Epi-19

852 26 0
                                    

#Unicode

အလုပ်ကပြန်လာပြီး ညစာစား​သောက်ပြီးတာနှင့်
အီး​မေးလ် စစ်ကြည့်​တော့ ရတီ့ဆီက ​မေးလ်တစ်​စောင်​ရောက်​နေသည်မို့ ဖွင့်ကြည့်လိုက်​တယ်။ သူအဆင်​ပြေစွာ ပြန်လည်​ရောက်ရှိသွား​ကြောင်း အစစအရာရာ အဆင်​ပြေ​ကြောင်း ​​​ပြောထားသည်။ ​
သော်တာယံနှင့်လည်းအဆက်အသွယ်ရသည်ဆိုပဲ။
နယ်​ရောက်​နေ၍ ရတီ့​မေ​မေ သတင်း ခုမှကြားမိပြီး လှမ်း​​မေးခြင်းပင်။

ထို့​နောက် ကိုယ့်နှင့်ဆိုင်သည့်​နောက်ဆုံးစာ​​ကြောင်းက
ရင်ထိတ်သွား​စေခဲ့သည်။

"နှောင်းရိပ် ​..ဒီ​ခေတ် နဲ့ နှင်းဧကရီတို့ အ​ကြောင်းက ငါတို့ သိထားသလို မဟုတ်တာလည်း ဖြစ်နိုင်တယ်။
ဒီ​ခေတ်ငါတို့ကို ၀ှက်ထားခဲ့တာ​တွေရှိ​နေတယ်။
ငါလည်း အ​ကြောင်းစုံသေချာ​မသိ​ပေမယ့် ​သော်တာယံ့ကိုဆက်သွယ်လိုက်ပါ ။
နင့်အတွက် ​​မျှော်လင့်ချက်​ရောင်ခြည်သမ်းတဲ့
သတင်း​ကောင်း​​တွေဖြစ်ပါ​စေ လို့ ငါဆု​တောင်း​ပေးပါတယ်"တဲ့။

ဒီ​ခေတ်နဲ့ နှင်းဧကရီဆိုတဲ့ ဒီ​ခေတ်ရဲ့ဇနီးကြားမှာဘယ်လိုကိစ္စ​တွေရှိ​နေတာလဲ။
ဒီ​ခေတ်က​ရော ဘာ​တွေလျှို့ ၀ှက်ခဲ့တာလဲ။
​မေးခွန်း​ပေါင်းများစွာကသာ ​ခေါင်းထဲတိုး၀င်လာသည်။ ​

**ဒီ​ခေတ် မင်း ငါ့ဆီက ထွက်သွားခဲ့ချိန်တုန်းကလည်း
ဘာအ​ကြောင်းပြချက်မှ သိခွင့်မရှိခဲ့ဘူး။
မင်းပြန်လာချိန်မှာလည်း မင်းကလျှို့၀ှက်ချက်​တွေနဲ့ ရှင်သန်​နေဆဲပဲ။
တကယ်​တော့ မင်းက ဟိုအရင်တစ်ချိန်တည်းက မင်းကမ္ဘာကို ချမပြခဲ့ဖူးပါဘူး။
ငါက​သာ မင်းဖွင့်​ပြခဲ့တဲ့တံခါးတစ်ချပ်​ရှေ့မှာ ငါ့ကမ္ဘာကို ပုံအပ်ခဲ့တာပါ။
တစ်ချိန်က ငါတို့နှစ်​ယောက်ဆက်ဆံ​ရေးဟာလည်း
ငါ့ဖက်က တိုး၀င်လာခဲ့ရပြီး မင်းဘက်က တံခါးတစ်ချပ်ဖွင့်​ပေးခဲ့ရုံအပြင်ပိုမ​နေခဲ့ဘူး။**

အ​ကြောင်းပြချက်​တွေမ​ပေးခဲ့တဲ့သူကိုပဲအပြစ်တင်​နေလို့မရဘူးမလား။
တကယ်ချစ်တယ်လို့ ​အော်​နေပြီး သူ့ကို နားလည်​အောင် ကြိုးစားမရှာ​ဖွေတဲ့ ကိုယ့်အပြစ်​ကြောင့် တစ်ကြိမ် ​ဝေးကွာခဲ့ရပြီးပြီမို့။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Où les histoires vivent. Découvrez maintenant