Unicode
❏ ❏ ❏ ❏ ❏ ❏လေဆိပ်မှာ လှလှပပ ဝတ်စားထားကာ လာကြိုမည့်သူကို ထိုင်စောင့်နေသော မိန်းမလှလေးတစ်ယောက်။
အနီးအနားက ဖြတ်လျှောက်သွားသူတိုင်းကလည်း ရုပ်ဆင်သည်။လှသည်။ဆွဲဆောင်မှုရှိသည်ဟူ၍ သမင်လည်ပြန် ငေးကြည့်ကြ၊ လှည့်ကြည့်ကြ၊ ဓာတ်ပုံရိုက်ကြနဲ့ ထိုမိန်းမလှလေးကတော့ နေသားကျနေတဲ့အတိုင်း အေးဆေး ဆက်ထိုင်နေကာ ဖုန်းကိုသာ သုံးနေသည်။
မမတို့နဲ့ ကိုယ့်မွေးရပ်မြေနိုင်ငံထဲ ခရီးသွားပြီး မကြာ DH entertainment ဆိုသော်လည်း DH ဆိုသည့်နာမည်ဆိုသည်နှင့် စီးပွါးရေးရှင်တွေ တော်တော်များများ သိလေသည်။မားမားနဲ့ မမဆိုလည်း ကမ်းလှမ်းခံရတုန်းက ကုမ္ပဏီကောင်းဆိုပြီးတောင် ပြောကြသေးသည်။အနုပညာပိုင်း agencyဘက်တင်မက အခြားလုပ်ငန်းအမျိုးမျိုးကိုလည်း ကုမ္ပဏီခွဲတွေ ဖွင့်ထားကာ အောင်မြင်နေသော ကုမ္ပဏီတစ်ခုပေ။
ထိုအချိန် အနားကို ရောက်လာတဲ့သူတစ်ယောက် လက်ရှည်ကော်လန်အင်္ကျီကို စကပ်ဒူးလောက်ထိနဲ့ ဝတ်ထားကာ အတွင်းရေးမှူးတစ်ယောက်ဟန်ပန်အပြည့်ဖြင့် ရှိလေသည်။
[A/N-အခြားနိုင်ငံဘာသာစကားကို (")ဖြင့် သုံးမည်ဖြစ်၍ အမိမြန်မာစကားဆို (')ဖြင့် သုံးသွားပါမည်]
"ရောက်နေတာ ကြာသွားပါပြီလားရှင့် နောက်ကျသွားလို့ တောင်းပန်ပါတယ် လမ်းမှာ ပြဿနာလေး တက်နေလို့ပါ"
ဖြေရှင်းချက်နဲ့အတူ တောင်းပန်ပါသော်လည်း နားလည်ပေးတတ်သူမို့ ဘာမှ အပြစ်တင်ပြောဆိုမနေ။ဝတ်ထားတဲ့ မျက်မှန်အမည်းကို ဟန်ကျကျ ချွတ်လိုက်ကာ ချိုသာသော အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"ရပါတယ်ရှင့်"
"ဆု..ဆုမြတ်!"
အနီးက လူတစ်ယောက်က နာမည်ကို အော်ပြောလိုက်တော့ ရုပ်တူတယ်လို့ ထင်နေတဲ့သူတွေရော ငေးနေတဲ့သူတွေရော အံ့ဩတကြီးဖြင့် အနားကို ရောက်လာကြလေသည်။
လူအုပ်ကြီး အနားပတ်ပတ်လည်ကို ရောက်လာသည်နှင့် လာကြိုသည့် မိန်းကလေးက အချက်ပြကာ ကိုယ်ရံတော်တို့နှင့် တားထားလိုက်သည်။
YOU ARE READING
မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥