#Unicode
"ယံလေး သား "
ဟုတ်ပါတယ် သူမဟာ ဒီခေတ်ရဲ့ အမေ ပါ။
"အန်တီ ဒါဆို ဒီကလေး ဒီကလေးက.."
ကျွန်တော် သူမကို ကြည့်ကာ မေးတော့ သူမက ပြုံးပြုံးလေးနဲ့ ခေါင်းငြိမ့်ကာ
"ဟုတ်တယ် သူလေးက ဒီခေတ် သားလေးလေ"
ဟုဆိုကာ ကလေးကို ပွေ့ချီလိုက်တာကြောင့် သူလည်း မတ်တပ်ထရပ်လိုက်သည်။
ဘေးက ၀ိုင်းအုံကြည့်နေတဲ့လူတွေကလည်း သူတို့ အခြေနေမြင်ပြီး ဘာမှမဖြစ်တာသိပြီး ထွက်သွားကြလေပြီ။
ကျွန်တော်လည်း ရပ်ထားတဲ့ ဆိုင်ကယ်လေးကို တွန်းပြီး အဘွားဖြစ်သူပုခုံးပေါ် ခေါင်းလေးတင်ထားတဲ့ ကလေးလေးကို ကြည့်ရင်း အိမ်လေးဆီကို လိုက်သွားခဲ့တယ်။
"မေမေ သားသား ဘာဖြစ်သွားသေးလဲ။
အိမ်ရောက်ရောက်ချင်း မထွေးက သားသား
ဆိုင်ကယ် တိုက်မိတယ်ပြောလို့ အခုပဲ လိုက်လာတော့မလို့ "အခုမှ အလုပ်က ပြန်လာဟန် တူသော ဒီခေတ်က နောက်က ကျွန်တော့်ကို မမြင်ဘဲ သူ့သားကို စိုးရိမ်တကြီး ကြည့်ကာပြောနေသည်။
"မြေးလေးက ဘာမှမဖြစ်ပါဘူး။
မခိုက်မိဘူး နည်းနည်း လန့်သွားရုံပါ ။
ဒဏ်ရာရသွားတဲ့သူက နောက်မှာ ပါလာတယ်"အန်တီပြောမှ နောက်ကို ကျော်ကြည့်ရင်း အံ့သြသွားတဲ့ ဒီခေတ်
"သော်တာယံ"
နှုတ်ခမ်းလှုပ်ရုံ သူ့နာမည်ကို ခေါ်လိုက်တဲ့ ဒီခေတ်က မျှော်လင့်မထားတဲ့ သူ့ကို တွေ့လိုက်ရတော့
အတော်လည်း အံ့အားသင့်သွားတယ် ထင်တယ်။ကျွန်တော့်လက်က ဒဏ်ရာကိုမြင်မှ အနားလာကာ ဆိုင်ကယ်ကို ယူလိုက်ပြီး ဘေးမှာရပ်လိုက်တယ်။
ပြီးတော့ အိမ်ထဲကိုလိုက်ခဲ့ဖို့ ခေါ်သွားခဲ့တယ်။ဆေးအိတ်ယူလာကာ သူ့လက်ကဒဏ်ရာကို
ဆေးထည့်ပေးနေတဲ့ ဒီခေတ်ကို ကြည့်ကာ သက်ပြင်းချရင်း
YOU ARE READING
ချည်မိနှောင်ကြိုး တည်တံ့စေ(ခ်ည္မိေႏွာင္ကျိဳးတည္တံ့ေစ)