32

2.2K 155 0
                                    


အပိုင်း (32)

"သားရှောင်း ဆေးသောက်လိုက်ဉီး...ထ လက်က ဒဏ်ရာ ကရော သက်သာရဲ့လား..."


"ဟုတ်ကဲ့ သက်သာ ပါတယ်... ပါး.Company သွားတော့မှာ မလား သွားလေ သား ရပါတယ် "




"တစ်ကယ် ရော ရရဲ့လား ဒေါက်တာ ခေါ်မယ် ဆိုတာလည်း.မရဘူး...ပြီးတော့ သားရိပေါ်.. ကို ပါး ခေါ်လိုက်မယ်လေ "



"ရတယ် ပါး.မခေါ်ပါနဲ့.. ပါး.Company သွားမှာမလား..သွားလေ.. သား ရပါတယ် ဒီနေ့ ရှယ်ယာရှင် အစည်းအဝေး ရှိတယ်မလား..အရေးကြီးတယ်ဆို.."


"အင်း..အဲ့ဆို ပါး သွားတော့မယ်.. လိုအပ်တာတွေ ရှိရင် ပါးကို ဖုန်းဆက် ပါး ချက်ချင်း လာခဲ့မယ် ဟုတ်ပြီလား.."


"ဟုတ်ကဲ့ ပါး."


တံခါးကို အသာ ပိတ်ကာ ရှောင်းပါးလည်း သားဖြစ်သူ အခန်းမှ ထွက်ခဲ့သည် ။


"ရိပေါ်... ရိပေါ်.. ရိပေါ်... "


"ဟင်...အမယန်လီ ဘာပြောလိုက်တာလဲ "


"ဘာတွေ ဖြစ်နေတာလဲ ရှောင်းလေး ကရော ဝမ်အိမ်တော် မှာ မနေတာက ဘာဖြစ်လို့လဲ "



"အမယန်လီ အစည်းအဝေး ကို အမယန်လီဘဲ လုပ်လိုက်တော့ ကျွန်တော် ရုံးခန်းထဲ မှာဘဲ နေခဲ့တော့မယ် စိတ်မပါလို့ "



မေးတာကို မဖြေတာမို့ ယန်လီ ခေါင်းငြိမ့်လိုက်သည် ။ ပြောပြဖို့ အဆင်သင့် မဖြစ်သေးလို့ နေမှာပါ ။


"ဒါဆို အမယန်လီ အစည်းအဝေး အခန်းထဲ သွားတော့မယ် "



"ဟုတ်ကဲ့ အမယန်လီ "


ရုံးခန်းထဲ တစ်ယောက်တည်း ရှိနေစဉ် ဝမ်ရိပေါ် စိတ်ရှုပ်ထွေးစွာ ဆံပင်တွေကြား  လက်တွေနဲ့ ထိုးဖွနေမိသည် ။



ရှောင်းကျန့် အနားမရှိတာ တစ်ကယ် မနေတတ်ဘူး.. ။ မနေနိုင်တဲ့ အဆုံး ဝမ်ရိပေါ် ထရပ်လိုက်သည် ။



ဒီတစ်ခါတော့ တစ်ကယ် မင်းကို ငါ့ အနားကနေ ထွက်သွားခွင့်မပေးနိုင်တော့ဘူး ။ မင်းကို ဆွဲထားမှာ ရှောင်းကျန့် ။ ဘာဖြစ်လို့လဲ မမေးနဲ့ အဖြေက ရှင်းရှင်းလေး ။ မင်းဖြစ်နေလို့.. ရှောင်းကျန့် မင်းဖြစ်နေလို့ကို ချစ်တာ ။




မင်းဖြစ်နေလို့ကိုချစ်တာ (Complete) Onde histórias criam vida. Descubra agora