#Unicode
စာမေးပွဲဖြေရမည့် သစ္စာဆောင်အောက်ထပ်က
ပိတောက်ပင်ကြီးအောက်တွင်ထိုင်နေတုန်း
မင်းဆက်ကကျွန်တော့်ဘေးလာထိုင်ကာ"နှောင်းရိပ် ငါတို့စာမေးပွဲပြီးရင် ဂိမ်းဆိုင်သွားကြရအောင်"
ဟုပြောလာသည်။
"နောက်နေ့မှမသွားကြဘူးလား မင်းတို့က
စာမေးပွဲပြီးမှဆို ညနေ နောက်ကျမှာပေါ့ကွ"လို့ ကျွန်တော်ပြန်ပြောလိုက်တော့တော့
"အာ...ငါတို့က နောက်နေ့လူမစုံမှာစိုးလို့ကွ
ပြီးတော့မင်းလည်း သော်တာယံ့ အမေကြီး အကြောင်းသိသားပဲ နောက်ရက်ကျရင် အဲ့ကောင်ထွက်ရမှာမဟုတ်ဘူး။ သိပ်မနောက်ကျပါဘူး ကျောင်းနားက
ဂိမ်းဆိုင်တင်ပဲကို "သူကထပ်ပြောလာသည်။
"မင်းကလည်း လိုက်ခဲ့ပါကွ ငါရော လိုက်မှာ"
ဟုသော်တာယံကပါကျွန်တော့်တို့နားရောက်လာပြီး ကျွန်တော့်ကို မဲဆွယ်သည်။
ကျွန်တော်ကိုယ်တိုင်ကလည်းမလိုက်ချင်၍မဟုတ်။
မေမေတို့သိသွားရင် ကျွန်တော့်ကို စိတ်ဆိုးမှာအသေအချာပင်။
အရင်တုန်းက သင်တန်းလစ်ပြီး ဂိမ်းဆိုင်သွားတာကို သိသွားခဲ့တုန်းကဆိုတစ်ပတ်လောက်စကားမပြောပေ။
ထို့ကြောင့်ဒီတစ်ခါဆို စကားမပြောရုံလောက်နဲ့ပြီးမည်မထင်။ အခုကမေမေကိုကြိုလည်းပြောမလာ၍စိတ်ပူနေမလားမသိ။
သို့ပေမယ့်ခုရက်ပိုင်းကျောင်းစာမေပွဲအတွက်စာကျက်နေရသည်နှင့် ဂိမ်းဆိုင်ဘက်မရောက်သည်မှာအတော်ကြာပြီ။
သွားရမလား မသွားရမလားဝေခွဲရခက်စွာပင်နောက်ဆုံးတော့
"လိုက်မယ်ကွာ သွားကြတာပေါ့" လို့ ပြောလိုက်သည်။
မေမေကိုတော့ စာမေးပွဲခန်းကထွက်လာမှ
ဖုန်းဆက်ပြီး ခွင့်တောင်းတော့မယ်လို့တွေးလိုက်သည်။
မေမေခွင့်ပြုဖို့သာ ဆုတောင်းရမည်။" ငါရော လိုက်မှာနော်"
ကျွန်တော့်ကို လာခေါ်တဲ့ကောင်တွေမှာ အံ့အားသင့်စွာ အသံလာရာ သူတို့နောက်သို့လှည့်ကြည့်နေကြသည်။
ကျွန်တော်တို့ထိုင်နေတဲ့နားကို လျှောက်လာရင်း ကျွန်တော့်ရှေ့ရပ်ကာ ပြောလာတဲ့ဆောင်းဒီခေတ်။
YOU ARE READING
ချည်မိနှောင်ကြိုး တည်တံ့စေ(ခ်ည္မိေႏွာင္ကျိဳးတည္တံ့ေစ)