#Unicode
"တီ...တီ...."
နာရီနှိုးစက်မြည်သံနဲ့အတူ အိပ်ယာကနေနိုးထလာခဲ့တယ်။ အိပ်ယာပေါ်ကနေ အကြောဆန့်ပြီး မနက်ခင်းလုပ်ငန်းဆောင်တာတွေလုပ်လိုက်တော့တယ် ။
အကုန်ပြီးစီးလို့ အလုပ်အိတ်နဲ့ ကားသော့ဆွဲယူပြီးအောက်ထပ်ဆင်းလာတော့ မနက်စာစားဖို့ စောင့်နေတဲ့မေမေ။
" မောနင်း မေမေ"
မေမေကိုနှုတ်ဆက်လိုက်ပြီး စားပွဲမှာ၀င်ထိုင်လိုက်သည်။
မေမေက ကျွန်တော့်ရှေ့က ကော်ဖီပန်းကန်ထဲကော်ဖီငှဲ့ပေးရင်း သူမရဲ့မူပိုင် အပြုံးလေးနဲ့ မေးလာသည်။"သား အလုပ်မှာ အဆင်ပြေရဲ့လား "
ကျွန်တော်နှုတ်ခမ်းပါးလေးတွန့်သွားရုံ အပြုံးယဲ့ယဲ့လေးပြုံးပြရင်း
"ပြေပါတယ် မေမေ " ဟုသာဖြေလိုက်သည်။တစ်စုံတစ်ယောက်နဲ့ အမှတ်မထင်ပြန်တွေ့ကြောင်းကိုတော့ ပြောပြမနေဖြစ်ခဲ့ ။
မနက်စာစားပြီးတာနဲ့အလုပ်သို့လာခဲ့လိုက်သည်။
တစ်ချိန်က ရင်းနှီးခဲ့ပြီးခုချိန်မှာ သူစိမ်းဖြစ်သွားတဲ့ တစ်ယောက်သောသူနဲ့ နေ့စဥ်တွေ့ မြင်နေရမယ့် ကိစ္စက အနည်းငယ် စိတ်မသက်မသာဖြစ်စေတယ်။
အခုချိန်မှာသူရောကိုယ်ပါ မသိကျွမ်းခဲ့တဲ့ သူတွေလိုနေရင်း အလုပ်ပါတနာ အဖြစ် ဆက်ဆံသွားရင် အဆင်ပြေသွားမှာပါလို့သာ တွေးလိုက်တော့တယ်။ကျွန်တော်တို့ နေ့လည်ပိုင်း အစည်းဝေးပြီးတော့ အလုပ်ကလူကြီးတွေနှင့်နေ့လည်စာစားဖို့ ခေါ်တော့ ငြင်းရမည်လည်း အဆင်မပြေ။ သူကတော့ ပုံမှန်ဘာမှမဖြစ်သလိုပင်။
ကျွန်တော်လည်း သူတောင် အဆင်ပြေတာပဲလေလို့တွေးပြီး အားလုံးနေ့လည်စာစားဖို့ ထွက်ခဲ့လိုက်သည်။
ဆိုင်တွင်စားသောက်ကာ လုပ်ငန်းအကြောင်းပြောကြရင်း ဖြင့် ဌာနမှူးက ဆောင်းဒီခေတ်အကြောင်းတွေကိုစပ်စုနေသည်။"ကိုဆောင်းဒီခေတ်က Singapore ကပဲကျောင်းပြီးတာလား"
ရှေ့ဖန်ခွက်ကိုလှမ်းယူကာ သူ့မူပိုင်အပြုံးတစ်ပွင့်နဲ့အတူ
VOCÊ ESTÁ LENDO
ချည်မိနှောင်ကြိုး တည်တံ့စေ(ခ်ည္မိေႏွာင္ကျိဳးတည္တံ့ေစ)