#Unicode
"မင်းကို ငါတောင်းပန်ပါတယ်"
တကယ် တိုးညှင်းလှတဲ့အသံလေးနဲ့ တောင်းပန်ပါတယ်လို့ပြောလာသည့်သူ့ပုံစံက မ၀ံ့မရဲ။
ကျွန်တော့်မှာ နားကြားများမှားသလားလို့ အံ့အားသင့်ရသည်။
ဘာမှပြန်မပြောတဲ့ကျွန်တော့်ကို သူကမော့ကြည့်လာသည်။"မင်းငါပြောတာကြားလား... "
ကျွန်တော် ကြားမှကြားလိုက်ရဲ့လားဆိုသည့်ပုံစံနှင့် မျက်ခုံးနှစ်ဖက်တွန့်ကွေးကာ စိုက်ကြည့်နေတော့
ကျွန်တော့်မှာ အမြန်ပြန်ဖြေရသည်။မဟုတ်ရင်
အဆင်ပြေကာနီးမှ ထပ်စိတ်ဆိုးသွားလျှင်
မကောင်းဘူးလေ။"အွန်း ငါကြားပါတယ် နည်းနည်းအံ့သြသွားလို့
မင်းက တောင်းပန်စကားပြောလာတော့..."" အဟမ်း..ငါ..ငါခုချိန်ထိ ဘယ်သူ့မှတောင်းပန်စကားမပြောဖူးဘူး"
သူ့ အနေနဲ့ ထိုသို့ပြောရသည်မှာ အနေခက်ရသည်ထင် လက်တစ်ဖက်နဲ့ လည်ပင်းကို ပွတ်နေသည်။"ငါလည်း တောင်းပန်တယ်နော် ...ငါ ဖြဲလိုက်တုန်းက တကယ် အိမ်စာ စာအုပ်မှန်း မသိခဲ့တာပါ
မင်းယုံပါ့မလားမသိပေမယ့် ငါအမှန်ပြောတာပါ...""အွန်း ငါယုံပါတယ်"
သူကျွန်တော့်ကိုပြုံးပြကာ ဆိုလာသည်။ဒီလိုနဲ့ကျွန်တော်တို့ရဲ့ ရန်ပွဲလေးက အဆုံးသတ်သွားတော့သည်။
အဆိုးတွေနဲ့စတင်ခဲ့တဲ့အရာတွေဟာ
အမြဲတမ်း မကောင်းတာတွေပဲဖြစ်နေလိမ့်မယ်လို့
မင်းတို့ထင်သလား ....
ကျွန်တော်ကတော့
အဆိုးတွေဟာ လှပတဲ့အရာတွေဖြစ်တည်ဖို့
ပံ့ပိုးထားတဲ့ နောက်ခံဆေးရောင်တွေလို့ပဲ
ခံစားနားလည်ထားတယ်....." ဟျောင့် နှောင်းရိပ် မင်းမနေ့ကငှားသွားတဲ့ငါ့သင်္ချာ မှတ်စု ပြန်ပေးအုံး"
လို့ ပြောရင်း ကျွန်တော့်တို့နား လျှောက်လာသော ဒီခေတ်။"အော် အေး ငါထမင်းစားပြီးရင် လာပေးတော့မလို့ "
လို့ ပြောကာ ခုံပေါ်ကစာအုပ်ကို လှမ်းပေးလိုက်သည်။
သူကကျွန်တော့်လက်ထဲကစာအုပ်ကိုယူပြီး
သော်တာယံ့ ဘေးခုံမှာ၀င်ထိုင်ကာ သော်တာယံနဲ့ ဂိမ်း
အကြောင်းပြောနေရင်း ထမင်းချိုင့်ပြန်သိမ်းနေတဲ့ ကျွန်တော့်ကိုလှမ်းကြည့်လာကာ
YOU ARE READING
ချည်မိနှောင်ကြိုး တည်တံ့စေ(ခ်ည္မိေႏွာင္ကျိဳးတည္တံ့ေစ)