အပိုင်း (11)

2.5K 225 0
                                    


အပိုင်း (11)

"ငါ ရှောင်ကျန့် ကို ချစ်နေပြီ... "

"ဘာ.."

ကျင်းလင် နဲ့ ရွယ်ယမ် မှာ တစ်ပြိုက်နက်တည်း အသံထွက်လာသည်။ သူတို့တွေဘဲ နားကြားမှားတာလား.ယွီပင်း က ရှောင်ကျန့် ကို ချစ်နေပြီတဲ့လေ အမြဲ ကျောင်းမှာ ရန်ဖြစ်လာတဲ့ ယွီပင်း က အချစ်ကို ခံစားတတ်နေပြီလား...

••••••••••••••

"သားရိပေါ် သားရှောင်လေးရော အခုထိ ဆင်းမလာဘူးလား.."

"ဟုတ်သားဘဲ ရိပေါ် သွား ရှောင်လေးကို သွားခေါ်လာခဲ့. "

ရိပေါ် ခေါင်းငြိမ့်ကာ အပေါ် ထပ် တက်သွားသည်။

"ဒေါက်...ဒေါက်..."

ရှောင်ကျန့် တံခါး ဖွင့်ပေးလိုက်သည်။ တံခါးဖွင့်ဖွင့်ချင်းဘဲ ရိပေါ် ကို တွေ့တာနက် ရှက်ကာ ပြန်ပိတ်မယ် လုပ်ပေမဲ့ မမှီတော့ဘူး ရိပေါ် က အခန်းထဲတောင် ရောက်နေပြီ မလား.

"ပြော....ဘာ..ဘာလဲ. "

"ထမင်း စားမယ်တဲ့. "

"မစားသေးဘူး ဗိုက်မဆာသေးလို့ မင်း...မင်းသွားလို့ရပြီ "

"အခုချက်ချင်း အောက်ကို ဆင်းခဲ့.. "

"မဆင်းဘူး.."

"ဟက် မင်းက ငါ့ကို ရှက်နေတာလား..အခုချက်ချင်း အောက်ကို ဆင်းလာနော်.. "

"ငါမဆင်း."

"မဆင်းရင် ငါ မင်းကို ဘာလုပ်မိမလဲ မသိဘူးနော်.. ဟက်..နေ့ခင်းက ဆိုင်ထဲမှာ မို့ နမ်းတာနဲ့ အဆုံး သက်လိုက်တာ အခု က အခန်းထဲမှာဆိုတော့... ဘာလုပ်ရင် ကောင်းမလဲ"

"ဘာ..ဘာတွေ ပြောနေတာလဲ... ဖယ် ငါ ထမင်းသွားစားမလို့ "

မျက်နှာတွေရော နားလေးတွေပါ နီနေတဲ့ ရှောင်ကျန့် ဟာ ရှက်ကာ အောက်ထပ်ကို ဆင်းသွားသည်။

"သားရှောင်လေး လာ."

"ဟုတ်... "

ထမင်းဝိုင်းမှာလည်း ရိပေါ် နဲ့ ရှောင်ကျန့် ဟာ မျက်နှာချင်းဆိုင်ထိုင်ရတာမို့ ရှောင်ကျန့် မှာ ရှက်နေမိသည်။ ရှက်ရှက်နဲ့ ထမင်း သာ နည်းနည်း စားပြီး ရေတွေကိုသာ သောက်နေသည်။

မင်းဖြစ်နေလို့ကိုချစ်တာ (Complete) Tempat cerita menjadi hidup. Temukan sekarang