အပိုင်း(4)

34 2 0
                                    

🐹 မတူညီသောရင်ခုန်သံနစ်ခုပေါင်းစပ်ခြင်း(4) 🐹

"ဘယ်လိုလဲ will သမီးကိုသတ်တဲ့လူကို စုံစမ်းလို့ရခဲ့လား"
"ရတယ် အန်တီ သက်သေအတိအကျတော့ မထွက်လာပေမဲ့အဲဒီလူဆိုတာသေချာသလောက်ရှိတယ် ပြီးတော့ အဲဒီလူက အန်တီအသိဘဲ"
Will ဆီကစကားကြောင့်အံ့သြသွားရသည်။အသိတွေထဲကကိုယ့်ကိုမကျေနပ်တဲ့လူဆိုတော့ ဟိုတစ်ယောက်လားဒီတစ်ယောက်လားလိုက်တွေးနေမိသည်။
"နံမည်ပြောလို့ ရမလား Will "
"ခဏလောက်စောင့်ပေးပါ့လား ကျွန်တော်သက်သေရှာနေလို့"
"ပိုရလွယ်အောင်အန်တီ့ဘက်က ဖန်တီးပေးလို့ရတယ် Will"
"အတိအကျမဟုတ်သေးလို့မဖြစ်နိုင်တာလဲရှိတယ်ဆိုတာအန်တီလက်ခံလား"
"လက်ခံတယ် Will "
"Min taejun ဆိုတဲ့ ခေါင်းဆောင်ပါအန်တီ"
"အဆိပ်အတောက်စစ်ဆေးရေးဌာနက ခေါင်းဆောင်မဟုတ်လား"
"ဟုတ်ပါတယ် အန်တီ "
"အင်း အန်တီသဘောပေါက်ပြီး အန်တီဘက်ကနည်းနည်းဆွပေးလိုက်မယ်"
"သတိထားပါ အန်တီ သူကလူတစ်ယောက်ကိုသတ်ဖို့လွယ်တယ်"
"အန်တီနားလည်ပါတယ် Will သာသူ့လုပ်ရှားမုကိုစောင့်ကြည့်နေပေးပါ"
"ဟုတ်ကဲ့ အန်တီ ဒါနဲ့အန်တီ ဒေါက်တာ Z ကိုတွေ့ချင်လို့ဆို"
"ဟုတ်တယ်ကွယ့် အဆင်ပြေရင်တွေ့ချင်တယ်"
"တွေ့လို့တော့ရတယ် အန်တီတစ်ခုတော့ရှိတယ်"
"ဘာကိစ္စလဲသူကတွေ့ဖို့အဆင်မပြေလို့လား"
"တကယ်တော့ဒေါက်တာ Z ကအခုမှ အသက်၂၄ နှစ်ဘဲရှိသေးတာသူနဲ့တွေ့လို့အန်တီကငယ်သေးလို့အထင်သေးတဲ့ပုံပြရင်သူကစိတ်တိုတတ်လို့"
"အတော်ငယ်သေးတာဘဲ"
"ဒါပေမဲ့ လုပ်ငန်အတွေ့အကြုံကဆယ့်လေးနှစ်ရှိတယ်အသက်ဆယ်နှစ်ကတည်းကအဆိပ်အတောက်ဓာတ်ခွဲခန်းထဲမှာအလုပ်လုပ်နေခဲ့တာတဲ့"
"ဟုတ်လား ဒါကြောင့် ဒေါက်တာZဆိုပြီးနံမည်ကြီးတယ်"
"ဟုတ်တယ်အန်တီ "
"ဟုတ်ပြီး သူအားတဲ့နေ့ ပြောပေးပါဦး အန်တီတွေ့ချင်လို့"
"ဟုတ်ကဲ့ပါ"
အန်တီနဲ့စကားပြောနေတုန်းဒေါက်တာZဆီက Will အရေးကြီးတယ် ကျွန်တော်ရဲ့ဓာတ်ခွဲခန်းကိုခဏလာပေးပါဆိုတဲ့ဖုန်းကြောင့်အန်တီကိုနုတ်ဆက်ကာပြန်လာခဲ့လိုက်သည်။သူ့ဓာတ်ခွဲခန်းရောက်တော့
"အကို ကျွန်တော့်အကို ကို သိတယ်မဟုတ်လား"
"ဒေါက်တာ suho ကိုပြောတာလား Kai"
"ဟုတ်ပါတယ် သူ့ကအခုအကိုတို့အဖွဲ့က Yixing hyung ဆီသွားတယ် hyung ဖုန်းကိုကျွန်တော်မသိလို့ အကိုဆီဆက်တာမကိုင်လို့အဲဒါဖုန်းဆက်ပြီးမေးပေးပါသူ့ဆီရောက်ပြီးလားလို့"
"အဲဒါစောစောကတခါတည်းပြောလိုက်ပြီးရော"
"အခုနဆက်တာတခြားကိစ္စ hyung ကိစ္စကအခုမှပေါ်လာတာ"
"အိုကေ အခုဆက်ပေးမယ်"
တော်သေးတယ်yixing hyung ကချက်ချင်းဖုန်းကိုင်လာလို့ဒေါက်တာနဲ့ပြောဖို့ပြောလိုက်တော့ချက်ချင်းဖုန်းလွှဲပေးတာဒေါက်တာZကသူ့အကိုကိုအခုရုံးကိုမပြန်လာသေးဖို့ပြောသလိုYixing Hyung ကိုလည်းတစ်ပတ်လောက်ခေါ်ထားပေးဖို့ပြောကာအကြောင်းအရာကိုတော့ Will ကတစ်ဆင့်ပြောလိုက်မယ်လို့ပြောကာဖုန်းချလိုက်သည်။
"တစ်ခုခု ဖြစ်တာလား ဟင် Kai လေး"
"ဟုတ်တယ် အကို ကျွန်တော်တို့သူဌေးက သူ့လုပ်ထားတဲ့ကိစ္စတွေအတွက်ကိုကိုလေးကိုအပြစ်ပုံချဖို့စီစဉ်နေတာကြားလိုက်တာ"
"ယုတ်မာလိုက်တဲ့သူဌေး"
"တကယ်ကအကိုဆီ ဆက်တာကတခြားကိစ္စ"
"ဘာကိစ္စလဲ"
"သမ္မတရဲ့ကိုယ်ရည်အရာရှိအသတ်ခံရတဲ့အမှုကတရားခံတွေ့ပြီး"
"ဟုတ်လား ဘယ်သူလဲ"
"ဖမ်းရခက်မလားဘဲ ဒုသမ္မတရဲ့သားပါပြီးတော့သူက Min taejun ဆီကအဆိပ်ကိုရထားတာသက်သေရှိပြီး"
"ဟာ အကို ဒီလောက်စုံစမ်းတာမရတာ "
"ဟိုကောင်မလေးကိုသတ်တဲ့တစ်ယောက်လေ သူ့ကိုစစ်တော့သူကMin taejun ရဲ့လက်ထောက် ကောင်မလေးကိုသတ်တာ ရန်ငြိုးကြောင့်မဟုတ်ဘူးကောင်မလေးက ကိုယ်ရည်အရာရှိအသတ်ခံရတဲ့အချိန်မျက်မြင်သက်သေအပြင်သက်သေဗီဒီယိုဖိုင်ပါရှိနေလို့အသတ်ခံရတာ"
"ဒါဆို သက်သေပြန်ရှာရမှာလား"
"သက်သေလည်းရပြီးဖမ်းဝရမ်းအတွက်ခက်ခဲမယ်ထင်တယ်"
"အဲဒီအတွက်အကိုကြိုးစားမယ် Kai လေး"
"ကျေးဇူးတင်ပါတယ်အကို ကောင်မလေးကိုသတ်တဲ့တရားခံကိုတော့ခဏစောင့်ပေးလို့ရမလား ကျွန်တော်မေးစရာလေးရှိနေလို့"
"ရတယ် kai လေးအဆင်ပြေသလိုလုပ်ပါ"
"ကောင်မလေးကိုသတ်တဲ့လူကအတည်ပြုလို့မရသေးလို့သူကအဲနေ့ဆေးဘဲထည့်ပေးတာဆေးကဘယ်သူပေးတာလဲမေးလို့မရသေးလို့"
"ဟုတ်လား အကူအညီလိုရင်ပြောနော်မဟုတ်ရင်တစ်ယောက်တည်းပင်ပန်းနေမယ်အကိုတတ်နိုင်သလောက်ကူပေးပါ့မယ်"
"ဟုတ်ကဲ့ အကို ဒါနဲ့ကျွန်တော်သေဆုံးသူရဲ့မိခင်နဲ့တွေ့လို့ရမလားအတည်ပြုစရာလေးတစ်ခုရှိနေလို့"
"ဘယ်အချိန်တွေ့ချင်လဲ Kaiလေး အကိုချိန်းပေးမယ်"
Will ရဲ့မေးခွန်းကို kai ကအခုတွေ့ချင်တာအဆင်ပြေရင်ဆိုတာကြောင့်အန်တီကိုဖုန်းဆက်ချိန်းတော့အန်တီဟိုတည်ကအထူးခန်းတစ်ခုကိုလိပ်စာပေးတာကြောင့်ရောက်သွားတော့အန်တီကဘဲစကားအရင်စလာသည်။
"မင်း ဘာသိချင်တာလဲကောင်လေးမေးပါ "
"ကျွန်တော်ကဒဲ့ဘဲပြောတတ်လို့ရိုင်းသွားရင်နားလည်းပေးပါ"
"ရပါတယ် အန်တီလည်းဒဲ့ဘဲပြောတတ်တယ်ကောင်လေး"
"အန်တီ သမီးသေတာ အန်တီအရင်ဆုံးသိတာဆိုဟုတ်လား"
"အင်း သိတယ်ဆိုတာထက် တွေ့တည်လို့ပြောရမယ်"
"သေဆုံးချိန်မှာဘယ်လိုလဲဓာတ်ပုံထဲကအတိုင်းအိပ်နေတဲ့ပုံဘဲလား"
"ဟုတ်တယ်ကောင်လေး အိပ်ယာထဲမှာသေနေတာ"
"အဆိပ်မိတဲ့လူတစ်ယောက်ကအိပ်နေသလိုသေမှာမဟုတ်ဘူးလေလူတစ်ယောက်ကိုသေစေတဲ့အဆိပ်လေအန်တီ"
"ဟုတ်တယ် အန်တီလည်းအဲဒါကိုအံ့သြနေတာအရမ်းကိုသပ်ရပ်နေတာ"
"ကျွန်တော်သေဆုံးတဲ့နေရာကိုစစ်ကြည့်ချင်တယ်"
"ကောင်းပြီး ကောင်လေးသွားရအောင်သမီးကအိမ်တော်မှာဘဲဆုံးတာ"
သေဆုံးတဲ့နေရာရောက်တော့သချာစစ်ဆေးပြီးတာနဲ့သေချာတာနဲ့အကြောင်းပြန်ပေးပါ့မယ်လို့ပြောကာပြန်လာခဲ့ကြသည်။

မတူညီသောရင်ခုန်သံနှစ်ခုပေါင်းစပ်ခြင်းWhere stories live. Discover now