39

1.8K 143 5
                                    


အပိုင်း (39)


အိပ်ပျော်နေတဲ့ဝမ်ရိပေါ် ကို မော့ကြည့်နေတဲ့ ရှောင်းကျန့် ။ သူ့ကို ဖက်ပြီး နှစ်ခြိုက်စွာ နဲ့ ဝမ်ရိပေါ် ဟာ အိပ်ပျော်နေတယ်လေ ။ ရှောင်းကျန့် ဝမ်ရိပေါ် ရဲ့ နှုတ်ခမ်း လုံးလုံးလေး ကို နမ်းလိုက်သည် ။ ချစ်တယ် ဝမ်ရိပေါ် ။ ဒေါ်လေး သတိရလာရင်.. ငါ့ကို ထပ်ပြောနေဉီးမလား...မင်းနဲ့ ကွာရှင်းဖို့ကို ။ ငါ ချစ်တယ် မင်းကို အဆုံးအရှုံးမခံနိုင်ဘူး ။ ပြီးတော့ ဒေါ်လေးက ဘာလို့ ငါ့ကို မုန်းနေရတာလဲ ။ ဒေါ်လေး သတိရလာရင်... ဆက်ပြီး ဒေါ်လေးက ငါ့ကို မင်းရဲ့ အဝေးဆုံးမှာ နေဖို့ ဖိအားပေးလာခဲ့ရင် ငါ့အနားမှာ နေပေးပါ ။ မင်းရှိနေရင် ဘယ်အရာကိုမှ မကြောက်တာမို့ မင်းသာ ငါ့အနား ရှိနေပေးပါ ဝမ်ရိပေါ် ။


ရှောင်းကျန့် စိတ်ထဲကနေ ဝမ်ရိပေါ် ကို တိုးတိုးလေး ပြောနေမိသည် ။ ထို့နောက် ဝမ်ရိပေါ် ရဲ့ ရင်ခွင်ထဲ မှာ အိပ်ပျော်အောင် အိပ်လိုက်သည် ။



••••••••••••••


ညနေလောက် ရောက်တဲ့အချိန်မှာ ဝမ်ရိပေါ် နဲ့ ရှောင်းကျန့် ဒေါ်လေး ရှိတဲ့ ဆေးရုံလေးသို့ သွားကြသည် ။ အခန်းထဲ ရောက်တော့ ဒေါက်တာတွေနဲ့အတူ ပါးနဲ့မားရော အမယန်လီ ပါ ဒေါ်လေးလှဲလှောင်းနေတဲ့ လူနာ ကုတင်လေးမှာ ဝိုင်းအုံနေကြသည် ။



"သားရိပေါ် သားရှောင်းလေး လာ ဒီမှာ ဒေါ်လေး သတိရနေပြီ.. "


"လူနာက အခြေအနေ ကောင်းသွားပါပြီ စိတ်ပူစရာ မလိုတော့ပါဘူး...ဒေါက်တာတို့ကို ခွင့်ပြုပါဉီး "


"ဟုတ်ကဲ့ ဒေါက်တာ "


အခန်းထဲကနေ ဒေါက်တာတွေ ပြန်ထွက်သွားကြတော့ ဝမ်ရိပေါ် နဲ့ရှောင်းကျန့် ဒေါ်လေး လှဲလျောင်းနေတဲ့ ကုတင်လေးနားသွားလိုက်သည် ။ ဝမ်ရိပေါ် နဲ့ ရှောင်းကျန့် ကို မြင်တာနဲ့ ပြတင်းပေါက် ဘက်သို့ မျက်နှာ လှည့်လိုက်သည် ။ အဓိပ္ပာယ် ကို နားလည်လိုက်တဲ့ ဝမ်ရိပေါ် နဲ့ ရှောင်းကျန့် ။ ဒါ သူတို့ နှစ်ယောက် ရဲ့ မျက်နှာကို မတွေ့ချင်ဘူး ဆိုတဲ့ သဘော ။


မင်းဖြစ်နေလို့ကိုချစ်တာ (Complete) Donde viven las historias. Descúbrelo ahora