#Unicode
*တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ် *
မနက်၈နာရီဆိုက်ရောက်မယ့်လေယာဥ်အတွက် မနက်၇နာရီကတည်းက မေမေရဲ့ ဆော်သြမှုကြောင့်လေဆိပ်မှာလာထိုင်စောင့်နေရသည်။မနေ့ညက ဘုရားမှာတွေ့ခဲ့ရတဲ့ တစ်စုံတစ်ယောက်အကြောင်းစဥ်းစားရင်း အတွေးတွေကအတိတ်ကနေ့ရက်တွေဆီအလည်ရောက်သွားဖြစ်ကာ လင်းရောင်ခြည်သန်းစပြုမှအိပ်ပျော်သွားသည်။
အခုတော့ နာရီကြည့်လိုက် ငိုက်လိုက်နှင့် ဖြတ်သွားဖြတ်လာလူတွေကတောင် သူ့ကြည့်သွားကြသည်။မကြာခင်မှာပင် လေယာဥ်ဆိုက်ကာ ခရီးသည်အသီးသီးထွက်လာပြီဖြစ်၍လာကြိုသည့်လူများလည်း ရုတ်ရုတ်သဲသဲဖြစ်လာတာကြောင့် ကျွန်တော်လည်းထိုင်ရာမှထကာ သူမ ကို ရှာလိုက်သည်။
လည်ပိတ်ဆွယ်တာဖြူလွှလွှလေးပေါ်မှာ ကုတ်အကျီအနက်နဲ့ စတိုင်လ်ပန်ဘောင်းဘီအနက်ကိုပါ တွဲဖက်၀တ်ထားတဲ့သူမက အနောက်နိုင်ငံမှာနေသူဖြစ်တာမို့ ဖွေးနုနေသည့် အသားအရေနဲ့လိုက်ဖက်စွာ လူကြားထဲမှာထင်းနေသည်။
ပိတုန်းရောင်ဆံပင်ရှည်ကိုမြှောက်စည်းထားကာ လည်တိုင်ကျော့ကျော့တွင် မာဖလာ အနီလေးကို ပတ်ထားသေးသည်။
ကျွန်တော့်ကိုမြင်တော့ အပြုံးတစ်ခုကိုဆင်မြန်းကာ
ခရီးဆောင်အိတ်လေးဆွဲရင်းဖြည်းဖြည်းမှန်မှန်လျှောက်လာတဲ့ သူမ ဟာ တက်ကြွမှု၊ရဲရင့်မှုတွေနဲ့ ထက်မြက်တဲ့မိန်းကလေး တစ်ယောက်ပုံရိပ်ထင်ဟပ်နေသည်။
ယုံကြည်ရာအိပ်မက်တွေကို အကောင်ထည်ဖော်ကာ နူးညံ့တဲ့စိတ်ထားကိုပါပိုင်ဆိုင်ထားတဲ့သူမဟာ ကျွန်တော့်ရဲ့ လက်တွဲဖော် မိန်းကလေး"ရတီဦး"တဲ့ ....။"နှောင်းရိပ် စောင့်နေရတာကြာပြီလား..."
အနားရောက်လာကာ သူမက ဆိုသည်။"အွန်း ...ငါစောရောက်နေလို့ပါ"
သူမ လက်ထဲက ခရီးဆောင်အိတ်လေးကိုပြောင်းယူပေးကာပြောလိုက်သည်။
အိမ်ပြန်လမ်းတစ်လျှောက်တော့ သူမရဲ့ လက်ရှိလုပ်နေတဲ့သုတေသန အကြောင်း သူမအမေကျန်းမာရေးအကြောင်းတွေမေးဖြစ်သည်။
သူမကလည်း ကျွန်တော့်အလုပ်အကြောင်းမေးလာတော့ ပုံမှန်ဆို အဆင်ပြေတယ် လို့ဖြေမိလိမ့်ပေမယ့်
အခုတော့ ကျွန်တော်တိတ်ဆိတ်သွားမိသည်။
YOU ARE READING
ချည်မိနှောင်ကြိုး တည်တံ့စေ(ခ်ည္မိေႏွာင္ကျိဳးတည္တံ့ေစ)