30

2.3K 169 3
                                    


အပိုင်း (30)

တနေကုန် လည်ပတ်နေတာ အခုတော့ သူ့ရင်ခွင်ထဲမှာ ခေါင်းလေး တိုးဝင်ရင်း အိပ်ပျော်သွားခဲ့ပြီ ။ လက်ထဲမှာ ကိုင်ထားတဲ့ အရုပ်လေးကို ဝမ်ရိပေါ် ကြည့်လိုက်သည် ။ ယုန်ရုပ်လေး ခွေးပေါက်အရုပ်လေး လိပ်ရုပ်လေး ။ အဲ့အရုပ်သုံးခုကို ကိုင်ထားတာ လည်း တင်းကြပ်လို့ ။



Hotel ရှေ့ကို ကားရောက်ပြီမို့ ဝမ်ရိပေါ် ရှောင်းကျန့် ကို နှိုးမနေတော့ဘဲ ဝမ်ရိပေါ် ရှောင်းကျန့် ကို ကုန်းပိုး လာလိုက်သည် ။


"ဝမ်ရိပေါ်.... ဝမ်ရိပေါ်... "


"အင်း....မင်းနိုးသွားတာလား...အခန်းပြန်ရောက်တော့မယ် လမ်းမလျှောက်နဲ့ ငါဘဲ ကုန်းပိုးလာမယ်.. "


"အင်း....ဝမ်ရိပေါ် အရုပ်လေးရော....အရုပ်လေး တစ်ရုပ်...လိပ်ရုပ်လေး...ဘယ်ရောက်သွားတာလဲ ကားပေါ်ကျန်ခဲ့တာလား...အောက်ချပေး..သွားပြန်ရှာမလို့... "


အိပ်ချင်မူးတူးနဲ့ လိပ်ရုပ်ပျောက်နေလို့ ရှောင်းကျန့် ရှာနေမိသည် ။



"ငြိမ်ငြိမ်နေ ဒီမှာ... ငါ့ လက်ထဲမှာ "


"ပေး..."


"အခန်းထဲ ရောက်မှ ပေးမယ်လေ... "


"အင်း.."


အခန်းထဲ ရောက်တာနဲ့ ဝမ်ရိပေါ် ရှောင်းကျန့် ကို လိပ်ရုပ်လေး ပေးလိုက်သည် ။



ရှောင်းကျန့် လိပ်ရုပ်လေးကို ယူကာ ဘေးမှာ ရှိတဲ့ ခုံလေးပေါ် တင်လိုက်သည် ။ ခွေးပေါက် အရုပ်လေးရယ် ယုန် ရုပ်လေးရယ် ပြီးတော့ လိပ်ရုပ်လေး ။


"အိပ်ချင်နေပြီ ဝမ်ရိပေါ် ငါနဲ့ အတူ လာအိပ် ဆိုဖာပေါ် သွားမအိပ်နဲ့ "



"အင်း..."


အိပ်ချင်မူးတူး ဖြစ်နေတဲ့ ရှောင်းကျန့် ကို ဝမ်ရိပေါ် ရင်ခွင်ထဲ ထည့်ကာ ဖက်ထားလိုက်သည် ။


"မနက်ဖြန် တရုတ် ပြန်ရအောင် ဒီမှာလည်း လည်ပတ်ပြီးပြီးလေ ပြန်ချင်ပြီလား ရှောင်းကျန့်.. "


မင်းဖြစ်နေလို့ကိုချစ်တာ (Complete) Donde viven las historias. Descúbrelo ahora