Part-25(🥵💦)

6.5K 214 7
                                    

Unicode

"အဲ့ဒါဆို ဘေဘီ မားမားတို့ကို လှမ်းအကြောင်းကြားလိုက်ပါ့မယ် ဂရုစိုက်အုန်းနော်"

"ဟုတ်ပါပြီဘေဘီလည်း ကျန်းမာရေးဂရုစိုက်အုန်း နေပြန်ကောင်းနေပြီဆိုပေမဲ့ ပြန်ဖျားသွားအုန်းမယ်"

"အွန်း ဟာရူ ရှိတာပဲကို ဘေဘီ့ကို အရမ်းကြီး စိတ်မပူနဲ့ ဘီ ကိုယ့်ကိုယ်ကိုသာ ပိုဂရုစိုက် ကြားလား နော်"

"ဟုတ်ကဲ့ပါ ဒါဆို ဘီ သွားပြီနော် ဟာရူလည်း သတိထားအုန်း"

"အင်း ကောင်းကောင်းသွားပါ ဘီ"

ဘီ တာဝန်ခွဲယူ ဆောင်ရွက်ရတဲ့ UKဘက်က Companyတစ်ခုမှာ စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ projectအသစ်တစ်ခုအတွက် နောင်လိုအပ်တာတွေ စီစဉ်စရာတွေ စီစဉ်ရအောင် ရှယ်ယာဝင်ထားသူ စီးပွါးရေးရှင်တို့အကုန်လုံးနှင့် အစည်းအဝေး ရှိလာတာကြောင့် ဘီ ၁ပတ်လောက် ခရီးသွားရန် ပြင်ဆင်နေရသည်။

ခြံထဲအထိ လိုက်ပို့ပေးနေတဲ့ နှစ်ယောက်ကို ဘီ အပြင်မှာ အေးတာကြောင့် အထဲ ပြန်ဝင်ခိုင်းနေပေမဲ့ ပေကပ်ကပ်နဲ့ မဝင်ကြချေ။

Lamborghini Aventador LP780-4 Ultimate
ခဲရောင်ကားလေးကို ဟန်ကျကျ မောင်းထွက်သွားပေမဲ့ ဆုမြတ်လေးကတော့ လမ်းမှာ အဆင်မပြေဖြစ်မှာကို စိတ်ပူနေတော့သည်။

ဆုမြတ်လေး တွေးနေသည်ကို ဟာရူက သိနေသည့်အတိုင်း အဆင်ပြေသွားမှာပါဆိုပြီး နှစ်သိမ့်ပေးပြီး အထဲ ပြန်ဝင်လာခဲ့ကြသည်။

မနက်စောသေးပေမဲ့ ဟာရူအတွက်ကတော့ နဂိုမနက်စာ ထပြင်ပေးနေကြ အချိန်မို့ ဘေဘီ့ကို ပြန်အိပ်ချင် အိပ်ခိုင်းလိုက်သည်။

"ဘေဘီ စောသေးတယ် ကိုယ် မနက်စာ ပြင်လို့ ပြီးရင် လာနှိုးပေးမယ်"

"ရတယ် ဘေဘီ ပြန်အိပ်မပေော်လောက်တာမို့ နှစ်ယောက်အတူ မနက်စာ ပြင်ကြမယ်လေနော်"

"မလုပ်ပါနဲ့လား ဘေဘီရယ် မအိပ်ချင်ရင်လည်း ဧည့်ခန်းထဲမှာ တစ်ခုခု သွားလုပ်နေလိုက်ပါလား ဘေဘီ ထိခိုက်သွားမှာစိုးလို့ပါ"

"ရပါတယ် ဟာရူရဲ့ ဘေဘီလည်း ရည်းစားလေးနဲ့ အတူချက်ပြုတ်ဖူးချင်လို့ကို"

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥Donde viven las historias. Descúbrelo ahora