#Unicode
မုန့်စားကျောင်းဆင်းဖြစ်၍ ခန့်ကိုနိုင် ဆီသွားကာ မုန့်စျေးတန်းမုန့်အတူသွားစား ၊
သူ့အခန်းရှေ့ကော်ရစ်တာမှာgame အကြောင်းပြောပြီး ကျောင်းပြန်တက်တော့မှာမို့ အခန်းဆီပြန်လာခဲ့လိုက်သည်။ဒီနေ့တွင်ထူးဆန်းစွာ လူတွေကျွန်တော့်ကို လိုက်ကြည့်နေသလို ခံစားရသည် ။
ခန့်ကို နဲ့စကားပြောနေကတည်းက တောက်လျှောက် လိုက်ကြည့်နေကြသလိုပင်။ကျွန်တော်မလုံမလဲ ကိုယ့်ခန္ဓါကိုယ်ကိုတစ်ချက်ပြန်စစ်မိသည် ။အကျီပြောင်းပြန်တွေဘာတေများ၀တ်ထားမိသလားလို့ ။
ဘာမှလည်းမှားယွင်းမနေပါ။ဘာလို့ လိုက်ကြည့်နေကြပါလိမ့် လို့ စဥ်းစားမရဖြစ်နေခဲ့သည်။
အခန်းထဲ၀င်တော့လည်း အတန်းထဲကသူတွေပါ
ကျွန်တော့်ကြည့်လိုက် ပြောလိုက်နဲ့။
သေချာပြီ ကျွန်တော့်အကြောင်းပြောနေကြသည်ဆိုတာ။
ကျွန်တော့်ခုံမှာ၀င်ထိုင်ပြီးတာနဲ့ နောက်ခုံမှာစာကုန်းရေးနေသော ရှိုင်းသူဘက်လှည့်ကာ မေးရတော့သည် ။"ရှိုင်းသူ အတန်းထဲမှာဘာတွေဖြစ်နေတာလဲ။
အကုန်လုံးလည်း ငါ့ကြည့်နေကြသလိုပဲ
ကိစ္စတစ်ခုခုရှိနေတာလား"သူ့သာမေးရတာ သူကစာကလွဲစိတ်မ၀င်စား ဘာဆိုဘာမှမသိ။
ရှိုင်းသူကကျွန်တော့်ကြည့်ကာ
"ငါလည်းမသိဘူး သူတို့ဘာတွေပြောနေမှန်း"
လို့ ပြောကာ စာသာ ပြန်ကုန်းရေးနေသည်။"မင်းအကြောင်းပြောနေကြတာကွ"
တစ်ဖက်ခုံက "ထက်အာကာ"ကထလာကာ ပြောလိုက်သည်။
"အမ် ငါ့အကြောင်း ငါ့အကြောင်းဘာပြောစရာရှိလို့လဲ"
ကျွန်တော်နားမလည်စွာမေးလိုက်တော့
"မင်းနဲ့ Dခန်းကတစ်ယောက် အကြောင်းလေ။
ငါလည်းမေးချင်နေတာ မင်းက သူနဲ့ရည်းစားတွေဆို "လို့ မေးလာသည်။
"ဘာ......"
ကျွန်တော်ကြားရသည်ကိုမယုံနိုင်သလိုဒေါသတကြီးအော်မိသည် ။
အတန်းထဲကသူတွေလည်းကျွန်တော့်အသံကြောင့် ၀ိုင်းကြည့်ကုန်ကြသည် ။
YOU ARE READING
ချည်မိနှောင်ကြိုး တည်တံ့စေ(ခ်ည္မိေႏွာင္ကျိဳးတည္တံ့ေစ)