Unicode
"ဘီ ဘယ်ရောက်သွားတာလဲမသိဘူး ဟိုမှာ သမီးလေးပဲ Toraလေးရေ မာမီ ဘယ်လိုနေလဲ ကြည့်ကောင်းရဲ့လား"
"ကြည့်ရဆိုးချက်ပဲ မာမီ"
"အယ်"
ဆုမြတ်လေးကတော့ သမီးလေးကို တွေ့လို့ အပြေးအလွှား လှမ်းမေးလိုက်တာ သမီး ပြန်ဖြေလာတဲ့ စကားကြောင့် ဆွံ့အသွားရသည်။
လက်ပြတ်ခါးတိုအကျီခရမ်းရောင်လေးကို စကပ်ပေါင်တိုကိုမှ ခွဲကြောင်းလေး ပါသေးတဲ့ စကပ်အဖြူလေးနှင့် တွဲဝတ်ထားတာ ဆုမြတ်လေးရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလှလှနဲ့ လိုက်ဖက်လွန်းတာကြောင့် ကလေးအမေဟု ပြောရင် ယုံကြလောက်မည်တောင် မဟုတ်။
ဆုမြတ်လေးကိုယ်တိုင် ထိုသို့ ထင်နေမိတာ၍ သမီးလေးတို့လည်း လှတယ် ပြောလောက်မယ် ထင်ထားတာ အခုတော့ မျှော်လင့်ထားတာနဲ့ လုံးဝ ပြောင်းပြန်ဖြစ်သည့် တုံ့ပြန်မှုကိုသာ ရရှိလိုက်ရသည်။
"မာမီနဲ့ မလိုက်ဘူးလား တခြားတစ်ခု လဲလိုက်ရင် ကောင်မးလား သမီးလေး မာမီ တစ်ကယ် ကြည့်ရဆိုးနေတာလား"
ဆုမြတ်လေး ထပ်မေးလိုက်တော့ ခေါင်းအစ ခြေအဆုံး တစ်ချက်ကြည့်ပြီး ဘာမှမပြောဘဲ လှောက်ထွက်သွားတဲ့ သမီးလေးကြောင့် ကြောင်တောင်တောင်လေး ကျန်ခဲ့သည်။
"မာမီရေ မေမေဟာရူ အောက်မှာ စောင့်နေပြီနော်"
သားလေးမှာ လှေကားကနေ ပြေးတက်လာပြီး ဟာရူစောင့်နေပြီဖြစ်ကြောင်း အသိပေးလာသည်။
သို့ပေမဲ့ သူ့မာမီ မျက်နှာမကောင်းတာ မြင်လိုက်ရတော့ အနားကို သွားပြီး လက်လေးကို လှမ်းကိုင်လာကာ စိတ်ပူစွာ မေးလိုက်သည်။
"မာမီ ဘာဖြစ်လို့လဲဟင် မျက်နှာလည်း မကောင်းဘူး"
"ခုနက မာမီ Toraလေးကို မေးလိုက်တာ မာမီ ကြည့်ကောင်းရဲ့လားဆိုတာကို ကြည့်ရဆိုးချက်ပဲတဲ့ မာမီ အဲ့လောက် ကြည့်ရဆိုးနေလား Kotaလေး"
"မဟုတ်တာ မာမီရယ် သားမျက်လုံးထဲ မြင်ဖူးသမျှတွေထဲ မာမီက အလှဆုံးပဲ အခုဆို လှလှပပလေး ဝတ်ထားတာ ပိုလို့တောင် လှနေသေး အပြင်သွားရင် မာမီ့ကို ဝိုင်းကြည့်နေမှာတောင် သားက စိုးရိမ်နေတာ"
VOUS LISEZ
မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥