17

2.2K 200 0
                                    


အပိုင်း (17 )

"ပါး သားက ပါးနဲ့အတူ ကနေဒါ ကို လိုက်ရမယ် ဟုတ်လား ပါး "

"ဟုတ်တယ် ပါးလည်း အသက်အရွယ်ရလာပြီ သားရယ် သားက ကနေဒါ ကို မလိုက်ချင်ဘူးလား "

ဝမ်ရိပေါ် ဟစိလေး ဖြစ်နေတဲ့တံခါးလေးကို အသာလေး ဆွဲပိတ်ကာ သူ့အခန်းသူ ပြန်သွားသည်။ အခန်းထဲ ရောက်တော့ ဂျူနီယာလေးက အနားကိုကပ်လာသည်။

"ဂျူနီယာ ရှောင်ကျန့် ကိုလေ သူ့ပါးက ကနေဒါ ကို ပြန်ခေါ်ဖို့ လုပ်နေတယ် ငါ...ငါ...ဘယ်လိုလုပ်ရမလဲ ငါ ရှောင်ကျန့် ကို ချစ်နေတာ ဖွင့်ပြောလိုက်ရမလား အဲ့တာဆိုရင် ရော သူက လိုက်သွားမှာလား "

ဂျူနီယာ လေးကတော့ ငြိမ်ငြိမ် လေးသာ နေသည်။

"ပါး သား သားလေ သားမှာ ချစ်ရတဲ့ လူ ရှိနေပြီ "

"ဝမ်ရိပေါ် ဆိုတဲ့ ကောင်လေးလား "

ရှောင်ကျန့် ခေါင်းငုံ့ကာ ခေါင်းငြိမ့်ပြလိုက်သည် ။

"သူကရော သားကို ဖွင့်ပြောပြီးပြီလား "

ရှောင်ကျန့် ခေါင်းငုံ့ကာ ခေါင်းရမ်းပြလိုက်သည်။

"ပါးကို ကြည့်ပါဉီး သားရဲ့ လာပါ ဒီမှာ ထိုင် "

ရှောင်ပါး ဘေးနားမှာ လွတ်နေတဲ့ နေရာလေးကို လက်လေးနဲ့ ဟန်ပြလိုက်သည်။ ထိုအခါ ခေါင်းငုံ့ပြီး ထိုင်နေရာကနေ ခေါင်းမော့ကာ  ရှောင်ပါး ရဲ့ အနားမှာ ဝင်ထိုင်လိုက်သည် ။

"အဲ့ဆို သားက ပါးနဲ့အတူ ကနေဒါ မလိုက်ချင်ဘူးပေါ့ "

"မလိုက်ချင်ဘူး ပါး သား သား သူနဲ့ ဝေးရာမှာ မနေနိုင်ဘူး "

"ခဏလေးပါဘဲသားရယ် ခဏလေးတောင်   သည်းမခံနိုင်ဘူးလား သားရယ် ပါးနဲ့အတူ ကနေဒါ ကို ပြန်လိုက်ခဲ့ ပြီးတော့ တရုတ် မှာ ကုမ္ပဏီ တစ်ခု တည်ထောင် ဖို့ ပါး.စဉ်းစားထားတယ် သားကို ဉီးစီးခိုင်းဖို့ လောလောဆယ်တော့ ပါးနဲ့ အတူ ကနေဒါ ကို လိုက်ခဲ့ပါဉီး သားရယ် ပါးလည်း သားနဲ့ အတူ နေချင်တယ် "

ရှောင်ကျန့် ဘာမှပြန်မပြောပေ။

"သားကို ပါး တစ်ပတ်အချိန်ပေးမယ် တစ်ပတ် အတွင်း သားစီးစဉ်စရာ ရှိတာ စီစဉ်ထား ပါး အခု Hotel ပြန်နားတော့မယ် "

မင်းဖြစ်နေလို့ကိုချစ်တာ (Complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ