Unicode
* * * * * * *"သူ..သူဌေး အဲ့ဒါကလေ"
"မရဘူးလို့ ဘယ်နှခါ ပြောရမှာလဲ"
"ဒါ..ဒါပေမဲ့"
"မရဘူးနော် တပြားမှ မလျော့ပေးနိုင်ဘူး"
"ဟူးး ငါ sugarမမနှစ်ယောက်ကို ရထားတာမဟုတ်ဘဲ အရမ်းတွေ သဝန်တိုတတ်တဲ့ ကလေးနှစ်ယောက် ကောက်ရထားတာပါလား"
အခုဆို DHလုပ်ငန်းတွေထဲက Beauty & Designအပိုင်းမှ အသစ်ထွက်သော ဒီဇိုင်းများကို ရောင်းအားမြင့်စေရန် ကုမ္ပဏီရဲ့ မင်းသမီးလေး နာမည်ကြီး ဆုမြတ်အိန္ဒာနဲ့ ဓာတ်ပုံရိုက်ကူးနေကြတာ တချို့ဒီဇိုင်းတို့သည် တိုသည့်အပြင် ဟိုပေါ်ဒီပေါ်နဲ့ ဖော်ပြနေသည်ကြောင့် လက်မခံနိုင် ကင်မရာမန်း ၊ ဓာတ်ပုံဆရာတို့နဲ့ အငြင်းပွါးနေကြခြင်းပေ။
ဓာတ်ပုံဆရာတို့က ရိုက်ဖို့ အကုန်အဆင်သင့်ဖြစ်နေပြီမို့ ခွင့်ပြုပေးရန် ခါးရိုးကျိုးမတတ် တောင်းဆိုနေပေမဲ့ သူဌေးနှစ်ယောက်ကလည်း တပြားမှမလျော့ဘူးဆိုပြီး ခက်ထန်နေသော မျက်နှာတို့ဟာ တစ်ချက်လေးမှ မပြောင်းလဲသွားတာကြောင့် ဓာတ်ပုံဆရာ သွေးပါတိုးချင်နေတော့သည်။
ဆုမြတ်လေး ကိုယ့်ကိုယ်ကို ကြားရုံ အသံလောက်နဲ့သာ ရေရွတ်လိုက်ပြီး ဖြေရှင်းဖို့ အနားကို လျှောက်သွားလိုက်သည်။
"သူဌေးတို့ ဆုလေးအတွက် အဆင်ပြေတာမို့ မြန်မြန်လေး ပြီးသွားအောင်လို့လေ"
"ဟုတ်..ဟုတ်ကဲ့"
ဆုမြတ်လေး ဝင်ပြောလာကာ သူတို့ဆန္ဒက်ို ငြင်းဆိုလိုက်တော့ မယုံကြည်နိုင်သဖွယ် မျက်လုံးပြူးပြူးတွေ ကြောင်ကြည့်နေကြတော့သည်။
နှစ်ယောက်စလုံးကို လူရှင်းတဲ့ ချောင်ဘက်ကို ဆွဲခေါ်လာလိုက်တော့ မလိုက်ချင် လိုက်ချင်နဲ့ နှစ်ယောက်သား ဆူပုတ်ပုတ်နဲ့ လိုက်လာကြသည်။
"ကဲ နှစ်ယောက်သား ဘာလို့ အဲ့လောက် ငြင်းနေကြတာ"
"ဆုလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ သူများကိုမှ မမြင်စေချင်တာ"
ဘီက အလိုမကျပြောလာတော့ ဆုမြတ်လေး မျက်နှာလေးကို အုပ်ကိုင်ကာ နီးကပ်သွားအောင် ဆွဲယူလိုက်ပြီး ပြွတ်ခနဲ အသံမြည်အောင်ပါ ထော်ချင်သလိုဖြစ်နေသည့် နှုတ်ခမ်းလေးကို နမ်းလိုက်သည်။
YOU ARE READING
မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥