26

2.3K 204 3
                                    


အပိုင်း (26)

"အားရှိတယ်ဆို ပြောတော့... "

"ဝမ်ရိပေါ်... ငါ အိမ်ပြန်ချင်တယ် "

"မပြန်ရဘူး.. ဘာလို့ လက်မထပ်ဘူး ပြောလဲ... ဟမ်..."

"......."

"ဘာလို့ အဲ့နေ့က ကနေဒါ ကို  လိုက်သွားတာလဲ ဘာလို့ ငါ့ကို ထားခဲ့တာလဲ.. ဘာလို့ အဆက်အသွယ်မလုပ်တာလဲ... ဘာလို့ ငါ့ကို..."

ရှောင်းကျန့် မျက်ရည် တွေကျကာ  ဝမ်ရိပေါ် ပြောတာတွေကို နားထောင် နေသည် ။

"ဝမ်ရိပေါ်.....ငါ့ကို မုန်းသွားတာလား...."

"အိပ်တော့ မင်းအိပ်ချင်နေပြီမလား.."

ဝမ်ရိပေါ် ရှောင်းကျန့် အပေါ်က နေ ဘေးကို ဝင်လှဲလိုက်သည် ။ ရှောင်းကျန့် ကိုယ်ကိုလည်း.တင်းနေအောင် ဖက်ကာ အပေါ်ကနေ စောင် ခြုံလိုက်သည် ။ ဒါတောင် ဝမ်ရိပေါ် ရဲ့ ရင်ခွင်ထဲမှာ အသံတိတ်ကာ တစ်ရှုံ့ရှုံ့နဲ့ ငိုနေတုန်း ။

"မအိပ်ဘူးလား ရှောင်းကျန့် ဆက်ငိုနေဉီးမှာလား....ဆက်ငိုနေလို့ကတော့ ငါ အဆိုးမဆိုနဲ့နော် ရှောင်းကျန့် "

ခေါင်းလေး.တဆက်ဆက်ငြိမ့်ပြကာ ဝမ်ရိပေါ် ရဲ့ ရင်ခွင်ထဲ ပိုတိုးလို့လာတာမို့ တင်းနေအောင် ဖက်ထားသည် ။

မင်းဖြစ်နေလို့ကိုချစ်တာ ရှောင်းကျန့် ။

ကျောပြင်လေးကို ခပ်ဖွဖွလေး ပုတ်ပေးနေရင်း ကြည့်တော့ အသက်ရှူမှန်မှန်နဲ့ အိပ်ပျော်နေတဲ့ ရှောင်းကျန့် ။ ငိုထားတော့ ရဲနေတဲ့ မျက်ခမ်းစပ်လေးတွေ ။ မနေနိုင်စွာ ဝမ်ရိပေါ် ရှောင်းကျန့် ရဲ့ နှုတ်ခမ်း လေးကို နမ်းလိုက်သည် ။ ဘယ်တော့မှ ဒီနှုတ်ခမ်းလေးက သူ့ရဲ့ အနမ်းတွေကို တုံ့ပြန် အနမ်းတွေ ပေးလာမှာလည်း ။ ချစ်တယ် ရှောင်းကျန့် ။ မင်းဖြစ်နေလို့...ငါ့နှလုံးသားလေးက မင်းဖြစ်နေလို့ကိုချစ်တာ ရှောင်းကျန့် ။

••••••••••••••••

ရှောင်းကျန့် နိုးလို့ နာရီကြည့်တော့ 5နာရီ ။ အရမ်းအိပ်ပျော်သွားခဲ့တာလေ ။ ဘေးနားကြည့်တော့လည်း ဝမ်ရိပေါ် က ရှိမနေ ။ ရေချိုးခန်းထဲက ရေသံကြားတာမို့ ဝမ်ရိပေါ် ရေချိုးနေတယ်ဆိုတာ ရှောင်းကျန့် သိလိုက်သည် ။ အလိုက်တသိလေး မွေ့ယာပေါ် မှ ထကာ ဝမ်ရိပေါ် ဝတ်ဖို့ အဝတ်အစားလေး ထုတ်ပေးနေတဲ့ ရှောင်းကျန့် ။

မင်းဖြစ်နေလို့ကိုချစ်တာ (Complete) Tahanan ng mga kuwento. Tumuklas ngayon