အပိုင်း (42) ( Final)
"ရှောင်းကျန့် ထတော့လေ.. ရှောင်းကျန့်.. "
"အင်း..ရိပေါ်.. "
ဝမ်ရိပေါ် သူ့ရင်ခွင်ထဲမှာ ပျင်းကြောဆွဲနေတဲ့ ရှောင်းကျန့် ကို သဘောကျသလိုလေး ကြည့်နေမိသည် ။
"မားက မင်းအတွက် ဆန်ပြုတ်လေး လုပ်လာပေးတယ် အဲ့တာ စားရအောင်လို့ "
"ငါ မျက်နှာ မသစ်ရသေးဘူး.. ငါ့ကို ချီ...ပြီးရင် မျက်နှာ လိုက်သစ်ပေး "
ကလေးလေးလို ပြုမူနေတဲ့ ရှောင်းကျန့် ကို ကြည့်ကာ ရိပေါ် သဘောတကျ ပြုံးရယ်လိုက်သည် ။ ထို့နောက် အိပ်ယာမှ အသာထကာ ရှောင်းကျန့် ကိုယ်လေးကို ကောက်ပွေ့ရင်း ရိပေါ် ရဲ့ ခြေလှမ်း လေးတွေ ဉီးတည်ရာက ရေချိုးခန်းလေးဆီ ။
ဆန်ပြုတ် စားနေရင်း ပါးစပ်မှာ ပေနေတာလေးတွေကို ရိပေါ် ဟာ ဖြေးဖြေး သာသာလေး သုတ်ပေးတယ်.. ။
"တော်ပြီ ရိပေါ် မစားချင်တော့ဘူး "
ဆန်ပြုတ်ကလည်း တစ်ဝက်လောက် ကုန်နေပြီ ဆိုတော့ ရိပေါ် လည်း ဆက်မကျွေးတော့ဘဲ ဘေးနားက စားပွဲခုံလေးပေါ် ချထားလိုက်သည် ။
"သားရှောင်း နေရတာရော အဆင်ပြေလား ဘာစားချင်လဲ ဒေါ်လေး သွားဝယ်ပေးမယ်လေ... "
"နေရတာ အဆင်ပြေပါတယ် ဒေါ်လေး.. အခု ဆန်ပြုတ် စားထားတော့ ဗိုက်ပြည့်နေပြီ "
"တစ်ခုခုဆို ဒေါ်လေးကိုပြော..ဟုတ်ပြီလား "
"ဟုတ်ကဲ့ "
"ရိပေါ်... "
စစ်ကျွေးရဲ့ ပုံစံက အထိန့်တလန့်နဲ့ ဆိုတော့ အခန်းထဲမှာ ရှိတဲ့ လူတွေက ဘာဖြစ်တာလဲ မမေးပေမဲ့ မျက်လုံး လေးတွေကတော့ ဘာဖြစ်တာလဲ ဆိုတဲ့ အမူအရာလေး ကို ပြနေသည် ။
"လီလီ မနေ့က ကားတိုက်တာ ဆုံးသွားပြီတဲ့ "
ဒါဟာ ဝမ်းသာ စရာ ကိစ္စ တစ်ခု မဟုတ်သလို ဝမ်းနည်းစရာ ကိစ္စ တစ်ခုလည်း မဟုတ်ဘူး ။ အကုန်လုံး ဟာလည်း ပုံမှန် အနေအထား တိုင်းဘဲ အေးအေးဆေးဆေး နဲ့ ရှိနေပေမဲ့ ရှောင်းကျန့် ကတော့ စိတ်မကောင်း ဖြစ်နေမိသည် ။
CZYTASZ
မင်းဖြစ်နေလို့ကိုချစ်တာ (Complete)
Fanfictionဘယ်အချိန်ကမှန်းမသိဘဲ ဖြစ်ပေါ်လာတဲ့ ရင်ခုန်သံတွေ ခံစားချက်တွေက မင်းနဲ့မှ ဖြစ်လာခဲ့တာ ရှောင်းကျန့် မင်းဖြစ်နေလို့ မင်းဖြစ်နေလို့ကိုချစ်တာ ရှောင်းကျန့်