေနပ်တာမျိုးရှိလား"
"ဟုတ်ကဲ့"
"အဲဒါဆို အခုကြုံတုန်းပြောပါ့လား ဘာကိုမကျေနပ်တာလဲဆိုတာကိုပေါ့"
"သားတို့ ညီအကိုတွေရော မာမီရောက ကိုးရီးယားမှာနေချင်တာ ဒယ်ဒီဘဲခေါင်းမာနေတော့ မာမီက ဒယ်ဒီနဲ့နေနေရတာပေါ့"
"အာ အဲဒါလား ကောင်းပြီး သားငယ်လေးသဘော ဒယ်ဒီပြောင်းနေပေးမယ်"
"ဟမ် တကယ်ကြီးလား ဒယ်ဒီ"
"သားငယ်လေးကို ဒယ်ဒီကလိမ်ပါ့မလားကွ"
"ရုတ်တရက်ကြီးဆိုတော့အံ့သြတာပါ ဒယ်ဒီရာ ဒီမှာဘဲနေပါ သားတို့က ကလေးမှမဟုတ်တော့တာ မာမီနဲ့ဒယ်ဒီအဆင်ပြေတဲ့နေရာမှာနေပါ ဒီအတိုင်းသားကသေးသေးလေးကတည်းက လူကြီးလုပ်နေရတော့ စိတ်ထဲရှိတာပြောတာပါဗျာ သားတာဝန်တွေကိုလက်လျော့လိုက်ချင်ပြီး သာမန်လူတစ်ယောက်လိုနေချင်တယ်ဒါပေမဲ့ နေလို့ကလည်းမရလို့ ပြောထွက်သွားတာပါ"
"သားငယ်လေးရာ ပင်ပန်းရင်လည်း ပင်ပန်းတယ်ပြောပါ မာမီတို့ကသားငယ်လေးအတွက် အရေးပါတဲ့လူဖြစ်ချင်တယ်ကွယ်"
"အယ် ဟို မာမီက သားအတွက်အရေးပါပါတယ်ဗျ"
"ဟုတ်ပြီး သားငယ် တစ်လတော့အချိန်ပေးဒီကကိစ္စတွေအားလုံးဖြတ်ပြီးတဲ့အထိပေါ့ ပြီးရင် Kim စံအိမ်အငှားတင်ထားတဲ့ကိစ္စလည်းလုပ်ရဦးမယ်နောက်လကစပြီး papa တို့အတူနေကြတာပေါ့သားငယ်လေး"
"ကျေးဇူးတင်ပါတယ် ဒယ်ဒီ"
"ဒါနဲ့ ငါ့တို့သားငယ်လေး will နဲ့ဘယ်လိုလဲ ဒယ်ဒီလိုက်ပြောပေးရတော့မလားအဆင်ပြေနေကြပြီးလား"
"ဟမ်း ဘယ်က will ကိုပြောနေတာလဲ ဒယ်ဒီ"
"Oh sehun လေသား သဘောကျနေတာမဟုတ်လား"
"မဟုတ်ပါဘူး ဒယ်ဒီကလည်း ဘာတွေလျောက်ပြောနေတာလဲဗျာ"
"သားငယ်လေးကို ဒယ်ဒီစောင့်ကြည့်နေတာပါကွာ သားငယ်လေးကတခြားသူကိုမယုံတာ will ကိုတော့ ယုံတယ်မဟုတ်လား"
"ယုံတာနဲ့ သဘောကျရောလား ဒယ်ဒီကလည်း"
"ဒယ်ဒီဆို တခြားဘယ့်သူု့ကိုမှမယုံပေမဲ့ မင်းမာမီကိုတော့စတွေ့ကတည်းကယုံခဲ့တာဘယ်လောက်မထိလဲဆိုရင် ဘယ်သူ့ကိုမှမပြောဖူးတဲ့စကားတောင်မင်းမာမီကိုပြောဖူးတယ်လေ သားငယ်"
"သားသဘောကျတယ်ဆိုရင်ရော ဒယ်ဒီနဲ့မာမီက သဘောတူလား"
"သားငယ်လေးပျော်ရွှင်ဖို့ဆို ဒယ်ဒီတို့ကသဘောတူပါတယ်ဗျာ"
"ဟုတ်ကဲ့ ဒါပေမဲ့စောပါသေးတယ် သားတို့အလုပ်တွေများနေသေးလို့"
"ဒယ်ဒီ ကူညီပေးဖို့လိုသေးလား သားငယ်"
"အခုတော့မလိုသေးပါဘူး ဒယ်ဒီ ဟိုသားခဏနားဦးမယ် သုံးရက်လောက်မအိပ်ရသေးဘူး ဘယ်အခန်းနားလို့ရလဲ"
"သားငယ်အခန်း မှာ နားလို့ရတယ် မာမီရှင်းထားပြီးသား"
"ဟုတ်ကဲ့ မာမီသားသွားနားဦးမယ်"
နားမယ်ပြောပြီးထအရပ်ယိုင်ကျသွားတဲ့သားငယ်ကြောင့်အဖေဖြစ်သူကဖေးမပေးကာသူ့သားငယ်ကိုစိုးရိမ်စွာကြည့်ရင်းနဖူးလေးကိုစမ်းပြီးမှ
"သားငယ်ကွာ ဖျားနေတာကိုမပြောဘူး မာမီဆေးသေတ္တာယူခဲ့ကိုယ်သားငယ်အခန်းထဲပို့ပေးမယ်"
"ပင်ပန်းလို့ပါ ဒယ်ဒီရာ သားအဆင်ပြေပါတယ်"
"ခေါင်းမာချက်ကတော့ လာ ဒယ်ဒီကိုအားပြုပြီးအခန်းထဲသွားရအောင်"
အခန်းထဲရောက်တော့ ဒယ်ဒီကိုယ်တိုင်အဝတ်အစားလဲရေပတ်တိုက်ပြီးသက်တောင့်သက်သာအဝတ်လေးဝတ်စေကာဆေးထိုးဆေးတိုက်လုပ်ပြီးလင်မယားနှစ်ယောက်လုံးသားငယ်အနားမှာဘဲစောင့်နေပေးကြသည်။
"ကို သားငယ်လေးက ကျွန်မတို့ကိုချွဲရမှာရှက်နေသလိုဘဲ"
"ဟုတ်တယ်ကိုလည်းသတိထားမိတယ်သူ့အကိုတွေချွဲတာတွေ့ရင်တောင်သူကရှက်နေသေးတာ တကယ့်ကောင်လေး"
"ကို သားငယ်ကိုပြောနေတာတွေက တကယ်လား ဟိုမှာပြောင်းနေဖို့"
"သားငယ်နုတ်က ပထမဆုံးတောင်းဆိုတာဆိုတော့ကိုဖြည့်ပေးချင်တယ်"
"ဟုတ်တယ် တကယ်က သားငယ်ကဘာမှမပြောပေမဲ့ သူ့အသက်အရွယ်ကကျွန်မတို့ကိုချွဲပြီးဆိုးရမဲ့အရွယ်လေးဘဲလေ"
လင်မယားနှစ်ယောက်နေမကောင်းဖြစ်ပြီးအိပ်နေတဲ့သားငယ်မျက်နှာလေးကြည့်ရင်းစိတ်မကောင်းဖြစ်နေမိသည်။စမ်းသပ်မှုအောင်မြင်လို့ရတဲ့ကလေးဆိုပေမဲ့သားငယ်လေးက လင်မယားနှစ်ယောက်လုံးရဲ့သွေးသားမို့သားငယ်လေးကိုချစ်ပေမဲ့ သူ့ကသူ့ကိုဗိုက်ထဲကမွေးတာမဟုတ်လို့မေမေတို့ကမချစ်ဘူးထင်တယ်လို့သူ့အကိုငယ်ကိုပြောတဲ့အကြောင်းကြားကတည်းကစိတ်မကောင်းဖြစ်နေခဲ့တာဖြစ်သည်။အခုတော့ကလေးစိတ်ချမ်းသာအောင်လုပ်ပေးဖို့ဆုံးဖြတ်ထားလိုက်သည်။မဟုတ်ရင်သားငယ်ကအတွေးလွန်နေတော့မှာဖြစ်နေသည်။
YOU ARE READING
Fanfictionမင်းသိလား Z မတူညီတဲ့အရောင်နှစ်ခုကိုပေါင်းရင်တစ်ရောင်ထဲဖြစ်သွားတတ်တယ်လေ