Part-47

1.5K 165 12
                                    

Unicode

အိမ်သို့ ပြန်ရောက်တော့ မထင်မှတ်ထားသည့် အခြေအနေတစ်ခုဟာ စောင့်ကြိုနေလေသည်။

အိမ်ထဲ ဝင်ဝင်ချင်းမှာတင် မြင်လိုက်ရတဲ့ မြင်ကွင်းဟာ ဟာရူတို့ကို ငယ်ထိပ်အထိ ဒေါသထွက်စေသည်။

ဆုမြတ်-"ဒါက ဘယ်လိုတွေ ဖြစ်ရတာ တစ်အိမ်လုံး..ရှုပ်ပွနေတာပဲ"

ဧည့်ခန်းထဲက အလှပန်းအိုးတွေဟာလည်း ရိုက်ခွဲထားရလို့ မြေပြင်ပေါ်မှာ တစ်စစီ ကွဲအက်ကုန်နေသည်။နံရံပေါ်က ပန်းချီကားတို့ဟာလည်း ဓားနဲ့ လျှောက်ခြစ်ခံထားရ၍ စုပ်ပြဲနေကာ တစ်အိမ်လုံး ပုံပျက်ပန်းပျက်နှင့် ရစရာမရှိအောင် ဝင်မွှေခံရသည်။

ဟာရူ-"ဘေဘီ အသံကြားတယ် အနောက်မှာ နေ"

လှေကားဘက်ကနေ အသံကြားလိုက်ရ၍ အရှေ့ကို ဆက်လျှောက်သွားနေတဲ့ ဘေဘီ့ကို ဟာရူတို့ နှစ်ယောက်ရဲ့ အနောက်ပို့ကာ ကွယ်ထားလိုက်သည်။

ဆုမြတ်လေး နှစ်ယောက်သားရဲ့ လှုပ်ရှားမှုတွေကို လိုက်ကြည့်နေမိသည်။

ဘီ နံရံပေါ်က လျှို့ဝှက်ခလုတ်တစ်ခုကို နှိပ်လိုက်တော့ ပြောင်ရှင်းနေတဲ့ နံရံဟာ အလိုလိုပွင့်လာသည်။

ဆုမြတ် တစ်ခါမှ ရှိမှန်း မသိခဲ့သလို ရှိသည်ကိုလည်း မပြောပြဖူးတာကြောင့် အထူးအဆန်းလိုက်ကြည့်နေတုန်း ဟာရူကို လှမ်းပေးနေတဲ့ ဘီ့လက်ထဲက အရာကြောင့် ပို၍ အံ့ဩရသည်။

ဆုမြတ်-"သေနတ်တွေ ရှိကြတာလား"

ဘီ-"ရှိတာပေါ့ ဒီတစ်နေရာတည်းမဟုတ်ဘူး ကိုယ်တို့ အိပ်ခန်းတွေထဲနဲ့ တစ်ခြား ဘေဘီ မထင်မှတ်ထားတဲ့ နေရာတွေမှာလည်း ရှိတယ်"

လေသံတိုးတိုးလေးနဲ့ အံ့ဩသလိုလေး မေးလာတဲ့ ဘေဘီကို ပြန်ပြောလိုက်တော့ မျက်လုံးလေးပြူးကာ ခေါင်းတညိတ်ညိတ်နဲ့ အနောက်မှာ ပြန်ငြိမ်သွားသည်။

ဟာရူ-"ဘီက ဧည့်ခန်းကနေ လှေကားဘက်ကို ကြည့်နေ"

ဆုမြတ်-"ဘေဘီကရော..?"

အားကြိုးမာန်တက် မေးလာတဲ့ ဘေဘီကြောင့် အချိန်သင့် အခါသင့် မဟုတ်ပေမဲ့ ချစ်ဖို့ကောင်းလိုက်တာ ဆိုပြီး ရင်တွေ ခုန်နေမိသည်။

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥Unde poveștirile trăiesc. Descoperă acum