♣️ မတူညီသောရင်ခုန်သံနှစ်ခုပေါင်းစပ်ခြင်း(7)♣️
စာရွက်စာတမ်းတွေရကတည်းကပြုံးရွှင်နေတဲ့ papa တဖြစ်လဲ ဦးငယ်ကြောင့်sehun တစ်ယောက်ကြိတ်ပြုံးမိသည်။သူ့လက်ထဲကစာရွင်စာတမ်းအားလုံးကအတုတွေဆိုတာသာသိရင်ဘယ်လောက်ဒေါသဖြစ်လိုက်မလဲလို့တွေးနေမိသည်။လုပ်ငန်းအကြောင်းအသေးစိတ်စစ်ဆေးပြီးမှတရားဝင်ကြေငြာမှာမို့sehun
မှာ စိတ်ရှည်ရှည်ထားပြီးစောင့်နေရသည်။
"သား သွားစရာရှိနေတာလား"
"ဟုတ်ကဲ့ Papa ဒီအမှုက အရေးကြီးလို့ အဲဒါ"
"ဘာအမှုထပ်ဖြစ်လို့လဲ သားရ Papa လည်းမအားတာနဲ့ သတင်းမကြည့်မိဘူးသတိထားလုပ်နော် ဘယ်လောက်တော်တော်သတိထား"
"ဟုတ်ကဲ့ papa အခုက လူသိမခံတဲ့အမှုဖြစ်နေလို့ သားမပြောပြလို့ရလား"
"ရပါတယ်ဗျာ ကဲသွားသွား ဂရုစိုက်ဦး"
အမှုရဲ့တရားလိုက ကျွန်တော် တရားခံကခင်ဗျာဆိုတဲ့စကားကိုပြောချင်နေပေမဲ့မနည်းသည်းခံနေရသည်။ရုံးမသွားဘဲ kai လေးကစမ်းသပ်ခန်းကိုထွက်လာလိုက်သည်။သူ့ဆရာအဖမ်းခံရပြီးကတည်းက ဟိုအလုပ်ကတရားဝင်ထွက်ကာသူ့ရဲ့စမ်းသပ်ခန်းမှာသာနေနေတာဖြစ်သည်။ဟိုရောက်တော့ဒေါက်တာ suho
ကိုရော တခြားအကိုနှစ်ယောက်ပါ ရောက်နေတာကြောင့်
"ဒီနေ့ လူစုံနေပါ့လား ဒေါက်တာတို့"
"လူစုံ ဆို ဟို ဝက်ဝံပေါက်လေးဖျားနေလို့ ငါ့ညီရေ"
အကိုအကြီးဆုံး Kim xiumin ရဲ့စကားကြောင့်အံ့သြသွားရသည်။sehun နဲ့သိလာတဲ့တစ်လျောက်လုံးနေမကောင်းလို့ဆိုတဲ့စကားကိုပထမဆုံးအကြိမ်ကြားရတာကြောင့်ဖြစ်သည်။
"အခု အိပ်နေတာလား kai လေးက"
"ဘယ်က အိပ်မှာလဲ စမ်းသပ်ခန်းထဲမှာ နေမကောင်းပေမဲ့ အလုပ်ကအရေးကြီးတယ်တဲ့နားခိုင်းလို့မရဘူးအဲဒီကောင်လေးက"
"ကျွန်တော်ပြောကြည့်ရမလား"
"ဟုတ်တာဘဲ kai လေးက will ကိုခင်တာဘဲ ပြောကြည့်ပါ့လား"
"ကျွန်တော်နံမည် sehun ပါ အကို will အလုပ်လုပ်တဲ့နံမည်ပါ"
"sehun ဆိုတော့ နေဦး အန်ကယ်ရဲ့သားပေါ့"
"ဟုတ်ပါတယ် ကျွန်တော်လည်းအဖြစ်မှန်တွေ သိတာမကြာသေးဘူး"
"ဟုတ်လား အန်ကယ်တော့ ဝမ်းသာနေတော့မှာ"
"papa ကအခု စိတ်ခံစားချက်နှစ်မျိုးဖြစ်နေတာ hynug ရေ တစ်ဘက်ကညီအရင်းဖြစ်နေတော့ စိတ်မကောင်းဖြစ်နေတာ"
"ဟုတ်တာပေါ့ Sehun က ဘဲ နှစ်သိမ့်ပေးလိုက်ပါ"
"ဟုတ်ကဲ့ hynng "
"အမှုတွေပြီးသွားမလို့နားရမယ်ထင်တယ် ထပ်တိုးပြန်တာပေါ့"
"ဒီတခါတော့ ကျွန်တော်မလုပ်ချင်ပေမဲ့လုပ်ရမဲ့ ကိစ္စဖြစ်နေတယ်"
"မလုပ်ချင်လည်းရတာဘဲ ကျွန်တော်လုပ်ပေးမယ်"
ပြောရင်းအနားရောက်လာတဲ့ kai လေးကသူ့လက်ထဲကခွက်ကိုလှမ်းပေးရင်း
"သောက်ကြည့် ဒီနေ့မှ စမ်းသပ်ထားတာ"
"အဆိပ်ဖြေဆေးလား"
"ဟင့်အင်း အရက် အရမ်းမမူးပေမဲ့ အမှန်တရားတွေတော့ပြောထွက်မဲ့အရက်"
"ဘယ်လို အမှန်တရားတွေပြောထွက်မဲ့အရက် ဟုတ်လား"
"အင်း ကလေးတွေစကားပြောနည်းရင်ဒါမှမဟုတ်နှေးရင်တိုက်တဲ့ဆေးမျိုး"
သူ့ဘာသာပြောရင်းဘာတွေးမိသွားလဲမသိထရယ်နေတာကို အကိုသုံးယောက်ကအခုမှမြင်ဖူးသလိုဝိုင်းကြည့်နေကြသည်။
"ဟမ် ဘာတွေ ကြည့်နေကြတာတုန်း ကျွန်တော်ရယ်တာကထူးဆန်းလို့လား"
"ထူးဆန်းတာပေါ့ မင်းကဘယ်တုန်းပအခုလိုရယ်လို့တုန်း"
"ဟမ် ကျွန်တော်လည်း လူဘဲဟာ ကိုကြီး တို့လုပ်မှဘဲ"
"စတာ ပါကွာ ဒါနဲ့ ဘာလို့ထရယ်တာလဲ"
"အရက်အကြောင်းပြောတာလား ကလေးဆေးအကြောင်းပြောတာလားလို့တွေးရင်းသဘောကျသွားလို့ရယ်တာဘဲ"
"ဟုတ်ပါပြီး ဒါနဲ့ ဒီအရက်က ဘာအတွက်လဲ"
"အကို Sehun ရဲ့ ဦးလေးအတွက် အဲနေ့ကျရင် သူ့ဘာသာစကားလွန်အောင်ပေါ့တခြားလူပြောရင်လူတွေကမယုံကြဘူးလေ"
"တကယ့်ကောင်လေးဘဲ sehun ကိုလည်းမေးဦးသူကသဘောတူရဲ့လား"
"ဟုတ်ကဲ့ ကျွန်တော် သဘောတူပါတယ်ဗျာ"
Kai ကဘာမှတောင်စ မမေးရသေးဘဲထဖြေလိုက်တဲ့ sehun ကြောင့်အကိုတွေကသဘောကျကာအသွင်တော့သားဘဲနစ်ယောက်သားဆိုပြီးပြောနေသည်။
အကိုကြီးနဲ့အကိုလတ်ကအလုပ်ရှိလို့ပြန်သွားကြပေမဲ့ကိုလေးကကျန်နေခဲ့သည်။ပြောစရာလေးရှိလို့ကျန်ခဲ့ကြောင်းသိတာမို့ဘာမှမပြောဘဲနေလိုက်သည်။
"kai လေး အကိုပြန်တော့မယ်"
"ဟုတ်ကဲ့သတိထားနော် အကို အခုအချိန်က သတိရှိတာအကောင်းဆုံးဘဲ"
"ဟုတ်ပါပြီး ဗျာ kai လေးလည်း ဂရုစိုက်"
"ကျွန်တော်ကိုကျတော့ရုံထိလို့မရဘူး သူတို့မမြင်တဲ့နေရာမှာကျွန်တော်လူတွေရှိတယ် သိလား အကိုနောက်မှာလည်း နှစ်ယောက်ရှိတယ်"
"ဟေ ဘယ်လို"
"အကို ကိုစိတ်မချလို့လေ အကိုမသိအောင်ပါ စိတ်ချအကို့ကိုအနှောက်အယှက်ပေးမှာမဟုတ်လို့စိတ်ချပါ"
"အကိုသိပါတယ်ကွာ ဒါဆိုအကိုသွားပြီး"
အကိုsehun ပြန်သွားတော့ ကိုလေးက kai လေးကိုသေချာကြည့်နေတာမို့
"ကိုလေး တစ်ခုခုပြောစရာရှိတယ်မဟုတ်လား ပြောပါ"
"ငယ်လေး ကိုလေး ဘာဆက်လုပ်ရမလဲ အကြံတောင်းမလို့"
"ဗျာ တစ်ခုခု ဖြစ်လို့လား ကိုလေး"
"ဒယ်ဒီ အသိတစ်ယောက်က ကိုလေးဆီရှယ်ယာဝင်ဖို့လာတယ်ဒယ်ဒီကလည်းပူပေါင်းပေးဖို့ပြောလာတယ် ဒါပေမဲ့ ပြသနာရှိနေလို့"
"ဗျာ ဘာပြသနာလဲ ကိုလေး"
"အဲလူကို ကိုလေးနောက်ကြောင်းစုံစမ်းကြည့်တော့ တရားမဝင်ကိုယ်တွင်းအင်္ဂါရောင်းဝယ်ရေးလုပ်နေတာတဲ့ ကိုလေးငြင်းလိုက်တော့ ဒယ်ဒီဆီကဖုန်းလာတယ်ချက်ချင်းလက်ခံလိုက်ဖို့"
"ဒယ်ဒီ က ရူးနေတာလား မိတ်ဆွေ ဆိုတာနဲ့ဘဲလက်ခံရလား"
"အဲဒါ ဘာဆက်လုပ်ရမလဲ"
"ငြင်းလိုက် ကိုလေး ကို ပြသနာရှာရင် ကျွန်တော်လုပ်မယ်"
"ငယ်လေး က ဘယ်လိုလုပ်မလို့လဲ တော်ကြာ ဒယ်ဒီနဲ့သတ်နေရမယ်"
"ရတယ် ကျွန်တော်တို့ ဖြစ်နေကျဘဲ ကိုလေးတော့သတိထား"
"အင်းပါ ကွာ ငယ်လေး အကိုကြီးနဲ့ ကိုလတ်မသိသေးဘူး"
ူ"မပြောနဲ့တော်ကြာဘာမှမလုပ်ရသေးခင် ဒယ်ဒီနဲ့ပြသနာဖြစ်မယ်"
"ငယ်လေးရေ မပြန်တော့ဘူးလား အိမ်ကို"
"ဒီမှာနေရတာပိုကြိုက်တယ် ကိုလေး"
ငယ်ကတည်းက ဒီရောက်နေတော့ ဒီမြေကိုပိုချစ်တာကို မာမီက အရမ်းသဘောကျပေမဲ့ ဒယ်ဒီကတော့သိမ့်မကြိုက်ပေမဲ့သားသမီးကိုကိုယ်ပိုင်လွှတ်လပ်ခွင့်ပေးထားတာကြောင့်အခုလိုနေနိုင်ကြတာဖြစ်သည်။
မိသားစုဆုံချိန်ကတော့နှစ်သစ်ကူးချိန်ရယ် ဒယ်ဒီနဲ့မာမီရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ဘဲဖြစ်သည်။မွေးနေ့တွေဆိုရင်တောင်onlineပေါ်ကဆုတောင်းပေးကြတာဖြစ်သည်။ငယ်လေးရဲ့မွေးနေ့က အဖေအမေ ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့မို့ငယ်လေးမွေးနေ့တော့အတူဆုံဖြစ်ကြတာဖြစ်သည်။
KAMU SEDANG MEMBACA
Fiksi Penggemarမင်းသိလား Z မတူညီတဲ့အရောင်နှစ်ခုကိုပေါင်းရင်တစ်ရောင်ထဲဖြစ်သွားတတ်တယ်လေ