Unicode
"ဘေဘီ"
"ဟာရူ ဘီ့ဆီ ဖုန်းဆက်နေတာမို့ ကူညီပေးနေကြတာကို အတူလုပ်မယ်မရှိ ရှောင်သလို ဖြစ်သွားလို့ တောင်းပန်ပါတယ်"
မျက်နှာငယ်လေးနဲ့ အောက်နှုတ်ခမ်းကို ကိုက်ထားကာ မော့ကြည့်လာတဲ့ ဘေဘီ့ကြောင့် ဟာရူမှာ အသက်ကို ပြင်းပြင်း ရှူလိုက်ရသည်။
"ဘာမှမဖြစ်ပါဘူး ဘေဘီရယ် ဘီက ဘာတဲ့လဲ"
"ဘီက မားမားနဲ့ အတူရှိနေတယ်ရော်"
"တစ်ကယ် ဘယ်လို..?"
"နှစ်ယောက် တည်းတဲ့ ဟိုတယ်အဝမှာ တွေ့ကြတာ ဘေဘီ့ကိစ္စကြောင့် နှစ်ယောက်သား အလောတကြီးနဲ့ ဖြစ်နေကြတာ နေမှာပေါ့"
"ဟုတ်ပါပြီ ဘေဘီရယ် လာ ကိုယ် အလုပ်လုပ်နေတုန်းလည်း ဘေးနားမှာ နေ"
"ဟုတ် ဟုတ်"
ဆုမြတ်လေး ဟာရူဘေးနား ဝင်ထိုင်ပြီး မကြာ မရတီ နဲ့ အမAkikoတို့က သတင်းmediaတွေနဲ့ ပက်သက်သမျှ အကုန်အစဖျောက်ပစ်ပြီးသွားလေသည်။
ဆုမြတ်လေးရဲ့ Fanလေးတွေသည်လည်း ယခုသတင်းသည် မဟုတ်မမှန်ကြောင်း လိုင်းပေါ်မှာ ပြောပေးနေကြသေးသည်။
"ဘေဘီ"
"ဟာရူ ပြောလေ အော ခဏ ဖုန်းဝင်လာတယ်"
ဆုမြတ်လေး ဖုန်းခေါ်ဆိုသူက်ို ကြည့်လိုက်တော့ မားမားဆီကမို့ ချက်ချင်း ကိုင်လိုက်ကာ စပီကာ ဖွင့်ထားလိုက်သည်။
"ဟယ်လို မားမား"
"သမီးငယ် ဘယ်သူလဲဆိုတာ သိရပြီ"
"...."
ဆုမြတ်လေး ဟာရူကို လှမ်းကြည့်လိုက်တော့ တစ်ဖက်က ဘီ ပြောလာတဲ့ အသံနှင့် ဟာရူ နှုတ်ခမ်းလှုပ်ရှားသွားသည်မှာ တစ်ထပ်တည်း ဖြစ်နေလေသည်။
"ဟုတ် မားမား ကျန်တဲ့ ကိစ္စ ဆုလေးတို့ပဲ ဖြေရှင်းလ်ိုက်ပါ့မယ်"
"ငယ်လေး ဘယ်လိုလုပ်ကြမလဲ"
မရတီရဲ့ စကားကို ဆုမြတ်လေးက ဘာမှ ပြန်မဖြေဘဲ လှည့်သာ ပြုံးပြလာသည်။
ထို့နောက် ဟာရူရဲ့ ပေါင်ပေါ်က ကွန်ပျူတာကို လှမ်းယူကာ လက်ချာင်းတို့ဟာ ကီးဘုတ်ပေါ်မှာ အလျင်အမြန် ရွေ့လျားနေတာ ခဏနေတော့ "ရပြီ"ဆိုပြီး ရေရွတ်ကာ ရီနေလေသည်။
ŞİMDİ OKUDUĞUN
မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥