#Unicode
နွေကျောင်းပိတ်ရက်သည် ပုံမှန်လိုပင် ထူးဆန်းမှုမရှိ၊အလုပ်တစ်ခုပိုလာသည်မှလွဲ၍။
အဲ့တာကတော့ မာတာမိခင်ရဲ့ နောင်ရေးမျှော်တွေးတဲ့ အစီစဥ်ကြောင့် နွေရာသီအင်္ဂလိပ်စာ သင်တန်းတက်လိုက်ရခြင်းပင်။
ပုံမှန်နွေကျောင်းပိတ်ရက်များလို ၉နာရီမှထ၍
မရတော့။
မနက်၇နာရီသင်တန်းမီရန် ၆နာရီခွဲလောက်ထရသည် ။
မျက်နှာသစ် မနက်စာစားကာ အဖေမောင်းတဲ့
ဆိုင်ကယ်နောက် အိပ်ငိုက်လိုက်ခြင်းသည် ဒီနှစ်နွေရဲ့နေ့စဥ်လုပ်ဆောင်မှုတစ်ခုဖြစ်လာရသည်။များပြားလှသော ရွယ်တူကျောင်းသားများ၊ အတန်းကြီးများ ၊အတန်းတစ်ချိန်ပြီးတာနှင့်နောက်အတန်းတက်ဖို့လာကြနှင့်သင်တန်းအပေါက်၀တွင် ပျားပန်းခတ်သလို၀င်ချည်ထွက်ချည် ရှုပ်နေတတ်သည့် သင်တန်းသည် ကျွန်တော့်အတွက်စိတ်ရှုပ်စရာ တစ်ခုပင်။
မနက်၈နာရီတန်းတွင် ပေါက်စကတက်နေသည်တဲ့။
သူက မနှစ်နွေတည်းက တက်ဖူးသောကြောင့် ဒီနှစ်နောက်တစ်ဆင့်အသစ်သင်ရမည်။
ကိုယ်ကတော့အခုမှ စတက်သူဖြစ်၍အခြေခံကပင်
စရအုံးမည်။
မနက်စောစော မထရအောင် ခုလက်ရှိသင်လက်စ
အခြေခံစာအုပ်မြန်မြန်ပြီးအောင်ကြိုးစားရမည် ဟုတွေးထားသည် ။
ခုသင်နေရသည့်အခြေခံတွေကလည်း
ကိုယ်သိပြီးသားတွေများသည်။ဒီစာအုပ်ပိုင်နိုင်ရင် နောက်အတန်းအမြန်ကူးလို့ရသည်ဟုဆိုသည်။
ဒီလိုနှင့်ပင် နွေပထမလမှာပင် အခြေခံစာအုပ်ပြီး၍ပေါက်စတို့အတန်းပြောင်းတက်ခွင့်ရသည်
ပေါက်စ တို့က စာတွေရှေ့ရောက်နေသော်လည်း အဆင်ပြေသည်။ ကိုယ်လည်းကိုယ့်စာကိုယ်လုပ် သူလည်းသူ့စာသူလုပ်နှင့် အတန်းမစမီ၁၅မိနစ်လောက်စောလာပြီးနှစ်ယောက်သား ပေါက်စခိုးယူလာတဲ့Mp4လေးကိုနားကြပ်တစ်ဖက်စီတပ်ရင်းCartoonကားတွေကြည့်ကြ အာလူးဖုတ်ကြနဲ့ သာသာယာယာပင်။အောင်စာရင်းထွက်သောနေ့တွင် အပြေးအလွှားအောင်စာရင်းသွားကြည့်စရာမလိုခဲ့ပေမယ့် ၊ ကျောင်းစအပ်ရမည့်နေ့တွင်တော့ စိတ်လှုပ်ရှားစွာသွားခဲ့ရသည်။
အတန်းခွဲကြေငြာထားသောဘုတ်ရှေ့ အပြေးလွှားသွားကာ ကိုယ့်နာမည်ကို Aတန်းတွင်ပါမပါကြည့်မိသည်။
ဘယ်လောက်ပဲသေချာပေါက်ဖြေနိုင်တယ်ဆိုစေကာမူ
စိုးရိမ်မှုတော့ရှိသည်။
YOU ARE READING
ချည်မိနှောင်ကြိုး တည်တံ့စေ(ခ်ည္မိေႏွာင္ကျိဳးတည္တံ့ေစ)