Epi-30

1.2K 32 8
                                    

#Unicode

အိပ်​နေတုန်း တစ်​ယောက်​ယောက်က စိုက်ကြည့်​နေသလို ခံစားရပြီး နိုးလာတယ်။
မျက်လုံးကို လက်နဲ့ဆွဲပွတ်ကာ ​​မှေးစင်းစွာဖွင့်ကြည့်လိုက်​တော့ ကြမ်းပြင်​ပေါ် ဒူးတုပ်ထိုင်ကာသူ့ကိုပြုံးကြည့်​နေတဲ့ နှင်းကို​တွေ့လိုက်ရသည်။

ဆိုဖာ​ပေါ်လှဲ​နေရာမှ ထထိုင်လိုက်ကာ

"နှင်း နိုး​နေပြီလား....ဘာလို့ ဒီမှာလာထိုင်​နေရတာလဲ"

ကျွန်​တော်​မေးလိုက်​တော့ သူမက ကျွန်​တော့်လက်​တွေကို ဖမ်းဆုပ်ကာ

" ​​ကျေးဇူးတင်ပါတယ် ဒီဒီ ။နှင်းတို့သားအမိရဲ့ ဘ၀ကို ​လုံခြုံ​အောင်စောင့်​ရှောက်​ပေးလို့"

ကျွန်​တော့်လက်ကို ဆုပ်ကိုင်ထားတဲ့သူမ လက်​တွေက​​နေ ရုန်းထွက်ကာ သူမ လက်ဖမိုး​​ပေါ်က​နေ ပြန်လည် အုပ်မိုးကိုင်ရင်း

"​ကျေးဇူးတင်စရာမလိုပါဘူး ။ နှင်းက ငါ​စောင့်​ရှောက်ရမယ့် ငါ့ရဲ့ညီမ​လေးပဲ​လေ"

ကျွန်​တော့်စကား​ကြောင့် ပြန်လည်ပြုံးပြလာတဲ့သူမအပြုံးတို့​မှေးမှိန်​နေ​ပေမယ့် လျစ်လျူရှုပါရ​စေ။
​တောင်းပန်ပါတယ် နှင်း။
ငါ့နှလုံးသားကို တစ်စုံတစ်​ယောက်ဆီမှာ အပြီးပိုင် အပ်နှံထားခဲ့ပြီမို့ ​​မေတ္တာတရားကလွဲ အခြားမ​ပေးနိုင်တာ နားလည်​ပေးပါ။

ထိုသို့ စိတ်ထဲက​နေ ​တီးတိုး​ပြောဆိုလိုက်​ပေမယ့်
တကယ့်လက်​တွေ့တွင်​တော့

" ည​နေ ​အလုပ်ကပြန်လာရင် ဟော့​ပေါ့ သွားစားကြမလား။ သားသားလည်း ​နေ​​ကောင်း​နေပြီဆို​တော့"

"အွန်း သွားကြတာ​ပေါ့။ ပြီး​တော့ ဘွားဘွားအိမ်​လေးဆီကိုလည်း သွားကြည့်ချင်​သေးတယ်"

အဖျားခတ် တုန်ယင်သွားတဲ့ အသံ​​လေးနဲ့ ​ပြောလာတဲ့ သူမကို ပုခုံး​လေး ခပ်ဖွဖွပုတ်​ပေးလိုက်ပြီး မျက်နှာသစ်ဖို့ ထလာလိုက်သည်။

​​သူ့အိမ်ပြန်​ရောက်သွားကတည်းက ​ပျောက်ချက်သား​ကောင်း​နေ​သော ​သော်တာယံ့ကို ​နှောင်းရိပ်ကပဲ ဖုန်းစဆက်လိုက်သည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Onde histórias criam vida. Descubra agora