40

1.9K 135 4
                                    

မင်းဖြစ်နေလို့ကို ချစ်တာ

အပိုင်း (40)


ဒေါ်လေးကျောင်း ရဲ့ ရှေ့မှာ.ခေါင်းငုံ့ကာ ထိုင်နေတဲ့ဝမ်ရိပေါ် နဲ့ ရှောင်းကျန့် ။

"ခေါင်းမော့ပါဉီး "


ချက်ချင်း ဆိုသလို ကုတင်ပေါ်မှာ ထိုင်နေတဲ့ ဒေါ်လေးကျောင်း ရဲ့ ရင်ခွင်ထဲ ပြေးဝင်လိုက်တဲ့ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့် ။


"ငိုမနေနဲ့လေ... ဘာလို့ ငိုနေတာလဲ ဒီကလေးတွေတော့ "



"ဒေါ်လေး အပေါ် ကျွန်တော် အမှား.."



"မလုပ်မိပါဘူးကွယ် သားရှောင်း ဒေါ်လေးအပေါ် အမှား.မလုပ်မိပါဘူး သားရိပေါ် ရော ဘဲ ဒေါ်လေး အပေါ် အမှား.မလုပ်မိပါဘူး...ဒေါ်လေးကသာ တောင်းပန်ပါတယ်... သားရှောင်းကို ပြောဆိုခဲ့မိတာတွေ ပြီးတော့ သားရိပေါ် ရဲ့ ဆန္ဒ မပါဘဲနဲ့ ဖေးဖေးနဲ့ လက်ထပ်ပွဲ တွေ အတင်းစီစဉ်ခဲ့တာ တွေ တောင်းပန်ပါတယ် သားရိပေါ်ရော သားရှောင်းကျန့် ကိုရော ဒေါ်လေး တောင်းပန်ပါတယ် သားတို့ နှစ်ယောက် ကိုလည်း ဒေါ်လေး သဘောတူပါတယ် "



ထိုအချိန် အခန်းလေးထဲ ဝင်လာတဲ့ ဝမ်ပါး ဝမ်မား နဲ့ ယန်လီ ။ အရင်က ရှောင်းကျန့် အပေါ် အမြင်မကြည်တဲ့ ဒေါ်လေးက အခု ရှောင်းကျန့် ကို ဖက်ထားလို့ပါလား ။ ပြီးတော့ သားရိပေါ် ကိုရော ဖက်ထားသေးတယ် ။


"ဒေါ်လေးကျောင်း.. "



"သမီးယန်လီ လာ...ထိုင်.."


"ဒေါက်တာက ပြောတယ် ဆေးရုံက ဆင်းရင် ဆင်းလို့ ရပြီတဲ့ ဘာမှ စိတ်ပူစရာ မရှိတော့ဘူးတဲ့ "



"ဆေးရုံက ဆင်းရအောင်လေ အဲ့ဆို "



•••••••••••



ဝမ်အိမ်တော် ရဲ့ ခြံဝန်းလေးထဲမှာ ထိုင်နေတဲ့ ဒေါ်လေး ။ လက်သည်းလေးတွေကို ညှပ်ပေးနေတဲ့ ရှောင်းကျန့် ။



"ဒေါ်လေး ဒီမှာ အအေးလေး သောက်လိုက်ဉီးမား ကိုယ်တိုင်ဖျော်ထားတာ "


"အင်း..."


"ဒေါ်လေး လက်သည်း ညှပ်လို့ ပြီးပြီ "



မင်းဖြစ်နေလို့ကိုချစ်တာ (Complete) Where stories live. Discover now