🦜🦜 မတူညီသောရင်ခုန်သံနှစ်ခုပေါင်းစပ်ခြင်း(14)🦜🦜
သားဖြစ်သူဆီwill နဲ့သုံးစက္ကန့်ရောက်သွားတယ်ဆိုတဲ့သတင်းကြောင့်သားဖြစ်သူရုံးခန်းကိုရောက်သွားတော့ သားဖြစ်သူကိုတစ်ချက်ကြည့်လိုက်ကာ
"သားငယ် မင်း ဒယ်ဒီကိုအရမ်းမုန်းနေတာလား"
"ဟင် ဒယ်ဒီကလည်းအစမရှိအဆုံးမရှိဘာတွေမေးနေတာလဲ"
"မနေ့က မင်းကို will နဲ့ သုံးစက္ကန့်ဆိုတဲ့ တစ်ယောက်လာတွေ့တယ်မဟုတ်လား"
"ဟုတ်တယ်လေ will က ကျွန်တော်နဲ့ကျောင်းနေဖက်သူငယ်ချင်း ဟိုကလေးကwill နဲ့ မိတ်ဆွေတွေ မို့လို့ အလည်လိုက်လာတာလေ"
"သေချာလား ဒယ်ဒီ စိတ်မတိုချင်ဘူး နော် အဲကောင်တွေကဘာလာပြောတာလဲ"
"သူတို့ပြောတာ တကယ် ဒယ်ဒီကသိချင်တာလား"
"ဟုတ်တယ် ဘာကိစ္စလဲဆိုတာပြော"
"ကိစ္စက ဒယ်ဒီကိုရပ်တန့်ဖို့ကူညီပေးပါတဲ့ မဟုတ်ရင်ဒယ်ဒီပြသနာတတ်လိမ့်မယ်တဲ့"
"ဘာကွ ငါ့ကိုရပ်ခိုင်းတာ ဟုတ်လား အဲဒီမလောက်လေးမလောက်စားကောင်တွေကတော်တော်လေး နေရာတကာဝင်ပါနေပါ့လား"
"ဒါက သူတို့အနေနဲ့ ကျွန်တော်နဲ့ သူတို့ဆက်ဆံရေးပြေလည်စေချင်တာပါ"
"အဲတော့ သားက ဘာဖြစ်စေချင်တာလဲ"
"အခုနေရပ်လိုက်ရင်ပိုကောင်းတယ်လို့ပြောချင်တာပါ "
"မင်းက ဒယ်ဒီကို ဘာကြောင့်ရပ်စေချင်တာလဲ"
"အရင်ကတည်းက ဒီအလုပ်က မကောင်းတဲ့အလုပ်ဆိုတာသားသိတယ်ဒယ်ဒီကိုသားခဏခဏမလုပ်ဖို့တားသေးတာဘဲ သားသဘောကိုဒယ်ဒီသိပြီးသားပါ "
"အမှန်အတိုင်းပြောရရင် ဒယ်ဒီ ရပ်မှာမဟုတ်ဘူးသား အဲဒါကြောင့်မင်းအဲဒီကောင်တွေစကားနားယောင်မနေနဲ့အဲဒီကောင်တွေနဲ့လည်းထပ်မတွေ့ပါနဲ့"
"သားတွေ့မှာ ဒါပေမဲ့ ဒယ်ဒီကိစ္စတော့မဟုတ်ဘူး အခုသားသဘောထားကိုပြောပြီးပြီးဒယ်ဒီတစ်ခုခုပြသနာဖြစ်ရင်ဥပဒေဘောင်ထဲကနေ ကူညီပေးပါ့မယ်"
ပြောစရာရှိတာပြောပြီးထွက်သွားတဲ့ သားဖြစ်သူကိုကြည့်ရင်းဒေါသထွက်မိပေမဲ့ ဟိုကလေးဘဝကတည်းကိုယ့်အလုပ်ကိုလုံးဝစိတ်မဝင်စားဘဲ သူကတစ်ယောက်တည်းနေတတ်တဲ့လူဆိုတော့ဘာမှမပြောဘဲနေလိုက်တာအကောင်းဆုံးလို့တွေးမိသည်။
"မင်း တို့အကိုလေးကို စောင့်ကြည့်ထားလိုက်"
"ဟုတ်ကဲ့ ပါ သူဌေး"
"သုံးစက္ကန့်ရဲ့တည်နေရာကိုသိရပြီးလား ပြီးတော့ baekhyun ရဲ့သတင်းရော"
"သုံးစက္ကန့်က kim အိမ်တော်က အငယ်ဆုံးသားဆိုတော့အဲဒီကိုပြန်တယ် အကိုလေးသတင်းတော့အခုထိမရသေးဘူးသူ့အဖေအရင်းနဲ့လည်းမတွေ့သေးဘူးတဲ့"
"အဲဒီဘက်ကရော ဘာပြောသေလဲ"
"အကိုလေးနဲ့တွေ့ပေးဖို့ပြောတယ်"
"ဟုတ်လား သူ့သားကိုတွေ့ရရင် သူတို့ရှယ်ယာပေးရမယ်လို့ပြောထားသေးလား"
"ဟုတ်ကဲ့ သေချာပေါက်ပြောထားတာပေါ့"
"သူတို့ဘက်ကဘာပြောလဲ "
"အကိုလေးနဲ့ပေးတွေ့ရင် ပေးမယ်လို့အကြောင်းပြန်လာတယ်"
"ဒါဆိုရင် သူတို့မတွေ့သေးဘူးဘဲ သူ့သတင်းကိုစုံစမ်းနေ"
"ဟုတ်ကဲ့စိတ်ချပါ သူဌေး"
မှာစရာရှိတာမှာပြီးထွက်သွားတဲ့သူဌေးကိုမျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။သခင်းလေးဆီကိုဒီက အခြေအနေတွေတင်ပြထားတာမို့မနက်ဖြန်သခင်လေးကကိစ္စတွေအဆုံးသတ်တော့မယ်အားလုံးဖွင့်ချတော့မယ်ဆိုတာသူဌေးသာသိရင်ဘယ်လိုနေမလဲဆိုပြီးတွေးမိသေးသည်။
kai တစ်ယောက်အကို taewoo ရဲ့သတင်းစကားကြောင့် will ကို သက်သေတွေအားလုံးပေးကာအဆုံးသတ်ခိုင်းလိုက်တော့သည်။ youngmin hyung ကိူလည်းအားလုံးအဆုံးသတ်တော့မဲ့အကြောင်းဖုန်းဆက်အသိပေးတော့အကိုကလုပ်ပါညီလေး hyung က အကူအညီမပေးနိုင်ပေမဲ့ မနှောက်ယှက်ပါဘူးလို့ပြောလာသည်။
ကြက်ကြော်ဆိုင်ဘက်ခဏထွက်လာကမှာစရာရှိတာတွေမှာကြားပြီး အစီအစဉ်တွေကိုပြောပြပြီး ပြန်ထွက်ဖို့လုပ်နေတုန်း hun တစ်ယောက်ရောက်ချလာကာအစမရှိအဆုံးမရှိတဲ့ စကားကိုစပြောလာသည်။
'kai လေး သတိတော့ထားနော်"
"ဗျာ ဘာကိုလဲ hun"
"အဆုံးသတ်တော့မယ်ဆို သူတို့က သုံးစက္ကန့်က kai လေးဆိုတာသိနေတယ်လေ"
"ကျွန်တော်သဘောပေါက်ပါတယ် "
"ဒီအလုပ်ပြီးရင် နားခိုင်းတော့မှဘဲကွာ"
"ဟင် ဘာကိုလဲ hun ရ"
"kai လေး အရမ်းပင်ပန်းနေပြီးလေ တခါမှ ကလေးမလုပ်ခဲ့ရဘူးမို့လား အဲတော့ တစ်နှစ် နှစ်နှစ်လောက် ကလေးလုပ်ပါဦးလို့ ပြောချင်တာပါ"
"အမ် ကလေးလည်းမဟုတ်ဘဲနဲ့ ကလေးလုပ်ရမှာလား"
"အင်း ဟုတ်တယ် ပေါက်စနရေ"
"ဟုတ်ပါပြီးဗျာ နားပါ့မယ် တကယ်ဘဲ လူကို ကလေးဖြစ်စေချင်ကြတယ်"
စူးပုတ်ပုတ်လေးလုပ်ကာပြောနေတော့ sehun မှာ သူ့ကိုကြည့်ရင်း အသည်းယားနေမိသည်။ကလေးလို့ပြောရင်သာမကြိုက်တာ လုပ်တာကတော့ကလေးအထာတွေကြီးဘဲဖြစ်သည်။အလုပ်ကသာလူကြီးအလုပ်တွေလုပ်နေတာ စိတ်က ကလေးစိတ်မို့တခါတလေ ဝုန်းဒိုင်ကျဲတတ်သေးသည်။
"ညီငယ် ဒယ်ဒီ က ဒီတစ်သက်အိမ်ပြန်မလာတော့ဘူးလားတဲ့"
hunနဲ့စကားပြောနေတုန်းဝင်လာရင်းပြောလာတဲ့ ကိုကိုလေးစကားကြောင့် ကိုကိုလေးဘက်အသာလှည့်ကြည့်ကာ
"မနက်ဖြန် ညနေပြန်လာခဲ့မယ်ကိုကိုလေး"
"ဟမ် မနက်ဖြန် ညနေမှာ ဟုတ်လား ဒီနေ့ ဘာနေ့ လဲ မေ့နေတာလား"
"ဗျာ ဒီနေ့ က ဘာနေ့မို့လို့ လဲ ကိုကိုလေးရဲ့"
"မင်း အကို ငါ့ရဲ့မွေးနေ့လေ လဒ လေးရဲ့ "
"အယ် မနေ့ကအထိ သတိရသေးတာ ဟီးးဟီးး အခုမှမေ့သွားတာဒီမှာ ကိုကိုလေးအတွက် လက်ဆောင် ဟိုရက်ကတည်းကဝယ်ထားတာ"
သူ့အိတ်ထဲက အိတ်သေးသေးလေးတစ်ခုကိုလှမ်းပေးတော့ ကိုကိုလေးကလှမ်းယူလိုက်ရင်အိတ်လေးကိုဖွင့်ကြည့်ကာ
"ဟင် တကယ်ကြီးလား ကွ ဒါက"
"ဟုတ်တယ် ကိုကိုလေး ကြိာက်တဲ့ အပြာရောင်လေးဗျ"
"ကျေးဇူးဘဲ ညီငယ် မနက်ဖြန်သေချာပေါက် လာခဲ့နော်"
"ဟုတ်ကဲ့ စိတ်ချပါ ကိုကိုလေး သေချာပေါက်လာခဲ့ပါ့မယ်"
သူ့ညီဆီက ကတိစကားကြားမှပြန်ထွက်သွားတဲ့ Kai လေးရဲ့အကိုလေးကိုငေးကြည့်နေတုန်း kai လေး ကwill ကျွန်တော်တို့သွားရအောင်လေလိုပြောတာကြောင့်အံ့သြသလိုကြည့်နေတာကြောင့်ဘေးကိုမျက်ရိပ်ပြတော့မှ သူစိမ်းရှိနေတာကြောင့်အလုပ်သဘောအရwill လိျု့ခ်ါမှန်းသဘောပေါက်သွားရသည်။
သူ့ရဲ့စမ်းသပ်ခန်းရောက်တော့ အဲဒီအဆောက်အဦးထဲကတခါမှမရောက်ဖူးတဲ့အခန်းတစ်ခုကို chan တို့အတွဲရောwill ပါအတူရောက်လာရသည်။
ကွန်ပျူတာ အလုံးတရာလောက်ရှိတဲအခန်းကြီးထဲကခလုတ်တွေကိုဖွင့်ကာ သူ့သက်သေရထားတဲ့ ဖိုင်တွေကို ပြည်သူလူထုကိုဖွင့်ချပြီး သူ့စောင့်ကြည့်ချင်တဲ့လူတွေကိုကွန်ပျုတာစခရင်ကနေစောင့်ကြည့်နေတာကြောင့်ကိုယ်တွေလည်းအသာစောင့်ကြည့်နေမိကြသည်။
"အကို baekhyun ရဲ့အဖေနဲ့မကြာခင်တွေ့ရတော့မှာပါ"
"ကျေးဇုးတင်ပါတယ် kaiလေး"
" အာ ရပါတယ်အကို ရာ ကျွန်တော်ကကျေးဇူးတင်ခံချင်လို့လုပ်တာမှမဟုတ်ဘဲ"
"အကို သိပါတယ်ကွာ အကိုအဖေရော ဘာပြောသေးလဲ"
"အရမ်းပျော်နေတာပေါ့သူ့သားလေးအန္တရာယ်ကင်းတာသိရတော့ဝမ်းသာနေတာပေါ့"
"ဟုတ်မှာပါ အကိုကသာ မိဘအရင်းကိစ္စကိုမသိတော့အေးဆေးနေတာ papa တို့ကျတော့ အကုန်သိနေတာ အချိန်အများကြီးစိတ်ပုနေရတာတွေးမိတော့တကယ်စိတ်မကောင်းဖြစ်ရတယ်ကွာ"
"အဲဒီအချိန်တွေက ဒီညပြီးရင်အဆုံးသတ်တော့မှာပါ အကိုရာ"
"အစစအရာရာအတွက် kaiလေးရော chan ရေ will ကိုရော ကျေးဇူးတင်ပါတယ်မင်းတို့ကြောင့်သာမဟုတ်ရင် အကိုဘာဖြစ်မယ်ဆိုတာတောင်သိရမှာမဟုတ်ဘူး'
အကို baekhyun က နောင်တရသလိုစိတ်မကောင်းသလိုလေးပြောနေတာမို့အားလုံးလဲစိတ်မကောင်းဖြစ်ရသည်။
သတင်းတွေကဆက်တိုက်တတ်လာသလိုblack sun ဘက်ကလည်းဒေါသတကြီးဖြစ်နေတာတွေ သုံးစက္ကန့်ကိုတွေ့တဲ့နေရာသတ်ဆိုတဲ့စကားတွေကိုပါကြားနေရတာကြောင့်အားလုံးက kai ကိုလှည့်ကြည့်ကြတာမို့
"ဒီနေရာရှာတွေ့ရင် ကံကောင်း"
"ဟင် ဘာကိုပြောတာလဲ kai လေး"
"ဒီနေရာ ကို သိတဲ့သူ အကိုတို့ဘဲရှိတာလေဗျာ"
Kai လေးစကားကြောင့် ဘာကြောင့်baek ကိုဒီနေရာကိုအလုံခြုံဆုံးလို့ပြောတာလဲဆိုတာသဘောပေါက်သွညးရသည်။ခဏကြာတော့အကိုတို့ဘာသာဆက်ကြည့်တော့ကျွန်တော်စမ်းသပ်ခန်းသွားတော့မယ်လို့နုတ်ဆက်ကာထွက်သွားတော့သည်။
YOU ARE READING
Fanfictionမင်းသိလား Z မတူညီတဲ့အရောင်နှစ်ခုကိုပေါင်းရင်တစ်ရောင်ထဲဖြစ်သွားတတ်တယ်လေ