Part-19

1.9K 165 8
                                    

Unicode

"သေချင်နေပြီလား"

"အိုးးဟိုးး အရင်လို ကြောက်စရာကြီးပါပဲလားဟ"

"နင်တို့လက်တွေ ဟာရူကိုယ်ပေါ် ကျဖို့ မစဉ်းစားနဲ့ ထိရင် ငါ အကုန် သတ်ပစ်မယ်!"

ဘီ ရဲ့ စကားတွေဟာ ဒီအတိုင်းပြောခြင်းမဟုတ်ဘဲ အတည်ပြောခြင်းဆိုတာ သူတို့ သိနေပေမဲ့လည်း ရမည့် ပမာဏနဲ့ တန်အောင် မကြောက်သလို ဟန်ဆောင်နေကြလေသည်။

"ဘီ စိတ်ထိန်းထားအုန်း ကိုယ့်ဘက်က အရင်လက်မပါစေနဲ့"

"အင်းပါ သိပါတယ် ဟာရူရဲ့"

"ဘာမှ မဖြစ်ပွါးချင်တာကြောင့် ကိုယ့်လမ်းကိုယ် ဆက်လျှောက်ပါရစေ"

"ဒီဟာမ တော်တော်ကောင်းကောင်းပြောတတ်တာပဲ ဟားဟား ဟုတ်တယ်မလား"

ပြောရင်း လက်ချောင်းတို့ဖြင့် ဟာရူ ပါးကို ရိုက်လာသည်။

"ငြိမ်ခံတယ်ပေါ့ အဟား အဲ့တော့လည်း ထပ်ရိုက်ပေးရတာပေါ့ အား အားး"

ထပ်ရိုက်ဖို့ ရွယ်လာတဲ့ လက်ချောင်းတို့ကို ဟာရူ ဆုပ်ကိုင်ကာ လိမ်ချိုးလိုက်တော့ တအားအားနဲ့ ဒူးထောက်ပစ်လဲသွားလေသည်။

တခြားသူတွေလည်း သူတို့လူ ထိလာတယ်ဆိုပြီး ပွဲထဲ ဝင်ဖို့ လုပ်တော့ ဘီက ကာရပ်လိုက်သည်။

"ဟာရူ အဲ့တစ်ယောက်ကို ထိန်းထားပေးမယ်မလား"

"ရတာပေါ့ ဘီရယ် မထိခိုက်စေနဲ့အုန်း သူတို့ကိုပဲ သေလောက်အောင်အထိ ထိခိုက်အောင် လုပ်နော်"

ဟာရူရဲ့ မျက်နှာပေါ်က နွေးထွေးလှတဲ့ အပြုံးဟာ ပြောလိုက်တဲ့ စကားလုံးတို့နှင့် သေးသေးလေးတောင် ဆက်စပ်မှု မရှိပေ။

ခုနတစ်ယောက်ကို ဟာရူက ထိန်းထားပေးကာ ဘီက ဆံပင်ကို မြှောက်စည်းကာ အင်္ကျီလက်တွေ တင်ပြီး ပွဲကြီး ပွဲကောင်း စတင်တော့ချေသည်။

ရှေ့ကနေ ပြေးဝင်လာသမျှကို မြေပြင်ပေါ် ပစ်လဲကျကာ ပြန်မထနိုင်တော့အောင် အဓိကနေရာတွေကို ထိုးကြိတ်သွားတာ လျင်မြန်လွန်းလို့ ပြန်ပင် မချနိုင်ခဲ့။

ထိုးကြိတ်ခံလိုက်လို့ နာကျင်သွားတိုင်း အော်ဖို့ ကြိုးစာရလိုက်တယ်။သို့သော် အသံပင် မထွက်လိုက်နိုင်။နောက်ထပ်ကျရောက်လာတဲ့ ထိုးချက်တွေကြောင့် အသံထွက်ဖို့တောင် အားအင်တွေ မရှိတော့။

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥Donde viven las historias. Descúbrelo ahora