မတူညီသောရင်ခုန်သံနှစ်ခုပေါင်းစပ်ခြင်း(12)
Black Sun က ခေါင်းဆောင်တစ်ယောက်တစားခံပျောက်သွားတဲ့အပြင်သုံးစက္ကန့်ဆိုတဲ့လူတစ်ယောက်ကြောင့်အတော်လေးဒေါသထွက်နေတုန်းတတ်လာတဲ့သတင်းတွေကြောင့်လက်ထောက်ဖြစ်သူကိုခေါ်လိုက်တော့
"ဟုတ်ကဲ့ သူဌေး ပြောပါခင်ဗျာ"
"သုံးစက္ကန့်ဆိုတဲ့တစ်ယောက်အကြောင်းသိပြီးပြီးလား"
"ဟုတ်ကဲ့ သုံးစက္ကန့်က အဆိပ်အတောက်ကျွမ်းကျင်ပညာရှင် ဒေါက်တာZkdlin ရဲ့နံမည်ပြောင်ပါ သူက ကနေဒါက ဆေးဝါးနဲ့သိပ္ပံဌာနက ပါမောက္ခချုပ်ရဲ့သားလို့သိထားပါတယ်"
"သမ္မတကြီးရဲ့ကိုယ်ရေအရာရှိကိစ္စကိုဖော်ထုတ်ပေးတဲ့ဒေါက်တာZ ပေါ့"
"ဟုတ်ပါတယ် သူဌေး နောက်ပြီးကောလဟာသလားတကယ်လားမသိပေမဲ့ သူကအဲဒီအဖွဲ့အစည်းရဲ့ဒုတိယခေါင်းဆောင်လို့သတင်းထွက်နေတာရှိတယ်"
"ငါ့သူ့ကို ဒီလောကမှာ မမြင်ခြင်တော့ဘူးဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ရှင်းလိုက်တော့ကြားလား မင်ကြိုက်တဲ့နေရာမှာရှင်းလိုက်"
"စိတ်ချပါ သူဌေး "
မှာစရာရှိတာမှာပြီးတာနဲ့ ရဲတွေရှာမတွေ့နိုင်တဲ့ကိုယ်ပိုင်ကျွန်းဆီထွက်လာခဲ့လိုက်သည်။ဟိုရောက်တော့ကျွန်းမှာချထားတဲ့အစောင့်တွေထဲကခေါင်းဆောင်ကအနားရောက်လာကာ
"ဆရာကြီးကိုတွေ့ဖို့ ဧည့်သည်ရောက်နေတယ်ခင်ဗျာ"
"ဘာ ဒီနေရာကို ငါနဲ့တွေ့ဖို့ရောက်လာတာဟုတ်လားဘယ်သူလဲ"
"အသက် ၃၀ နီးပါးလူငယ်တစ်ယောက်ဘဲ "
အထဲရောက်တော့ အေးအေးလူလူဖုန်းထိုင်သုံးနေတဲ့လူတစ်ယောက်ကြောင့်အံ့သြသွားရသည်။တခါမှမတွေ့ဖူးတဲ့လူဖြစ်နေတာကြောင့်
"မင်းကဘယ်သူလဲ ဘာကြောင့်ဒီနေရာရောက်နေတာလဲ"
"ဟင် ကျွန်တော်ကိုတကယ်မသိတာလား ဟုတ်လား"
"မင်းကဘယ်သူမို့လို့ ငါက သိရမှာလဲ"
"ခင်ဗျာဘဲတွေ့တဲ့နေရာမှာသတ်လိုက်ဆို ကျွန်တော့်ကိုလေ"
"ဘာပြောလိုက်တာ"
"ကျွန်တော် ဒီနေရာကိုစိတ်ကြိုက်ဝင်လာနိုင်ကတည်းကကျွန်တော်က သုံးစက္ကန့်ဆိုတာခင်ဗျာသိသင့်နေပြီးလေ မဟုတ်ဘူးလား"
"မင်း မင်း ဒီနေရာကိုလာရင်ပြန်လမ်းမရှိဘူးဆိုတာ မကြားဖူးဘူးထင်တယ်"
"အဟားး ကျွန်တော်က လာကတည်းက တခါတည်း ပြန်လမ်းပါဖောက်ခဲ့တာမို့စိတ်မပူပါနဲ့ဗျာ ခဏနေပြန်တော့မှာမို့စိတ်မပူပါနဲ့"
"ပြန်ချင်တိုင်းပြန်လို့ရမယ်လို့ထင်နေတာလားကောင်လေးရဲ့စိတ်မကောင်းစရာဘဲဒီကနေမင်း အသက်ရှင်ပြီးထွက်သွားလို့မရစေရဘူး"
"ကျွန်တော်က ကြောက်နေမယ်လို့ ခင်ဗျာထင်နေတာလား ထူးဆန်းလိုက်တာ"
ပြောပြီးနေရာကထရပ်ကာပြတင်ပေါက်ကိုခုန်ကျော်ပြီးထွက်သွားတဲ့ကောင်လေးကြောင့်လိုက်ဖမ်းဖို့လုပ်ပေမဲ့ဘယ်အချိန်ကတည်းကရပ်ထားလဲမသိတဲ့စက်လှေပေါ်တတ်ကာအမြန်နုန်းနဲ့မောင်းထွက်သွားတာမို့အံ့သြရသလိုဒေါသလည်းထွက်ရသည်။ဒေါသတကြီးတပည့်တွေကိုဆူမလို့လုပ်တုန်းတတီးတီးနဲ့အချက်ပေးသံထွက်လာလို့ဘေးဘီကြည်လိုက်တော့ ဧည့်ခန်းအလယ်တည့်တည့်မှထည့်ထားတဲ့ချိန်ကိုက်ဗုံက ပေါက်ကွဲဖို့ စက္ကန့်ငါးဆယ်ဘဲလိုတာမို့တပည့်တော်ကိုအော်ပြီးအပြင်ပြေးထွက်လိုက်တော့အပြင်အရောက်ပေါက်ကွဲသံအကျယ်ကြီးနဲ့အတူလတအိမ်လုံးမီးကဝါးမျိုးသွားတာကိုကြည့်ရင်းအဲဒီတစ်ယောက်ကိုတွေ့တဲ့နေရာသတ်ဖို့ ပိုသေချာသွားရသည်။
တပည့်တွေနဲ့အတူကမ်းခြေမှရပ်ထားတဲ့သင်္ဘောနဲ့အိမ်တော်ကိုပြန်ရောက်တော့အခုနလေးကဘဲအမှုစစ် yixing တို့အဖွဲ့ရောက်လာသေးတယ်ဆရာမရှိမှန်းသိလို့ပြန်သွားတာဆိုတဲ့စကားကြောင့်ပိုဒေါသထွက်မိသည်။
"ငါ ဒီကိုပြန်ရောက်နေတာဆိုတာမသိစေနဲ့ မင်းတို့တိတ်တဆိတ်လုပ်ရမှာက baekhyun ကိုအမြန်ဆုံးပြန်ရှာဖို့ဘဲ သူကိုတွေ့တာနဲ့ဟိုကောင်တွေကိုထိန်းချုပ်ထားလို့ရပြီး ငါပြောတာသဘောပေါက်လား"
"ဟုတ်ကဲ့ ဆရာ"
"သုံးစက္ကန့် အကြောင်း ဘာသိရသေးလဲ"
"တခြားတော့မသိရသေးပေမဲ့ niniကြက်ကြော်ဆိုင်ကသူ့ဟာလို့သိရတယ်"
"အဲဆိုင်ကိုချိန်ကိုက်ဗုံးသွားထောင်ထားလိုက် ငါပြောတာနားလည်လား"
"မရလောက်ဘူးဆရာ အဝင်စစ်ဆေးရေးရှိတယ်"
"ဘယ်လိုစစ်ဆေးရေးရှိတယ် ဟုတ်လားလူဘယ်နှစ်ယောက်လဲ"
"လူမဟုတ်ဘူး ဆိုင်ထဲအဝင်မှာ လုံခြုံရေးအချက်ပေးစနစ်ထည့်ထားတာ"
" ဘယ်လို လုံခြုံရေးစနစ် ဟုတ်လား "
"ဟုတ်တယ် ဆရာ အထဲထဲလက်နက်ပစ္စည်းယူသွားဖို့ခက်တယ်"
"နည်းလမ်းရှာကြည့်အတွင်းလူနဲ့ပူပေါင်းလို့ရရင် ပူပေါင်းပါ"
"ဟုတ်ကဲ့ပါဆရာ "
ကြက်ကြော်ဆိုင်ကိုတောင်လုံခြုံရေးစနစ်ထည့်ထားတာဆိုတော့အတော်လေးကိုစေ့စပ်သေချာတာကိုသဘောကျမိပေမဲ့သူကကိုယ့်ရန်သူဖြစ်နေတာမို့စောင့်ကြည့်ဖျက်ဆီးဖို့သာတွေးထားလိုက်သည်။
ကျွန်းပေါ်ကအိမ်ကိုပြာဖြစ်အောင်လုပ်ပြီးကတည်းကအဲဒီကောင်လေးကိုအတော်ဒေါသထွက်နေမိသည်။
📱📱📱📱📱
ပင်ပန်းတာကြောင့်အိပ်ယာပေါ်နားနေတုန်းမြည်လာတဲ့ဖုန်းသံကြောင့်မျက်လုံးမဖွင့်ဘဲဖုန်းကိုလှမ်းယူကာဖုန်းကိုင်လိုက်တော့
"ငယ်လေး မင်းအန္တရာယ် ကင်းရဲ့လား ကောင်လေး"
"ဟုတ်ကဲ့ ကိုကို ကြီး အိပ်ချင်လို့ အိပ်နေတာ အခု"
"မင်း အဆင်ပြေမှဘဲ အခု Black Sun က သူဌေး ဒေါသထွက်နေပြီး"
"ဟင် ကိုကိုကြီး က ဘယ်လိုသိတာလဲ ဟင်"
"ငါ့တပည့်တစ်ယောက်က black Sun မှာ ရှိတယ် သူပြောပြတာ"
"ဟုတ်လား တခြားဘာပြောသေးလဲ"
"ငယ်လေး ဆိုင်ကို ဗုံးခွဲခိုင်းနေတာတဲ့"
"ဆိုင်ထဲ ဝင်လို့ရရင်ကံကောင်း သူတို့အဆင်မပြေလောက်ဖူးဘဲ"
"အစောင့်တွေသေချာဂရုစိုက်ခိုင်းဦးနော် အခုဘယ်မှာလဲ ငယ်လေးက"
"အိမ်မှာ မာမီလည်း ရှိတယ် ကိုကြီး"
"အင်း အခု ကိုကြီးအိမ်လာမလို့ ဘာစားချင်သေးလဲ ငယ်လေး"
"ရတယ် မေမေ ချက်ပေးနေတယ် ကိုကိုကြီး"
ကိုကိုကြီးဖုန်းချသွားတော့မှအခန်းထဲကထွက်ကာ ချက်ပြုတ်နေတဲ့မာမီကိုဖက်လိုက်တော့ မာမီကပြုံးကာ
"ကဲ စားတော့မလား ပေါက်စလေး"
"ဟုတ်ကဲ့ မာမီ သားဗိုက်ဆာ နေတာအတော်ဘဲ"
ထမင်းထိုင်စားနေတဲ့သားငယ်လေးကိုဘေးကနေတစ်ခုပြီးတစ်ခုလုပ်ပေးနေတာကိုသဘောကျနေတဲ့ပုံလေးကြောင့် မာမီကသဘောကျနေသည်။ဒယ်ဒီကတော့သူ့သားငယ်ကိုအခုလိုနေနေတာကိုသဘောကျကြောင်းမကြာခဏပြောလေ့ရှိသည်။အဆိပ်အတောက်တွေနဲ့ပြည့်နေတဲ့ဓာတ်ခွဲခန်းထဲကဆရာဝန်ကြီးထက် အိမ်မှာနေနေတဲ့အငယ်ဆုံးသားလေးကိုဘဲ မိဘတွေက ပိုသဘောကျတာဖြစ်သည်။ဒါပေမဲ့ Kai ကတော့ ဓာတ်ခွဲခန်းကဆရာဝန်ဘဝကိုပိုသဘောကျနေတာကြောင့်သူ့သဘောအတိုင်းနေခိုင်းရတာဖြစ်သည်။
BINABASA MO ANG
Fanfictionမင်းသိလား Z မတူညီတဲ့အရောင်နှစ်ခုကိုပေါင်းရင်တစ်ရောင်ထဲဖြစ်သွားတတ်တယ်လေ