Chapter 33_-_ အားးးးး ရှုံးသွားပြီ

9.5K 1.6K 66
                                    

Chapter 33

ရဲ့ချန် ဝင်လာတော့ ယွီရှင်းကျဲ ဖုန်းချလိုက်တယ်။

တစ်ချက်ကြည့်ရုံနဲ့ ယွီရှင်းကျဲရဲ့ ရင်ထဲမှာ ချဉ်တဲ့ အရသာတွေနဲ့ ပြည့်‌ေနတာကို မြင်နိုင်တယ်။ ရဲ့ချန် ရန်ကျင်းနောက်ကို ပြေးလိုက်သွားတုန်းက ညဝတ်အင်္ကျီကြီးနဲ့။ အဲ့တာက သူဘယ်လောက် အလောတကြီးအလျင်လိုနေလဲဆိုတာ သိသာတယ်။

ဒါဆို ရန်ကျင်း ဘာလုပ်ခဲ့လဲ? အဲ့လူက Seine မြစ်ထဲကို ခုန်ချသွားပြီလား?မင်းငါ့ကို သေအောင်ရိုက်သတ်ရင်တောင် သူလုပ်မယ်လို့ လောင်းရဲတယ်။
ဒါပေမယ့် ယွီရှင်းကျဲ ဘာမှ မပြောခဲ့ပါဘူး။

ရဲ့ချန်က လိုရင်းပဲပြောချင်တယ်။ သူ ယွီရှင်းကျဲကို ကြည့်လိုက်ပြီးပြောလိုက်တယ်။
"အစ်ကိုကျဲ မင်းခုနက ပြောခဲ့တာကအတည်ဖြစ်စေ စနောက်သည်ဖြစ်စေ ငါ့စိတ်ထဲမှာရှိတဲ့ အရာကို ပြောပြချင်တယ်။"

ယွီရှင်းကျဲ, "......"

သူ့စိတ်ထဲမှာ သူ့(ယွီရှင်းကျဲ)အတွက် ဓါးတွေဘဲ ရှိနေတယ်။ ဆယ်နှစ်တာ ဝေးကွာပြီးနောက်မှာ သူတို့ဟာ ကမ္ဘာမြေကြီးကို ဖုံးအုပ်ထားတဲ့ မိုးကောင်းကင် အောက်မှာ အတူပြန်ဆုံကြတော့ သူ့ကိုထိုးနှက်ကြလိမ့်မယ်။

မျှော်လင့်ထားသလိုပဲ ရဲ့ချန်က သူ့အတွက် နည်းနည်းလေးတောင် အခွင့်အရေးမပေးခဲ့ဘူး။ သူပြောသမျှတွေက နည်းနည်းပါးပါး လူမှုရေးလေးတောင် မရှိတော့ဘဲ ပြောချင်ရာကို တိုက်ရိုက်သာပြောနေခဲ့တယ်။
" ငါက မင်းကို ငါ့အစ်ကို အမြဲသတ်မှတ်ထားတာ။ အစ်ကိုရှီလိုပဲ မင်းတို့နှစ်ယောက်လုံးက ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေပဲ"

အဲ့ဒီစကားလုံးတွေက ယွီရှင်းကျဲရဲ့ နှလုံးသားကို ဆူးချွန်နဲ့ထိုးစိုက်လိုက်သလိုပဲ။ဒါပေမယ့် သူထင်ထားသလောက်ကြီးလဲ မနာကျင်ပါဘူး။

သူ့ခေါင်းထက် ချိတ်ဆွဲထားတဲ့ ဓါးပြုတ်ကျလာမှာကို ကြောက်လန့်နေတာက သူ့ကို ပိုတုန်ရီစေတယ် ။
အခုဆို အရာအားလုံးပြီးဆုံးသွားပြီ။ သူ့ဝန်ခံချက်ကို အငြင်းခံလိုက်ရတဲ့အခါ သူ့စိတ်ထဲက မတင်မကျဖြစ်မှုတွေလဲ ပျောက်ကွယ်သွားတယ်။

✅✔️မချစ်ရင် သွားသေလိုက် { Myanmar Translation } U+ZWo Geschichten leben. Entdecke jetzt