အပိုင်း(6)

31 2 0
                                    

မတူညီသောရင်ခုန်သံနှစ်ခုပေါင်းစပ်ခြင်း(6)

"ကျွန်တော့်အဘိုးရယ် အဖေအမေရယ်က အရမ်းတော်တဲ့သုတေသနပညာရှင်တွေ လေ အဘိုးကအဆိပ်ကျွမ်းကျင်ပညာရှင်ပေါ့ တနေ့ သမ္မတကြီးက ကိုယ်ဝန်မဆောင်ဘဲ အဖေရဲ့သုတ်ပိုးနဲ့အမေရဲ့ မမျိုးဥ ပေါင်းပြီး ကလေးကိုမိခင်ဗိုက်ထဲမှာလိုကြီးပြင်လာအောင်စမ်းသပ်ကြတယ်
အခုလက်ရှိဒုသမ္မတနဲ့ ခေါင်းဆောင်တို့လည်း ငွေကြေးထောက်ပံ့ပြီးပါဝင်လာခဲ့တယ် ကလေးက သုံးပတ် ကနေ သုံးလအထိဘဲ အသက်ရှင်ပြီးသေဆုံးတာဘဲအဲဒီတော့ အားလုံးကလိုအပ်တာတွေစမ်းသပ်ကြပေမဲ့လေးကြိမ်အထိကျရှုံးခဲ့တယ် တနေ့ထူးဆန်းစွာဘဲ အဖေနဲ့အမေ က သူတို့ရဲ့ သုတ်ပိုးနဲ့ မ မျိုးဥ ပေါင်းစပ်မှုအောင်မြင်ခဲ့တယ် ခုနှစ်လထဲရောက်လို့ အကြီးအကဲတွေကိုသတင်းပေးဖို့သွားတော့အဲမှာ ဒုသမ္မတနဲ့ ခေါင်းဆောင်ရယ်အကြီးအကဲတွေရဲ့ရည်ရွယ်ချက်ကိုသိလို့မအောင်မြင်ဖူးလို့လိမ်ပြောလိုက်တယ်"
"ဘယ်လို ဘာရည်ရွယ်ချက်မို့လို့လဲ Kai လေး"
"မူရင်းဒါကိုစမ်းသပ်ရတဲ့ရည်ရွယ်ချက်က ကျန်းမာရေးကြောင့်ကလေးလုံးဝမရနိုင်တဲ့မိသားစုတွေအတွက်ရည်ရွယ်တာ ဒါပေမဲ့ ဒီဘက်ကကျတော့ ဝန်ထမ်းတွေ အနုပညာရှင်တွေ အလုပ်အားမကျအောင်ကလေးကိုအဲဒီနည်းနဲ့ယူရင်လုပ်ဆောင်မူတွေလည်းမကျဘူးအဲလိုကလေးတွေကိုလည်းသူတို့အတွက်အသုံးချဖို့တွေးကြတာလေ"
"ဟာ တကယ့်လူတွေဘဲ ဒါနဲ့ kai လေးကိုသူတို့သံသယမဝင်ဘူးလား"
"အဲတုန်းက နောက်ထပ်စမ်းသပ်မှုကို omma ကိုယ်ဝန်ရှိတာလေးလရှိနေပြီးမို့ကလေးမွေးပြီးမှဆက်လုပ်ခွင့်တောင်းလိုက်တာ"
"အဲဒါကိုသူတို့ကယုံကြလား"
"ယုံတယ် ဒါပေမဲ့ အဲဒီညမှ ပထမစမ်းသပ်ထားတဲ့စာရွက်စာတမ်းဝင်ခိုးပြီး သူတို့ဘာသာပြန်ပြီးသုတေသနလုပ်ဖို့အဝင်မှာအဖိုးနဲ့သူ့တပည့်တစ်ယောက်နဲ့တွေ့ပြီးသူတို့ပြသနာတွေတတ်ပြီး ဒီကိုပြန်လာကြတာဘဲ အဲဒီကိစ္စလည်းအဲဒီမှာအဆုံးသတ်သွားတော့တာ"
"ဟင် လူယုတ်မာတွေဘဲ မအောင်မြင်တာဘဲကောင်းတယ်မဟုတ်ရင်လူ့အခွင့်အရေးတွေ ဆုံးရှုံးကုန်တော့မှာ ဒါနဲ့ Kai လေးအဘိုးက"
"အဘိုးကြောင့်ဆိုပြီး ကျွန်တော်အသက်ဆယ်နှစ်လောက်မှာ သူတို့အဘိုးနဲ့အဘိုးတပည့်ကိုလုပ်ကြံပြီးသတ်လိုက်ကြတာ"
"ကျွန်တော်က မွေးကတည်းကအစွမ်းထက်ဆေးတွေကြောင့်အရမ်းတော်တာလေ ငါးနှစ်မှာအဘိုးနဲ့အဆိပ်တွေသုတေသနပြုစုပြီး အသက်ဆယ်နှစ်မှာအဘိုးဆုံးတော့သုသေသနအဖွဲ့နဲ့ဒီကိုရောက်လာတာ အဖွဲ့ကဒုတိယခေါင်းဆောင်အနေနဲ့ပေါ့"
"တစ်ဖွဲ့လုံးက ဆယ်နှစ်သား kai လေး စကားကိုနားထောင်ရတာပေါ့"
"သူများနောက်ကွယ်မှာပေါ့ သူများရှေ့မှာတော့ကျွန်တော်က ပထမခေါင်းဆောင်ရဲ့မြေးအနေနဲ့ဘဲ မိဘမရှိလို့အဘိုးနောက်လိုက်လာတာပေါ့"
"ဒီနေရာ အတော်လေးဒုက္ခများခဲ့တာဘဲ"
"အဲလိုတော့ မဖြစ်ပါဘူး ကျွန်တော်ကခေါင်းဆောင်ဘဲဟာ"
"ဟုတ်ပါပြီးဗျာ အခုရော အဆင်ပြေရဲ့လား"
"မပြေဘူး ကျွန်တော်အတွက်တော့မဟုတ်ဘူး အကို့အတွက်"
"ဟင် ဘာဖြစ်လို့လဲ kai လေးရဲ့"
"အခုလက်ရှိအကို့အိမ်မှာရှိနေတာက အကို့အဖေမဟုတ်ဘူး အကိုရဲ့ဦးလေ"
"ဟင် ဘယ်လို ဦးငယ် က ဆုံးသွားပြီးလေ kai လေးရဲ့"
"အကို့ မယုံရင်ကျွန်တော်ပြောမယ် အခု အကိုအဖေ့က ကျွန်တော်ကို့ဘယ်နံမည်နဲ့ရှာခိုင်းတာလဲ"
"kim jongin ဆိုတဲ့နံမည်လေ"
"တကယ့်က အကို့အဖေအရင်းက နံမည်မေးလို့ ကျွန်တော်ဖြေခဲ့တာက Kai လို့ဖြေခဲ့တာ Kim jongin ဆိုတဲ့နံမည်က မှတ်ပုံတင်ထဲမှာရယ် ကျွန်တော်မိသားစုရယ်ဘဲသိကြတာ "
"သေချာလား ဒါဆို သေသွားတဲ့သူက ကိုယ့်အဖေပေါ့"
"တကယ်တော့ အကို့အဖေက မသေသေးဘူး ကျွန်တော်ရဲ့စမ်းသပ်ခန်းမှာ"
"ဘယ်လို အသက်ရှင်နေသေးတယ် ဟုတ်လား ဒါဆို ဘာဖြစ်လို့"
"သူတို့ဖန်တီးတဲ့ မတော်တဆမှုကြောင့် အောက်ပိုင်းသေသွားခဲ့တယ်ဆေးရုံမှာအကြာကြီးနေရင်ရိပ်မိမှာစိုးလို့ဒီကိုခေါ်လာတာ"
"အရင်ကတည်းကပြောရမှာဘာလို့ အခုမှပြောတာလဲ"
"အခုတောင် အကိုကသိမ့်မယုံတာ စစတွေ့ချင်းပြောရင်ယုံမလား"
"အဲဒါလည်း ဟုတ်တာဘဲ ဒါနဲ့ အကို အဖေနဲ့တွေ့လို့ရမလား"
"ရပါတယ်ဗျာ အကို့အဖေကလည်း အကို့ကိုတွေ့ချင်နေတာ"
"အခု အခု တွေ့လို့ရလား"
"ဟုတ်ကဲ့ "
ပြောရင်းအပေါ်ထပ်ကိုခေါ်တာမို့လိုက်သွားတော့ အဖေက Sehun ကိုတွေ့တာနဲ့မျက်ရည်ဝဲလာကာ
"Hun ငယ် သား"
kai လေး ပြောတာ ဟုတ်မှဟုတ်ပါ့မလားဆိုပြီးလိုက်လာပေမဲ့ hun ငယ် လို့ခေါ်လိုက်တဲ့ papa အသံကြောင့်သံသယတွေရှင်းသွားရသည်။
"တောင်းပန်ပါတယ်သားရယ် papa ကတိမတည်နိုင်လို့"
"ဟင် ဘာကတိကိုပြောတာလဲ ဟင် papa"
"သား ရဲ့သင်တန်းဆင်းပွဲကိုတတ်ပေးမယ်ဆိုတဲ့ ကတိလေ"
papa ပြောမှသတိရမိသည်။ဟုတ်တယ် papa ထွက်သွားတဲ့နေ့ကသားရဲ့သင်တန်းအမီပြန်လာမှပါဆိုပြီးပြောသွားတာဘဲ။ဘာစကားမှမပြောနိုင်ဘဲ papa ကိုဖက်ထားမိတော့ papa ကလည်းပြန်ဖက်ကာ
"ကျေးဇူးတင်ပါတယ် hunငယ် papa ဖြစ်စေချင်တဲ့ အတိုင်းဖြစ်လို့"
"သားကကျေးဇူးတင်ရမှာပါ Papa အခုလိုအသက်ရှင်ပေးလို့"
သားအဖနှစ်ယောက်စကားပြောနေတုန်းkai လေးကိုမေ့သွားမိတာမို့ကျေးဇူးတင်စကားပြောဖို့သတိရလို့ကြည့်တော့ အနားမှာမရှိတော့တာမို့
"ဟင် ဘယ်ရောက်သွားတာလဲ"
"ဘာရှာနေတာလဲ သားငယ်"
"အာ ဟို ကောင်လေးပျောက်သွားလို့လေ papa"
"ဒေါက်တာ လေးက အဲလိုဘဲ သူများကိစ္စတွေသိမ့်ဝင်ပါလေ့မရှိဘူး သားကိုတောင်အတော်လေးခင်လို့သူစကားပြောတာ"
"ဟုတ်ကဲ့ သူတို့အကိုတွေလည်းပြောတယ် သူကပေါင်းသင်းဆက်ဆံရေးကတော့ သုည ဘဲဆိုပြီးသားနဲ့ကအရမ်းခင်တာအံ့သြနေကြတာ"
"သူက သူ့ကိုယုံကြည်ပေးလို့သားကိုခင်နေတာ"
"အင်း ဟုတ်တယ် ဒါနဲ့ hunငယ် အိမ်ပြန်ရက်သတိထားနော် မင်းဦးငယ်က"
"ဟုတ်ကဲ့ ဒီနှစ်တွေထဲသူသားကိုဂရုစိုက်ပါတယ်"
"သူတစ်ခုခုကိုလိုချင်တာလို့ appa ထက်တယ် သားဆီကပေါ့"
"သူဘာကိုလိုချင်တာလဲ papa"
"သားရဲ့လုပ်ပိုင်ခွင့် နဲ့ အင်းအား"
"သားရဲ့ လုပ်ပိုင်ခွင့် ဟုတ်လား papa"
"ဟုတ်တယ် Oh မိသားစုနဲ့ပတ်သတ်တာတွေက မင်းအဘိုးကအရင်ကတည်းကအဖေတို့ညီအကိုနဲ့ မဟုတ်ဘဲ ငါတို့သားငယ်လေးနံမည်နဲ့ထားခဲ့တာ"
"သားကစိတ်မဝင်စားဘဲ papa ကိုပြန်လွှဲမယ်ဆိုတဲ့စကားကြောင့်လား"
"ဟင် ဘာကိုလဲ သားငယ်"
"သားပြောတယ်လေအရင်တုန်းက သားရဲ့ပိုင်ဆိုင်သမျှကိုPapa ကိုပြန်လွှဲပေးမယ်လို့လေ "
သားပြောမှအရင်တုန်းက သားပြောတာပြန်သတိရပြီးညီဖြစ်သူရဲ့မိမိအပေါ်လုပ်တဲ့လုပ်ရပ်ကိုနားလည်သွားရသည်။

မတူညီသောရင်ခုန်သံနှစ်ခုပေါင်းစပ်ခြင်းWhere stories live. Discover now