Epi 29

1K 31 18
                                    

#Unicode

​ထို​​နေ့က ​​နှောင်းရိပ်ဆီလည်း မ​ရောက်ဖြစ်​တော့ဘဲ အိမ်သို့ပြန်လာလိုက်သည်။
အရာအားလုံး ရှင်းလင်းသွားဖို့ အချိန်တစ်ခုပဲ ​စောင့်ဖို့ လိုအပ်​တော့တယ်လို့ ထင်မိတယ်။

**​ခေတ် မင်းပြတ်သားဖို့ ၊ သတ္တိရှိစွာ ရင်ဆိုင်ရဲဖို့ လိုအပ်တယ် သူငယ်ချင်း**

စိတ်ထဲမှ အကြိမ်ကြိမ် ရေရွတ်ရင်း သက်ပြင်းများ အခါခါချကာ တီးတိုး ​ရေရွတ်​လျက်​ သူငယ်ချင်း​ကောင်းပီသဖို့ အခြား​သောသူများအတွက် တရား​၏​လော သူမသိ​ပေ။

​(တံတားဦး အပြည်ပြည်ဆိုင်ရာ​လေဆိပ်)

ရှစ်နှစ်​​ကျော် စွန့်ခွာခဲ့ရ​သော ပြန်မလာဖို့ ရည်ရွယ်ခဲ့ဖူး​​သော သူမရဲ့ ဇာတိ​မြေသို့ သူမ ​ခြေချလိုက်သည်နှင့် ​အသက်ရှူ ကြပ်သလို ပူ​လောင်မှု​တွေက ဆီးကြို ​ပွေ့ဖက်လာသည်။

​​ခြေ​ထောက်​တွေက ခဲဆွဲထားသလိုရွေ့ဖို့ ခက်ခဲ​နေတဲ့ သူမအနား လူ​တွေက တွန်းဖယ်ကာ ထူးဆန်း​သော မျက်လုံး​တွေနဲ့ ကြည့်ရင်း ဖြတ်သွားကြတာ
သိ​ပေမယ့် သူမ ​​ခြေမလှမ်းနိုင်ခဲ့။

​နောက်ဆုံး အသက်ကို ပြင်းပြင်း ရှူသွင်းကာ တုန်ရီ​နေတဲ့ လက်တစ်ဖက်ကို အခြားတစ်ဖက်နဲ့ အုပ်ကာ ထိန်းပြီး သား အတွက် ရင်ဆိုင်နိုင်ရမယ်လို့ ​စိတ်ထဲ ​အော်ဟစ်လိုက်ပြီး သူမ ​ခြေလှမ်း​တွေက ​​စောင့်ကြို​နေတဲ့ တစ်စုံ​တစ်​ယောက်ရှိရာ ​လေဆိပ်၀င်း အတွင်းသို့။

သူမကို ပြုံးပြကာ လက်လှမ်းပြနေတဲ့ သူ့ကို မြင်​တော့ အားအင်​တွေ ရလိုက်သလို လုံခြုံမှုကိုပါ ခံစားလိုက်ရသည်။ တစ်ပြိုင်တည်းမှာပဲ တောက်ပစွာပြုံးတတ်တဲ့ မျက်လုံးကြည်ကြည်​လေး​တွေ​နေရာမှာ
မှိုင်းပြပြ မျက်၀န်း​တွေက ၀င်​ရောက်​နေရာယူ​နေ​​သလို သူ့ပါးချိုင့်​လေး​တွေက အသက်မ၀င်တာ မြင်ရ​တော့လည်း အားနာစိတ် ဖြစ်ရသည်။

သို့​သော် သူမရဲ့ တစ်ခုတည်း​​သော ခိုလှုံရာ ဖြစ်တဲ့ သူ့ကို အတ္တကြီးစွာ ပိုင်ဆိုင်ခွင့်ပြုပါ....

" ဒီဒီ ...."

သူမ lagguageကို လွှတ်ချကာ ထိုသူ့ရင်ခွင်ကို ခို၀င်ကာ ဖက်လိုက်​တော့ ​ပြန်လည် ဖက်တွယ်လာခြင်းမရှိဘဲ တောင့်​တောင့်ကြီးသာ ရပ်​​နေ​သည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now