Part-13

2.4K 198 16
                                    

Unicode

ဆုမြတ်လေး ညနေ မရတီနဲ့ အလုပ်ကိစ္စရှိတာကြောင့် ရေမိုးချိုးပြင်ဆင်လေတော့သည်။

ခေါင်းပါ တစ်ခါတည်း လျှော်လိုက်တာမို့ ခါးလောက်အထိ ရှိတဲ့ ဆံပင်ကို သုတ်ရင်း ညောင်းလာလို့ အော်ညည်းနေတော့သည်။

'အားး ညောင်းလိုက်တာ ဆံပင်ကလည်း ရေစက်တွေ မကျတော့ရင် dryerနဲ့ တစ်ခါတည်း မှုတ်ပါမယ်ဆို ရေစက်က ကျလို့ကို မဆုံးဘူး'

"အချစ် အကူအညီလိုလား"

ဘယ်အချိန်က တံခါးနား ရောက်လာမှန်းမသိ ခေါင်းလေးပဲ ဝင်ကာ လှမ်းပြောလာသည်။

"ဟာရူ ကူညီပေးနိုင်မလား"

"ဝမ်းသာလျက်ပါ မင်းသမီးလေး"

ဆုမြတ်လေး မလှုပ်နိုင်တော့အောင် တော်တော်လေးကို ညောင်းနေတာ ဟာရူရောက်လာ၍ သက်သာသွားရသည်။

ဆံပင်ခြောက်သွားတော့ ခေါင်းလိမ်းဆီ လိမ်းပေးတဲ့အပြင် ပုံပါ သွင်းပေးသွားတာ အချိန်ခဏလေးနဲ့မို့ ပါးစပ်အဟောင်းသားဖြင့် ချီးကျူးနေမိသည်။

"ဟာရူလုပ်ပေးသွားတာ မြန်လိုက်တာနော်"

"အင်္ကျီလဲတော့လေ အချစ်"

"အွန်း အွန်း"

ခဏနေတော့ အဝတ်လဲပြီး ထွက်လာတဲ့ ဆုလေးကို ဟာရူ တစ်ဝကြီး ငေးကြည့်နေမိသည်။

စကပ်အတိုပန်းနုရောင်လေးကို အင်္ကျီအဖြူလည်ပိတ်လေးနဲ့ တွဲဝတ်ထားတဲ့အပြင် စကပ်နဲ့ အရောင်ဆင်တူ လက်ရှည်ခါးတိုလေးနဲ့ပါ အလွန်ချစ်ဖို့ကောင်းနေသလို တစ်ချိန်တည်း ဆွဲဆောင်မှုအပြည့်ရှိနေသည့် အချစ်လေးဟာ ဟာရူရဲ့ မျက်လုံးထဲမှာ အလွန်လက်ရာမြောက်လှသည့် နတ်သမီးလေးပန်းချီကားလို့ပင် ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်သည်။

"အချစ် အရမ်းလှနေတယ်"

"ဟယ် တစ်ကယ်ပါပဲ လူကို မျက်နှာပူအောင်လို့"

"တစ်ကယ်လှလို့ လှတယ်ပြောတာကိုကွယ်"

"အရင်နေ့တွေကရော မလှဘူးလား"

"ကိုယ့်အချစ်လေးက အချိန်တိုင်း လှနေပြီးသားပါ"

ဆုမြတ်လေးရဲ့ ခါးကို ဟာရူလက်တို့ ရစ်သိုင်းလာ၍ အကြည့်ချင်းဆုံစေကာ ဆိုပြီးနောက် နဖူးကို ထိတွေ့လာတဲ့ ခဏလေးပါပဲဆိုသော အထိအတွေ့လေးဟာ နှလုံးသားလေးအထိပါ နွေးထွေးလို့ သွားစေသည်။

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-3)🔥Where stories live. Discover now