#Unicode
မန္တလေး ပြန်ရောက်တုန်း လာတွေ့မယ် လုပ်နေသော အဘွားကြောင့် သားပဲလာခဲ့ပါ့မယ် ပြောလိုက်ရသည်။
ဒီနေ့မှရောက်တယ် သတင်းကြားလို့သာပေါ့ မနေ့က ရောက်တယ်လို့သာ သိကြည့် နှောင်းရိပ် အိမ်ကို ချက်ချင်းလိုက်လာအုံးမှာ ။
အခုလည်း အိမ်ထဲခြေချတုန်းရှိသေး မေ့မေ့ဆီဖုန်းဆက်ကာ မလာသေးဘူးလား လှမ်းမေးနေ၍ အထုတ်တွေပင် မသိမ်းခဲ့ဘဲ အ၀တ်စားလဲကာ အဒေါ် အပျိုကြီးနှင့် အတူနေသော အဘွားအိမ်ရှိရာ အမရပူရ ကို ဆိုင်ကယ် နှင့် ထွက်လာခဲ့လိုက်သည်။
အရိပ်ရ အပင်တွေအုပ်ဆိုင်းနေတဲ့ ခြံ၀န်းလေးက အရင်ကအတိုင်း မပြောင်းလဲ။ ဆိုင်ကယ် ဟွန်းတီးလိုက်တော့ ရွာကခေါ်လာတဲ့ ဆွေမျိုးနီးစပ် ကောင်မလေး သန်းသန်းက ခြံတံခါး လာဖွင့်ပေးပြီး
"အစ်ကိုသော် ရေ အဘွားက ခုထိ ထမင်းမစားဘဲ အစ်ကိုလာမှစားမယ်ဆိုပြီး စောင့်နေတာ " ဟုဆိုသည်။
အိမ်ရှေ့ ဆင်၀င်အောက်မှာ ဆိုင်ကယ် ရပ်ထားခဲ့ပြီး အရင်တုန်းကပုံစံ နှစ်ထပ်တိုက် အိမ်လေးထဲ ၀င်လိုက်တော့ ကျွန်းစတီကြီးပေါ်မှာထိုင်ပြီး ကျွန်တော့်ကို မျှော်နေတဲ့ အဘွားက မတ်တပ်ထရပ်ပြီး
"အမလေး ယံလေး ငါ့မြေးလေး ပိန်သွားတယ် အစားကောင်းကောင်းမစားဘူးလား ။ ဒီနေ့တော့အဘွားက ငါ့မြေး ကြိုက်တာတွေချည်း ချက်ခိုင်းထားတယ်"
"အဘွားပြောမှ သားတောင် ဗိုက်ဆာ လာပြီ"
ကျွန်တော်ပြောလိုက်တော့ ထမင်းစားခန်းထဲ ဆွဲခေါ်သွားသည့် အသက် ၇၀ကျော် အဘွားက သန်တုန်းမြန်တုန်းပင်။
ကျွန်တော့်အကြိုက် ဟင်းတွေချည်းချက်ထားကာ ပန်းကန်ထဲကို ဟင်းတွေ အပြည့်သိပ် တစ်မျိုးပြီးတစ်မျိုးခပ်ထည့်ပေးနေသော အဘွားကို
"အမေရယ် ယံလေး ပန်းကန်ထဲပြည့်သိပ်နေပြီ ပြီးမှထပ်ထည့်ပေးပါ"
တော့လို့ ကြီးကြီး ၀င်ပြောမှ သူ့ထမင်းစစားတော့သည်။
KAMU SEDANG MEMBACA
ချည်မိနှောင်ကြိုး တည်တံ့စေ(ခ်ည္မိေႏွာင္ကျိဳးတည္တံ့ေစ)