Part-6

4.5K 256 17
                                    

Unicode

မနက်ခင်း အိပ်ရာထနေကျအချိန် ရောက်သည်နှင့် ဦးနှောက်သည် နိုးလာပါသော်လည်း ပင်ပန်းနွမ်းနွယ်နေတဲ့ ခန္ဓာကိုယ်သည် လူကို အောင့်သက်သက်ဖြင့် နေထိုင်လို့ သိပ်မကောင်းအောင် ဖြစ်နေစေတာကြောင့် ဖြည်းဖြည်းချင်း အားယူကာ လှုပ်ရှားခဲ့ရသည်။

မတ်တပ်ရပ်လိုက်တာနဲ့ ခါးရိုးတစ်လျှောက် နာကျင်မှုကို ခံစားလိုက်ရတာမို့ မခံနိုင်စွာ အိပ်ရာပေါ် ပြန်လှဲချလိုက်ရသည်။ညက ဘာတွေများ ဖြစ်ခဲ့တာပါလိမ့်ဆိုပြိး ပြန်တွေးတော့ တစ်ကွက်ချင်း slow motion ဖြင့် မှတ်ဉာဏ်ထဲသို့ ဝင်ရောက်မြင်ယောင်လာတဲ့ အဖြစ်အပျက်တွေကြောင့် အောက်ပိုင်းတွေ ဒီလောက် နာကျင်နေတာမထူးဆန်းတော့။

သူမှတ်မိသလောက်ဆို မနေ့ညက ပြီးလည်းပြီးရော သူ လုံးဝလက်မြှောက်အရှုံးပေးလိုက်ပြီးနောက်ပိုင်း ဘာမှမသိတော့။ကြည့်ရတာ ဟာရုနဲ့ ဘီ သန့်ရှင်းရေး လုပ်ပေးပြီး အင်္ကျီလည်း ဝတ်ပေးခဲ့တာဖြစ်မယ်။

ရေချိုးခန်းထဲ ဝင်လာပြီး ရေမိုးချိုးသန့်ရှင်းကာ ပေါ့ပေါ့ပါးပါး ဖြစ်နေမယ့် အစင်းသုံးချောင်းနဲ့adidasအဖြူဝမ်းဆက်ကို ဝတ်ပြီးတာနဲ့ အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။

ဆုမြတ်လေးနိုးတာ ၁၀နာရီကျော်ပြီမို့ ဂျွန်ကိုလေး မရှိဘူးဆိုတာ မှတ်မိ၍ နည်းနည်းတော့ နေရခက်နေပေမဲ့ သုံးယောက်သား စကားအေးဆေး ပြောလို့ ရလို့တော်သေးသည်။

ဆုမြတ်လေး အောက်ထပ်သို့ ဆင်းလာတာနဲ့ အရင်ဆုံး Ash နဲ့ Viviသည် အနားသို့ ပြေးလာပြီး ခြေထောက်တို့ကို ပွတ်သပ်ကာ အကောင်ပေါက်စလေးတွေလို ချွဲနေလေသည်။

"နင်တို့နှစ်ကောင် ကိုယ့်ခန္ဓာကိုယ်မှ အားမနာ ချွဲနေလိုက်ကြတာနော်"

"ဘေဘီ..နိုးလာပြီ..လား"

ဘယ်က ထွက်လာမှန်းမသိတဲ့ ဘီကို ဆုမြတ်လေးမျက်လုံးဆီ တည့်တည့်မကြည့်ဘဲ ရှောင်နေတာကြောင့် သူတို့ကိုယ်သူတို့ အပြစ်ရှိတယ်လို့ တွေးနေကြတာကို သိလိုက်သည်။

"အွန်း နိုးပြီ ဘီ ခေါင်းတွေ မူးနေလား မနေ့ညက နှစ်ယောက်သား မှောက်ကုန်ကြတာ"

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥Where stories live. Discover now