Part-51

1.6K 159 6
                                    

Unicode

တစ်စုံတစ်ယောက်ရဲ့ မနက်ခင်းလေးမှာ နွေးထွေးတဲ့ နေရောင်ခြည်တို့ကြား အကြောလေးဆန့်ကာ အားအင်အပြည့်နှင့် အေးအေးချမ်းချမ်းနိုးထလာချိန်မှာ တစ်စုံတစ်ယောက်အတွက်ကတော့ တစ်ညလုံး စိတ်ခြောက်ခြားလွန်း၍ အိပ်မရဖြစ်ကာ စိတ်ညစ်စရာမနက်ခင်းဖြစ်နေလေသည်။

ယခုဆို လိုင်းပေါ်မှာ မနေ့နေ့လည်ကတည်းက လူပြောများနေတဲ့ အကြောင်းဟာ မသိသူမရှိလောက်သည်အထိ သတင်းဟာ ပျံ့နှံ့သွားခဲ့သည်။

ဆုမြတ်လေး အိပ်ရာပေါ်မှာ လူးလိမ့် အပျင်းကြောဆန့်ပြီးတာနဲ့ ရေချိုးခန်းဆီ ထလာကာ မျက်နှာသစ်ပြီး၍ ပြန်ထွက်လာချိန်အပြင်က တံခါးခေါက်လာသည်။

"ဝင်လာခဲ့ပါရှင့်"

ခွင့်ပြုသံကြားသည်နှင့် လူနှစ်ယောက် ဝင်လာကြသည်။

"Good Morning ဦးလေးရှိန်း အကိုFelix"

"မင်္ဂလာနံနက်ခင်းပါ သခင်မလေး"

ဆုမြတ်လေး လှမ်းနှုတ်ဆက်လိုက်တော့ ဦးလေးရှိန်းက ချက်ချင်း ပြန်နှုတ်ဆက်လာသည်။
ဆုမြတ်လေး ဘေးကလူကို ကြည့်လိုက်တော့ တစ်ခုခုပြန်ပြောဖို့ ပြင်လာတဲ့ အကိုFelix မပြောခင် အရင်လှမ်းပြောလိုက်သည်။

"မရဘူး မပြင်ပေးနိုင်တော့ဘူး နာမည်ပဲ မခေါ်ချင်ဘူး မခေါ်ချင်ဘဲ ခေါ်လာရတာ အခု ဘယ်လိုမှ ဆက်မခေါ်နိုင်တော့ဘူး နာမည်ပဲ ခေါ်ပေးမယ့် လူနှစ်ယောက် ရှိလာပြီပဲကို အကိုထည့်ခေါ်တော့မယ်ပဲ"

"သခင်မလေး ကြိုက်သလို ခေါ်ပါဗျ ကျွန်တော် ငယ်ငယ်တုန်းကသာ ခေါင်းမာခဲ့မိတာ အခု သခင်မလေးကို လူတွေ တစ်မျိုးထင်မှာ တွေးမိတော့ ကျွန်တော် ဘာမှ အထွန့်မတက်ရဲတော့ပါဘူးဗျ ပြီးတော့ ကျွန်တော် ပြောမယ့် အကြောင်းအရာက တခြားတစ်ခုပါဗျ"

"ဟယ် အဲ့ဒါများ စောစောစီးစီး မပြောဘူး လူကို စကားတွေ အများကြီး ပြောရအောင်လို့ လုပ်တယ်"

"ကျွန်တော် ပြောမလို့ကို သခင်မလေးက အရင် ပြောသွားတာလေဗျာ"

"ထားပါ ပြောစရာရှိတာမလား ပြောစေ ပြောစေရှင်"

"သခင်မလေး ကိုယ်ဝန်နုသေးတယ်ဆိုပေမဲ့ ကျန်းမာရေးကောင်းအောင် ဦးလေး နွားနို့ပြင်လာခဲ့တယ်"

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥Where stories live. Discover now