Part-26

2.2K 182 6
                                    

Unicode

ရုံးခန်းထဲ ရောက်ပြီး မကြာ အမAkikoက ဖိုင်တွဲတွေ လာပို့ပေးငည်နှင့် ဟာရူလည်း အလုပ်စားပွဲပေါ် ခေါင်းစိုက်ရတော့သည်။

"အော် ဘေဘီ မားမားတို့ကို လှမ်းမပြောရသေးဘူးမလား"

"အာ ဟုတ်သား"

အလုပ်လုပ်နေရင်းကနေ လှမ်းပြောလာသည့် ဟာရူကြောင့် မေ့နေတာကို သတိရကာ ဆုမြတ်လေး မားမားတို့ဆီ ဖုန်းလှမ်းဆက်ပြီး အရင်တစ်ခေါက် နေပြန်ကောင်းသွားရင် လာခဲ့မယ် ပြောထားကာ ဘီ အလုပ်ကိစ္စရှိလို့ ၁ပတ်လောက် ကြာမည့်အကြောင်း ပြောလိုက်သည်။

'ဟုတ်ပါပြီ အဲ့ဒါဆို ဂရုစိုက်အုန်းနော် အငယ်လေး နေမကောင်းဘူးဆိုလို့ မားမားမှာ အရမ်းစိတ်ပူသွားတာ'

'ဟုတ်ကဲ့ပါရှင့် အရမ်းကြီး စိတ်မပူပါနဲ့ မားမားရယ် ဆုလေးကို ဂရုစိုက်ပေးတာ နှစ်ယောက်တောင် ရှိတာပဲကို'

'အခုတော့ နေမကောင်းရင် ငယ်ငယ်ကလို မားမား တစ်ချိန်လုံး ဂရုစိုက်ပေးမှာမျိုး မလိုတော့ဘူးပေါ့'

'မားမားကလည်း အဲ့လို ပြောတာ မဟုတ်ပါဘူး ဆုလေးက မားမားတို့ အရမ်းကြီး စိတ်ပူနေရလွန်းလို့ ပင်ပန်းမှာစိုးလို့ပါ မားမား ဂရုစိုက်ပေးတာ မိန်းမရလို့ ကလေးနောင် မွေးပြီးရင်တောက် လိုချင်တုန်းပဲ'

'ဟားဟား ဟုတ်ပါပြီရှင် အဲ့ဒါဆို အခု ဟာရူ အနားမှာ ရှိနေတယ်မလား'

'ဟုတ် ရှိတယ် မားမား'

'ဟုတ်ပြီ တစ်ယောက်တည်း ထားထားတာမျိုး ဖြစ်နေမှာစိုးလို့ မေးကြည့်တာပါ'

'တစ်ယောက်တည်း ထားဖို့ နေနေသာသာ ဘယ်သွားသွား ခေါ်ခေါ်သွားတတ်ကြလို့ ဒီကို ရောက်တာ နှစ်နဲ့တောင် မချီသေးဘူး နေရာတိုင်း ရောက်ဖူးနေပြီ'

'ဟားဟား အဲ့လိုကြားရတော့လည်း မားမား စိတ်ချပါပြီရှင် ဒါဆို မားမား ဖုန်းချလိုက်တော့မယ် ဟာရူ နဲ့ ဘီကိုလည်း ကျန်းမာရေး ဂရုစိုက်ဖို့ ပြောတယ်လို့'

'ဟုတ် မားမား ဒါပဲနော်'

"ဘေဘီက မားမားကို ပိုချစ်တာပေါ့လေ"

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥Tahanan ng mga kuwento. Tumuklas ngayon