Chapter 89_-_Daily Mission: No Problem

6.7K 1.2K 12
                                    

Slight NSFW at some parts, please check your surroundings before reading!

Chapter 89

သူအမှန်တကယ်ကို ကြိုက်ပါလိမ့်မယ်။ ဘယ်လိုပဲ ပြောပြော mission က ရန်ကျင်းရဲ့ မသိစိတ်ထဲက ထွက်လာတာပဲလေ

ရန်ကျင်း မကျေနပ်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား? သူတို့ အဲ့တာကို မနေ့ညကတင် လုပ်ပြီးတာလေ မလုံလောက်သေးဘူးလား

ရဲ့ချန် သူတို့ရဲ့ XXX life နဲ့ မကြာခင် နေသားကျသွားတော့မယ်လို့ ခံစားနေရတယ်။

System က သရုပ်ဆောင်လိုက်တယ်။
" ရန်ကျင်းက အရမ်းသနားစရာကောင်းတာပဲ။ သူက သူ့ရဲ့အသက်ကိုတောင် စတေးပြီး မင်းကို အရမ်းချစ်ခဲ့တာ။ နောက်ဆုံးတော့... မင်းက ဒီလို တောင်းဆိုမှု သေးသေးလေးတောင် မလုပ်ပေးနိုင်ဘူးပေါ့... ကျွတ် ကျွတ်.. တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ်လိုက်ရင်..."

ရဲ့ချန် နှလုံးသားလေး ထိတ်ခနဲ ဖြစ်သွားတယ်။
" ဘယ် ဘယ်သူက သူ့ဆန္ဒကို မဖြည့်ဆည်းပေးလို့လဲ?"

System:" သူ့ဆန္ဒတွေသာ ပြည့်ပြီးသွားရင် သူက နောက်ထပ် ဒီလို ဆန္ဒမျိုး ထွက်လာပါဦးမလား?"

ရဲ့ချန်, "..."

တကယ်ဆို သူ့ကို " Death System " အစား ဉာဏ်နီဉာဏ်နက်system လို့ ခေါ်ရမှာ။
" ရန်ကျင်းက အမြဲဦးဆောင်အစပြုတာကို အမြဲတမ်း ထည့်မတွက်နဲ့လေ ။ လူတစ်ယောက်ရဲ့ အပြင်ပန်းပုံစုံနဲ့ မသိစိတ်က တူမှ မတူနိုင်တာ။ သူမလုပ်ရသေးဘဲ သူ့စိတ်ထဲ သိမ်းထားတဲ့ အရာတွေ အများကြီး ရှိသေးတယ်။ ရန်ကျင်းက မင်းကို ရတနာတစ်ပါးလေးလို ဆက်ဆံတယ်။ သူက မင်းကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုး နာကျင်ခံစားစေချင်မှာလဲ? ဒါ့ကြောင့် သူ မကျေနပ်သေးရင်တောင် မင်းပင်ပန်းလာတာနဲ့ သူချက်ချင်း ရပ်ပစ်ခဲ့တာပဲ"

" သေချာတွေးကြည့် ။ မင်းတို့နှစ်ယောက် အဲ့တာကို လုပ်တိုင်း ရန်ကျင်းက မင်းဘယ်လို ခံစားနေရတယ်ဆိုတာ သတိမထားခဲ့ဘူးလား?"

ရဲ့ချန်ရဲ့ မျက်နှာမှာ သံသယတွေ ပြည့်နေတယ်။
" မင်းက ငါတို့ကို ခိုးကြည့်ထားတာပေါ့"

System:" လောင်ဇီက မကြည့်ဘဲနဲ့တောင် ခန့်မှန်းနိုင်တယ်နော်"

အဲ့အကြောင်း‌သေချာတွေးကြည့်ပြီးတော့ သူပြောတာ မှန်တယ်ဆိုတာ ရဲ့ချန် သတိထားမိသွားတယ်...

✅✔️မချစ်ရင် သွားသေလိုက် { Myanmar Translation } U+ZDonde viven las historias. Descúbrelo ahora