20

2.4K 198 0
                                    


အပိုင်း (20)

"မင်းကို မေးနေလို့လား "

"ရိပေါ် ရှောင်လေးကို ဘယ်လို ပြောလိုက်တာလဲ "

"ရပါတယ် အမယန်လီ ဟို....ကျွန်တော် ပြန်တော့မယ် ခွင့်ပြုပါဉီး အမယန်လီ "

ထွက်ခွာသွားတဲ့  ကျောပြင်ကို ငေးကြည့်ရင်း ဘယ်လောက်တောင် ဝမ်းနည်းသွားလိုက်မလဲ ဆိုတာ ကျောပြင် က  ဖော်ပြနေသလို ။

ရိပေါ် ရှောင်ကျန့် ရဲ့ ကျောပြင်ကို ငေးကြည့်ပြီး ပြီးတော့မှ ရုံးခန်း ထဲသို့ ပြန်ဝင်သွားသည် ။

"ရှောင်သူဌေး မနက်ဖြန် ကျင်း Company က ညစာ စားပွဲရှိတယ် လုပ်ငန်း ရှင်တွေလည်း လာကြမှာ ရှောင် Company ကိုလည်း လာခဲ့ဖို့ ဖိတ်ထားတယ် "

"အင်း..လက်မှတ် ထိုးရမဲ့ ဖိုင်တွေရှိသေးလား "

"ကျွန်တော် ခဏနေ လာပို့ပေးပါ့မယ် ရှောင်သူဌေး အခု ကျင်း Company က ဖိတ်ထားတယ်ဆိုတာ လာပြောတာပါ "

"အင်း ငါ မရှိတုန်း Company ကို စောင့်ရှောက်ပေးလို့ ကျေးဇူးပါ အတွင်းရေးမှူးမင် "

"ကျွန်တော် က ပြန်ပြီး ကျေးဇူး တင်ရမှာပါ ရှောင်သူဌေး ရဲ့ ကျေးဇူး တွေ ကျွန်တော့် အပေါ် အများကြီးရှိပါတယ် ကျေးဇူး တင်ပါတယ် ကျွန်တော့် ကို အခုလို နေနိုင်အောင် ကူညီပေးခဲ့လို့ "

"ရပါတယ် အတွင်းရေးမှူးမင် "

••••••••••••••

"ရှောင်ကျန့် မင်းပုံစံက ဘာဖြစ်လာတာလဲ "

"ကျန်းချန် ရိပေါ် ပြောင်းလဲသွားတယ် ဒါပေမဲ့ ငါ သိတယ် သူငါ့အပေါ်မှာ ချစ်နေတုန်းဆိုတာ "

"ရှောင်ကျန့် မင်း ဘာလို့ ဝမ်ရိပေါ် ကို မပြောပြတာလဲ "

"ဟား....ဟား....ဘာကိုလဲ "

"မသိချင်ယောင် ဆောင်မနေနဲ့ ရှောင်ကျန့်... မင်းနဲ့ ဝမ်ရိပေါ် ရဲ့ အဒေါ်ပြောတာတွေလေ မင်း သာ ကနေဒါ မသွားဘူးဆိုရင် ရိပေါ် နဲ့ "

"တော်ပါတော့ကွာ ကျန်းချန် ရာ "

"မင်းမပြောရင် ငါ သွားပြောရမှာလား "

မင်းဖြစ်နေလို့ကိုချစ်တာ (Complete) Where stories live. Discover now