မတူညီသောရင်ခုန်သံနှစ်ခုပေါင်းစပ်ခြင်း(13)
"သူဌေး ဟို ကျွန်းကအိမ်ကိုဗုံးခွဲတာ သုံးစက္ကန့် မဟုတ်ဘူးတဲ့"
"ဘာပြောတယ် သုံးစက္ကန့်မဟုတ်ဘူး ဟုတ်လား အဲဒါဘာစကားလဲ"
"ကြက်ကြော်ဆိုင်ကိုသွားစုံစမ်းခိုင်းတော့ သုံးစက္ကန့်ဆိုတဲ့ ဒေါက်တာZရဲ့ပုံအမှန်ထွက်လာတယ် ဒီမှာပါ ဆရာ"
တပည့်ဖြစ်သူပေးလာတဲ့ပုံကိုကြည့်လိုက်ပြီးအံ့သြသွားရသည်။ဒါက သုံးစက္ကန့်အမှန်ဆိုရင် ကျွန်းမှာလူလည်ကျသွားတာဘယ်သူလဲဆိုတာတွေးနေမိသည်။
"မင်း တစ်ချက်စုံစမ်းကြည့် အဲဒီတစ်ယောက်ကဘာလဲဆိုတာ"
"ဟုတ်ကဲ့ ကျွန်တော် လူလွှတ်ထားပြီးပါပြီး သူဌေး"
"သူ့ဆိုင်ကိုဗုံးခွဲမဲ့ကိစ္စရော ဘာတွေစီစဉ်နေပြီးလဲ"
"လူလွှတ်ထားတာ နှစ်ရက်တော့ရှိပြီး ခုထိဘာမှမကြားရသေးဘူးသူဌေး"
"အေး မြန်မြန်လုပ်ခိုင်း"
"ဟုတ်ကဲ့ပါ ကျွန်တော်သေချာစီစဉ်ထားပါတယ်"
"မင်းတို့အလုပ်ကိုသေချာလေးလုပ်ကြ"
"ဟုတ်ကဲ့ပါသူဌေး"
"မင်းရံ့ အကိုလေးရော ဘာတွေအလုပ်များနေတာလဲသိလား"
"အကိုလေးက ဟိုကောင်တွေကိုလိုက်ရှာနေတာပါ သူဌေး ကြည့်ရတာ ဟိုကောင်တွေက အကိုလေးကိုလိမ်သွားကြတာထင်တယ်"
"သတိတော့ထားလို့ပြောလိုက်ဦး သူဘာသာသွားတယ်ဆိုပေမဲ့ဟိုလူတွေကြကျားချောင်းချောင်းနေကြတာသူတို့လိုချင်ရရင် သတ်ဖို့လဲဝန်မလေးကြဘူး"
"ဟုတ်ကဲ့သူဌေးကျွန်တော်သေချာလေးပြောလိုက်ပါ့မယ်ခင်ဗျာ"
သူဌေးဆီကထွက်လာတာနဲ့အကိုလေးဆီဖုန်းဆက်ကာ သူဌေးပြောတာတွေပြောပြတော့အကိုလေးကရယ်ကာ မင်းတို့သူဌေးကအစိုးရိမ်လွန်တာပါကွာလို့ပြောရင်းရယ်နေသေးသည်။
သူဌေးကအကိုလေးကိုအရမ်းချစ်ပေမဲ့အကိုလေးကတော့ဘာသိဘာသာနေတတ်တာမို့သားအဖဆိုတာသိတဲ့သူနည်းတာလည်းဖြစ်သည်။
စကားပြောနေတုန်းကြက်ကြော်ဆိုင်ကိုစောင့်ခိုင်းထားတဲ့လူနှစ်ယောက်ရဲ့မိန်းမတွေဆီကဖုန်းဆက်လာလို့နားထောင်လိုက်တော့ သူတို့အမျိုးသားတွေအခုထိပြန်မလာသေးတဲ့အကြောင်း ဖုန်းဆက်လို့မရတဲ့အကြောင်းပါပြောလာတာမို့ ဟိုနှစ်ယောက်ကိုဆက်ကြည့်တော့လည်းမရတာမို့ အဲဒီဆိုင်ဘက်ကိုထွက်လာခဲ့လိုက်သည်။
ဆိုင်ကပုံမှန်လည်ပတ်နေတာဘဲတွေ့ရတာမို့အံ့သြသွားရသည်။၊ဟိုနှစ်ယောက်ဖုန်းကလည်းခေါ်လို့မရတာကြောင့်ဆိုင်ထဲဝင်ထိုင်ကာကြက်ကြော်မှာစားရင်းအကဲခတ်နေစဉ် သုံးစက္ကန့်အမည်ခံပြီးကျွန်းကိုဖောက်ခွဲတဲ့တစ်ယောက်ကိုတွေ့လိုက်ရတာမို့အံ့သြကာကြည့်နေတုန်းကောင်လေးတစ်ယောက်က ထိုလူရှေ့သွားရပ်ကာ
"hyung အထဲမှာ သခင်လေးရောက်နေတယ် "
"ဟုတ်လား ကိစ္စရှိလို့လား မင်းအကိုလေးက "
"hyung လုပ်ရမဲ့ အရေးပေါ် ကိစ္စရှိတဲ့လို့တော့ သခင်လေးက ပြောတယ်"
"အေး ဒါနဲ့ ဟိုပေါက်စရော ရောက်လာသေးလား"
"ကိုကိုလေးက သူ့စမ်းသပ်ခန်းထဲမှာ အဆိပ်တစ်မျိုးကို သုတေသနလုပ်နေတာ သုံးရက်ကြာမြှပန်ရောက်လာမယ်ပြောတယ် "
"အဲဒီပေါက်စဟာလေး စမ်းသပ်ခန်းကိုသူ့ချစ်သူများထင်နေတာလားဘဲ"
"Hyung အရေးကြီး ကိစ္စရှိလို့လား ကျွန်တော်ဖုန်းဆက်ပေးမယ်လေ"
"အရေးမကြီး ပါဘူးကွာ သူအဲလိုသာ စမ်းသပ်ခန်းမှာနေနေရင် သူဆိုင်ကိုသူများဗုံးလာခွဲတော့မယ်လို့ပြောလိုက်"
"hyung ပြောတာတောင်နောက်ကျသေးတယ် လာပြီးသွားပြီး hyung ရေ"
"ဘာ လာပြီးသွားပြီးဟုတ်လား ဘယ်သူလာတာလဲ ဘယ်အဖွဲ့ကလဲ"
"ကျွန်တော်ထင်ထားတာကတော့ ဟိုလူတွေဘဲထင်တယ်"
"ကြည့်ရတာ အိမ်မီးရှို့ခံချင်တယ်နဲ့တူတယ် "
သူ့ဘာသာပြောရင်းသဘောကျနေတဲ့ hyung ကြောင့်ဆိုင်ကဝန်ထမ်းတွေအားလုံးသဘောကျသွားရသည်။hyung က ကိုကိုလေးအတွက်ဆို သေဆိုသေပေးမဲ့သူဆိုတာတစ်ဆိုင်လုံးသိသလို တစ်ဆိုင်လုံးကလူတွေကလည်း ကိုကိုလေးအတွက်ဆိုသေပေးမဲ့သူတွေချည်သာဖြစ်နေသည်။
စကားပြောနေတုန်း လူတစ်ယောက်မီးဖိုးခန်းထဲက ထွက်လာကာ
"ရောက်လာရင် အထဲကိုခဏဝင်လာတာမဟုတ်ဘူး အရေးကြီးပြောစရာရှိတယ်"
"ဟုတ်လား အဲဒါကြောင့်ထင်နေတာစိတ်ထဲက အခုဘဲဝင်လာတော့မလို့ပါဗျာ"
"ငါခေါ်တာမဟုတ်ဘူး ကိုကိုငယ်ခေါ်နေတာကွ"
"ကိုကို ငယ်က ရောက်နေတာလား"
"ဟုတ်တယ် ကိုကိုလေး အိမ်ပြန်မလာလို့ဆိုင်ကိုလာကြည့်တာကွ"
"အဲလိုလား ဒါဆိုလည်း သွားရအောင်"
သခင်လေးဆိုတာ သုံးစက္ကန့်လို့ထင်ထားပေမဲ့သူတို့ပြောတဲ့ပုံက ကိုကိုလေးဆိုတာကပိုပြီး သုံးစက္ကန့်ဖြစ်နိုင်ချေများတာမို့စမ်းသပ်ခန်းနေရာကိုရှာကြည့်ဖို့သာတွေးထားပြီးပြန်ထွက်လာခဲ့လိုက်သည်။
ဟိုလူပြန်ထွက်သွားတော့မှkai တစ်ယောက်မဲ့ပြုံးလေးပြုံးလိုက်ကာစမ်းသပ်ခန်းကထကာဆိုင်ကိုပြန်ဖို့လုပ်တော့ အခြေအနေကြည့်နေတဲ့ xing hyung
"အကို ပါ လိုက်ခဲ့မယ် kai လေး"
"နေပါ ကျွန်တော်ဘဲသွားမယ် လုပ်စရာလေးရှိလို့ xing hung က ယုန်ပေါက် hyung ကိုသာ ဂရုစိုက်လိုက်ပါ ကျွန်တော်အတွက်ကရိုးနေပြီး"
သူ့ဘာသာပြောပြီးထွက်သွားတဲ့ကောင်လေးကိုအားလုံးကခေါင်းခါရင်သာကျန်နေခဲ့ကြသည်။kai တစ်ယောက်ဆိုင်ရောက်တာနဲ့ဆိုင်ဝက အနီရောင်ခလုတ်လေးက်ုနိတ်လိုက်ကာအတွင်းခန်းဝင်သွားတာမို့အထာနပ်နေတဲ့ဝန်ထမ်းအကြီးတွေလည်းသူ့နောက်အားလုံးလိုက်သွားကြသည်။
အခန်းထဲရောက်တော့တံခါးကိုပိတ်လိုက်ရင်းအားလုံးကိုတစ်ချက်ကြည့်ကယ
"ဟိုရက် ကလူနှစ်ယောက်ကဘာတွေ ဝန်ခံပြီးလဲ"
"black Sun က ငွေပေးပြီး လုပ်ခိုင်းတာလို့ပြောတယ် ကိုကိုလေး"
"ထင်သားဘဲ အဲလိုဆိုတာ ဒါနဲ့ ဒီနေ့ သူ့အတွင်းရေးမှူးရောက်လာတာသိလား"
"ဟုတ်ကဲ့ သိလို့တမင်ပြောလိုက်တဲ့စကားတွေရှိတယ် အကိုလေး"
"ဘာဘဲဖြစ်ဖြစ်ဒီရက်ပိုင်း သတိထားပါ နောက်သုံးရက်ဆို Black Sun က ရဲစခန်းတွေအချုပ်ခန်းတွေနဲ့မိတ်ဆက်တော့မှာလေ"
"သုံးရက်အတွင်းဖြေးရှင်းတော့မှာ ဟုတ်လား ကိုကိုလေး"
"ဟုတ်တယ်လေ သက်သေတွေ အားလုံးရနေပြီးဘဲ ဟာ"
"ဟုတ်လား ကျွန်တော်တို့ဘယ်ဟာကစပြီးပြင်ဆင်ထားရမလဲ ကိုကိုလေး"
"minhyun hyung တို့ မိဘတွေ ကိစ္စကနေ အရင်စပြီး တခြားအမှုတွေကိုတန်းစီပြီးဖော်ထုတ်ကြတာပေါ့ မကောင်းဘူးလား"
"ကောင်းပါပြီး ကိုကိုလေး ပြင်ဆင်ထားလိုက်ပါ့မယ်"
ကိုကိုလေးက မှာစရာရှိတာမှာပြီးထွက်သွားတော့ ကိုယ်တွေလည်းသက်သေအားလုံးကိုစုထားပြီး ကိုကိုလေး အချက်ပြမဲ့အချိန်ကိုအဆင်သင့်စောင့်နေလိုက်သည်။
ESTÁS LEYENDO
Fanficမင်းသိလား Z မတူညီတဲ့အရောင်နှစ်ခုကိုပေါင်းရင်တစ်ရောင်ထဲဖြစ်သွားတတ်တယ်လေ