14

2.4K 194 0
                                    


အပိုင်း (14)

"မား...သားရောက်လာပြီ ဒီကြားထဲမှာ သားမလာခဲ့မိလို့ တောင်းပန်ပါတယ် မာမား သား...သားအပေါ်ကိုလေ ဝမ်အိမ်တော် မှာ ရှိတဲ့ လူတွေက ကောင်းကြတယ်မား.....ပါပါးကတော့ အခုထိ သားကို လာမခေါ်သေးဘူး...ပါးလည်း မိသားစု အသစ်တွေနဲ့  ပျော်ရွှင်နေတယ်နဲ့တူတယ်.... "

အချိန်အကြာကြီး ရှောင်မားရဲ့ ရှေ့မှာ ဒူးထောက်ကာ ငိုနေတဲ့ ရှောင်ကျန့် ကို ရိပေါ် ရော.ယန်လီပါ  စိတ်မကောင်း ဖြစ်နေကြသည်။

"ရှောင်လေး မငိုနဲ့လေ ရှောင်လေးရဲ့ မားက ဟိုးကောင်းကင်ကနေ ကြည့်နေပြီး စိတ်မကောင်း ဖြစ်နေမှာပေါ့ "

"ဟုတ် အမယန်လီ "

"ပြန်ကြရအောင် နော်.. လာ နေလည်း မကောင်းသေးဘူးလေ နော်..လာ ပြန်ကြရအောင် "

"ဟုတ် အမယန်လီ "

ရိပေါ် လည်း စကားတိုးတိုးလေး ပြောနေမိသည်ရှောင်မားကို..။

"ကျွန်တော် ရှောင်ကျန့် ကို စောင့်ရှောက်ပေးမှာပါ ဒေါ်လေး "

••••••••••••

နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ။ ရာသီတွေလည်း ပြောင်းလဲလာလိုက်တာ အခုဆိုရင် ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် ဟာ ဆိုရင် လည်း ကျောင်းပြီး ဘွဲ့တွေ ရကုန်ပြီမို့ Wang Group ဖြစ်တဲ့ Wang Company မှာ အလုပ်တွေ ကိုယ်စီ ဖြစ်ကုန်ကြပြီ။ အသက်အရွယ် ရလာပြီဖြစ်တဲ့ ဝမ်ပါးဟာလည်း သူ့ရဲ့ မျက်စိ အောက်မှာ တဖြေးဖြေး ပြောင်းလဲလာတဲ့ ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် ရဲ့ ဆက်ဆံရေးကို ကြည့်ကာ ပြုံးမိလာတယ် ။

ရှောင်ကျန့် သူ့ရဲ့မားဆီ သွားပြီးတဲ့နေ့က စလို့.. ဝမ်ရိပေါ် ကလည်း ရှောင်ကျန့် ကို ဂရုစိုက် ပေးလာတယ် ။ ကျောင်းမှာ အိမ်မှာ ရန်ဖြစ်နေကြတဲ့ မတည့်ကြတဲ့ ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် ဟာဆိုလည်း အခုဆို Wang Company မှာတောင် အလုပ်တွေ အတူတူလုပ်နေကြပြီမလား။

ရှောင်ကျန့် နေမကောင်း တဲ့အချိန် ဆိုရင် ဝမ်ရိပေါ် ကလည်း ကုမ္ပဏီ ကို မသွားဘဲ ရှောင်ကျန့် ကို ပြုစုပေးသည်။ ကျန်တဲ့အချိန်တွေမှာ မျက်နှာခပ်တည်တည်နဲ့ စနောက်တတ်တဲ့ ရှောင်ကျန့် ဟာ နေမကောင်း တဲ့ အချိန်ဆိုကလေးတစ်ယောက်လို ဝမ်ရိပေါ် ကို သူ့အနားကနေတောင် ဘယ်မှကို မသွားခိုင်းဘဲ အနားမှာ ခေါ်ထားတယ် ။ ရိပေါ် ကလည်း ရှောင်ကျန့် နေမကောင်း တဲ့အချိန် အနားမှာနေပေးကာ ပြုစုပေးသည်။

မင်းဖြစ်နေလို့ကိုချစ်တာ (Complete) Tahanan ng mga kuwento. Tumuklas ngayon