အပိုင်း (3)

3.1K 273 2
                                    


အပိုင်း.(3)

ရှောင်ကျန့် အခန်းထဲမှာ ရောက်ကတည်းက စာကို ဘဲ ကြည့်နေတယ် ကျောင်းသားတွေနဲ့ကလည်း သူနဲ့ သိတဲ့မရှိတာမို့ စာကို သာ ကြည့်နေလိုက်တယ်

ခဏလောက်ကြာတော့ ရိပေါ် တို့အဖွဲ့နဲ့ ယွီပင်း တို့ အဖွဲ့ဝင်လာကြတယ် ရှောင်ကျန့် ပြူးကြောင်ကြောင်လေး ရိပေါ် ကို ကြည့်တော့ ရိပေါ် က မျက်ခုံးတစ်ဖက်ပင့်ပြကာ ဘာလဲ ဆိုသဘောလို့ ပြတာမို့ ရှောင်ကျန့် မှာ ခေါင်းရမ်းကာ ရှေ့က ဆရာမ စာသင်တာကို ဘဲ အာရုံစိုက်လိုက်တယ်

ဒါကို ယွီပင်း က မြင်ကာ သဘောကျစွာနဲ့ အသံတိတ် ရယ်နေတယ်

"ဝမ်ရိပေါ်...... ဝမ်ရိပေါ်.... မင်းနဲ့ အဲ့ကောင်လေးနဲ့က ဘယ်လို ပက်သက်တာလဲ....."

"ဟေး...ရွယ်ယမ် အဲ့ကျောင်းသား က အသစ်လား နာမည် ဘယ်သူတဲ့လဲ"

"အသစ်....နာမည်က ရှောင်....ရှောင်....ဟေ့ ကျင်းလင် အဲ့ကျောင်းသားနာမည်က ဘာတဲ့လဲ"

"ရှောင်ကျန့် ဆိုလား ဘဲ "

"အေး ဟုတ်တယ်... ဟုတ်တယ်.. ရှောင်ကျန့်.... ဒါနဲ့ မင်းက ဘာလုပ်မလို့လဲ"

"ငါလား သူ့ကို ကစားမလို့"

••••••••••••••

နေ့ခင်း ကင်းတန်းမှာ ထမင်းစားနေတဲ့ ရှောင်ကျန့် စာပွဲမှာလည်း သူဘဲ ရှိတယ်

"ယွီပင်း ငါတို့ ဘယ်ဝိုင်းထိုင်မလဲ "

"ရှောင်ကျန့် ဆီသွားမယ်"

နားမလည်တဲ့ ကျင်းလင် နဲ့ ရွယ်ယမ် လည်း ယွီပင်း နောက်ကို လိုက်သွားကြတယ်

"ငါတို့ ဒီမှာ ထိုင်မယ်နော် "

သူ့ရှေ့ကို ရောက်လာတဲ့ သုံးယောက်ကို ကြည့်ပြီး ရှောင်ကျန့် ပြူးကြောင်ကြောင်နဲ့ ခေါင်း ငြိမ့်ပြလိုက်တယ်

"မင်းက အသစ်လား နာမည်က ရှောင်ကျန့် ဆို ဘယ်အုပ်စုထဲကလည်း.ချမ်းတာလား မင်းရဲ့ပါးက ဘယ် ကုမ္ပဏီ ကလည်း သူများ ကုမ္ပဏီ တွေမှာ ရော ရှယ်ယာဝင်ထားလား"

ယွီပင်း ကသာ မေးနေပေမဲ့ သူ့ရှေ့မှာ ထိုင်နေတဲ့ ရှောင်ကျန့် က အစားတောင်မပြတ် မေးတာလည်း မဖြေတာမို့ နည်းနည်းတော့ တင်းသွားတယ်

မင်းဖြစ်နေလို့ကိုချစ်တာ (Complete) Donde viven las historias. Descúbrelo ahora