မတူညီသောရင်ခုန်သံနှစ်ခုပေါင်းစပ်ခြင်း(9)
"သား Hun လေး ဟိုကောင်လေးအဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ အဆင်ပြေတာ papa ဦးလေးငယ်ကိုပစ်တာ Taewoo hyung တဲ့ သူတို့ကိစ္စတွေပေါ်မှာစိုးလို့သတ်တာထင်တယ်"
"သူယုံကြည်ရတဲ့သူ့တပည့်က သူ့အသက်ကိုနုတ်ယူခဲ့တာဘဲ"
"ဟုတ်တယ် Papa သူတို့လုပ်တဲ့လုပ်ရပ်ကတကယ်ကြီးကိုဆိုးလွန်းတယ်"
"သားတို့ဖော်ထုတ်တော့မှာလား အဲကိစ္စ"
"kai လေး လုပ်မယ်တဲ့ papa "
"အဲဒီကောင်လေးတော့ခက်ပြီး ရှိတဲ့ အန္တရာယ်ကိုသူတစ်ယောက်တည်းခံယူနေတာဘဲ သားကဘဲဂရုစိုက်ပေးလိုက်ဦးနော် ဟိုတလောကလဲသူ့ကိုအဆိပ်ခတ်သေးတယ်သူကအဆိပ်အတောက်ကျွမ်းကျင်တာရောဆေးအမြဲဆောင်ထားတတ်လို့တော်သေးတာမဟုတ်ရင်သေနေလောက်ပြီး"
"ဗျာ ဘယ်တုန်းက ဖြစ်တာလဲ papa "
"ပန်းရောင်ဖားလေးအဆိပ်ကိစ္စတုန်းကလေသူ့ဆရာကပြန်လုပ်ကြံတာ"
"အဆိပ်ပညာရှင်ကိုအဆိပ်နဲ့ပြန်သတ်တာဟုတ်လား သူတို့ရူးနေတာလား"
"Kai လေးရဲ့ နံမည်ပြောင် က သုံးစက္ကန့်ဆိုတာ သားမကြားဖူးဘူးလား"
"သုံးစက္ကန့်ဟုတ်လား papa ဘာအဓိပ္ပါယ်လဲ"
"သူ့ကိုလုပ်ကြံတဲ့သူကဘယ်လောက်တော်တော်သူကသုံးစက္ကန့်အတွင်းအသက်ပျောက်အောင်လုပ်နိုင်တယ် သူ့ကိုလုပ်ကြံဖို့မလွယ်ဘူး"
"ဟုတ်လား သားက သူ့ကိုကြည့်တာ ကိုယ်ခံပညာမတတ်ဘူးထင်ထားတာ"
"ဟုတ်တယ် လူတိုင်းအဲလိုထင်တာ သူ့ကိုလုပ်ကြံဖို့ ငါးကြိမ်လောက်လုပ်ကြတော့မှ သူ့အကြောင်းသိပြီး သုံးစက္ကန့် ဆိုပြီးသိကြတာ"
"ဟုတ်လား သူ့ကိုဘာကြောင့်လုပ်ကြံကြတာလဲမသိဘူး သူ့ကြည့်ရတာသူများကိစ္စသိမ့်ပါတာလဲမတွေ့ဘူးပါဘူး"
"အခု Taewoo ကိစ္စလိုပေါ့ အန္တရာယ်များတဲ့ကိစ္စဆိုရင်သူကသူ့ဘက်ဆွဲယူပြီးဖြေရှင်းတတ်လို့လေ တစ်ချို့က သူ့ကိုသတ်ချင်တာပေါ့"
"သား သေချာလေးဂရုစိုက်လိုက်ပါ့မယ်"
သားအဖနှစ်ယောက်စကားပြောနေတုန်းPapa ရဲ့အတွင်းရေးမှူးရဲ့ဈာပနအစီအစဉ်စတော့မယ်ဆိုတဲ့သတိပေးစကားကြောင့်ဈာပနခန်းမကိုထွက်လာခဲ့သည်။ဈာပနခန်းမထဲရောက်နေတဲ့ taewoo hyung ကြောင့်sehunစိတ်တိုသွားတော့papaကsehun ကိုမျက်နှာမပျက်ဖို့သတိပေးတာကြောင့်အသာငြိမ်နေလိုက်သည်။ဈာပနအစီအစဉ်ပြီးသွားတော့ taewoo hyung ကsehunတို့ဆီရောက်လာကာ တရားဝင်လုပ်ငန်းစာရွက်စာတမ်းတွေပေးကာ
"ဟို အန်ကယ် ကုမ္မဏီကိုအန်ကယ်ဆက်လုပ်မှာလား"
"မလုပ်တော့ပါဘူး ငါ့တူရာ"
"Sehun ကိုလွှဲပေးတော့မှာပေါ့ ကောင်းပါတယ်အခုခေတ်ကလူငယ်တွေဦးဆောင်နေတဲ့ခတ်ကိုရောက်နေပြီးဘဲ"
"မင်းညီကလည်း မလုပ်ချင်ဘူးပြောနေလို့ အန်ကယ်နားချနေတုန်း"
"ဟုတ်ကဲ့ပါ ဒါနဲ့တရားခံ မိပြီးလား အန်ကယ်"
"တရားခံကိုသိပြီးဖမ်းဝရမ်တောင်းပြီးဖမ်းမယ်ပြောသံကြားပေမဲ့ဘယ်သူဆိုတာတော့အန်ကယ်လည်းသေချာမသိဘူး သူတို့အလုပ်ကလှုို့ဝှက်လုပ်ရတာမျိုးဆိုတော့မေးလို့လဲ အဆင်မပြေဘူးလေ"
"အာ ဟုတ်ကဲ့ပါ အန်ကယ်"
"ငါ့ညီရော အဆင်ပြေလား အခုတလောအလုပ်တွေများနေလား"
"ပြေပါတယ် ကိုယ်ဝါသနာပါတဲ့အလုပ်ဆိုတော့ပျော်တာပေါ့ဗျာအကိုရောဘာဆက်လုပ်မှာလဲ ဦးလေးငယ်မရှိတော့papa နဲ့ဘဲဆက်လုပ်မှာပေါ့"
"အားနာပေမဲ့ အကိုကအလုပ်ထွက်တော့မှာ ငါ့ညီရေ"
"ဗျာ ဟို ဦးလေးငယ်မရှိတော့ပေမဲ့အလုပ်ကမရပ်သေးဘူးလေဗျာ"
"အဲလိုမဟုတ်ဘူး အရင်ကတည်းကထွက်ဖို့လုပ်နေတာ သူဌေးကခန့်အပ်ပွဲအထိလေးစောင့်ပေးပါဆိုလို့စောင့်နေတာ"
"အဲလိုလား ဒါဆိုအလုပ်ကိုစစ်ဆေးရေးအပ်ရတော့မှာဘဲ"
"ဟင် ဘာကိုပြောတာလဲ စစ်ဆေးရေးဟုတ်လား ငါ့ညီ"
"ဟုတ်ကဲ့ အားလုံးစစ်ဆေးအတည်ပြုပြီးတာနဲ့ပညာရှင်လက်အပ်ပြီးလစဉ်အမြတ်လေးနဲ့ဘဲအေးအေးဆေးဆေးနေတော့မလားလို့"
Sehun စကားကြားတော့မျက်နှာပျက်သွားတာကိုအမြန်ပြန်ပြင်လိုက်တာကိုမသိဟန်ဆောင်ကာဆက်ပြောနေလိုက်သည်။
စာရွက်စာတမ်းနဲ့အလုပ်ဇယားတွေကိုသေချာအပ်ပြီး ပြန်ထွက်လာတော့အဖွဲ့ထဲကတစ်ယောက်ကိုဖုန်းဆက်ကာ Sehunတို့သားအဖကိုစောင်ကြည့်ဖို့မှာကာအိမ်ကိုပြန်လာခဲ့လိုက်ကာမိသားစုတွေကိုဒီနေ့ဘဲပြည်ပသွားဖို့စီစဉ်ပေးကာအလုပ်တွေများနေရသည်။မကြာခင်တစ်ခုခုဖြစ်တော့မယ်လိုခံစားနေရတာကြောင့်စီစဉ်တာကိုဇနီးကလက်မခံဘူးလုပ်နေလို့အခုမသွားရင်ပြသနာတတ်နိုင်ကြောင်းပြောပြတော့မှလက်ခံလာသည်။
လေယာဉ်ကွင်းမရောက်ခင် တပည့်တစ်ယောက်ဆီကဆရာကျွန်တော်တို့လုပ်တဲ့ဟာတွေလိုင်ပေါ်မှာပြန့်နေတယ်ဆိုတဲ့ဖုန်းကြောင့်ဖုန်းဖွင့်ကြည့်လိုက်တော့ဒေါသဖြစ်သွားရပေမဲ့မိသားစုတွေရိပ်မိမှာစိုးရိမ်တာကြောင့်အသာငြိမ်နေရသည်။
မိသားစုတွေလေယာဉ်ပေါ်ရောက်သွားတော့မှထောက်လှမ်းအေရာရှိတစ်ယောက်ကာင့်ကားဆီအပြေးသွားကာ အိမ်ကိုသာအရင်ပြန်လာလိုက်သည်။
အိမ်ရောက်တာနဲ့ ပစ္စည်းတွေထားတဲ့နေရာကိုသွားကာယူပြီးထွက်ဖို့လုပ်တော့ခြံရှေ့ရောက်နေတဲ့yixing တို့အဖွဲ့ကြောင့်သက်သေပစ္စည်းတွေနဲ့အတူအဖမ်းခံရသလိုဖြစ်သွားတော့သည်။
စစ်မေးဖို့ဝင်လာတဲ့သူကြောင့် taewoo တစ်ယောက်အံ့သြသွားကာ
"မင်း အားလုံးကိုသိနေတာလား"
"ဟုတ်တယ် အားလုံးကိုသိနေတာပေါ့ ကျွန်တော်လှိူ့ဝှက်စစ်ဆေးရတာ ဦးလေးငယ် ကိုယ်တိုင်ပါဝင်ပတ်သတ်နေတဲ့ဒီအမှုဘဲကို"
"မင်းအတော်လေးဟန်ဆောင်ကောင်းခဲ့တာဘဲ"
"တကယ်တော့ ကျွန်တော်က ဟန်ဆောင်မကောင်းခဲ့ပါဘူး hyung အနေနဲ့ကျွန်တော်တို့ဘာမှမသိဘူးဆိုပြီးစိတ်အေးနေလို့မရိပ်မိတာပါ"
"သက်သေကိုဘယ်လိုရခဲ့တာလဲ ငါမေးလို့ရမလား"
"သတင်းပေးတစ်ယောက်ဆီကပေါ့ သတင်းပေးရဲ့အသက်အန္တရာယ်နဲ့လုံခြုံရေးအတွက်နံမည်ထုတ်ပြောခွင့်မရှိပေမဲ့သေချာတာတစ်ခုကတော့သူကနယ်ပယ်စုံမှာတကယ်တော်တယ်လို့ပြောလို့ရတယ်"
"ငါစိတ်ထင် ဒေါက်တာ jun လားလို့မင်းသတင်းပေးက"
"မဟုတ်ပါဘူး ဒေါက်တာjunက ဘယ်လိုလုပ် hyung တို့ကိစ္စသိမှာလား ဆေးကုတာကလွဲရင်ဘာမှမသိဘူးသူဝါသနာပါတဲ့ဆေးဘဲကုနေတာလေ"
"မင်းတို့ဌာနကိုသူမကြာခဏလာတတ်တယ်လေ"
"အဲဒါက yixing hyung ဆီလာတာလေ သူတို့ကတွဲနေတာ"
Sehunဆီက စကားကြောင့်အံ့သြသွားရသည်။ဒေါက်တာjun လို့ထင်ထား
လို့စောင့်ကြည့်ဖို့တောင်တကူတကလူထည့်ထားပေမဲ့မဟုတ်ဘူးဆိုတဲ့စကားကြောင့်အံ့သြသွားရတာဖြစ်သည်။kai လေးကိုမဟုတ်ဘဲ ဒေါက်တာjunကိုထင်နေတာကိုသိရတော့ အံ့သြရင်းက kai လေးအတွက်စိတ်အေးသွားရသည်။သက်သေအားလုံးရှိနေတော့မငြင်းနိုင်ဘဲဝန်ခံရမဲ့အနေအထားပေမဲ့အမုနဲ့ပတ်သတ်ပြီးဘာတစ်ခွန်းမှမဟဘဲနေနေတာဖြစ်သည်။
CZYTASZ
Fanfictionမင်းသိလား Z မတူညီတဲ့အရောင်နှစ်ခုကိုပေါင်းရင်တစ်ရောင်ထဲဖြစ်သွားတတ်တယ်လေ