Chapter 102_-_ Side Story 11

3.4K 640 11
                                    


Chapter 102

ရဲ့ချန်က ကုရှီကို ကြိုက်တယ်

ဝန်ခံတာကိုထား ယွီရှင်းကျဲဟာ ငြင်းခံလိုက်ရတဲ့ ခံစားချက်ကြောင့် Paris ကို တိုက်ရိုက်ပြန်သွားခဲ့တယ်။ သူ တစ်လမ်းလုံး ငိုချင်နေခဲ့ပေမဲ့ မငိုခဲ့ဘူး။

အစာလဲမစားနိုင် ၊နှစ်နှစ်ခြိုက်ခြိုက်လဲ မအိပ်နိုင် ဖြစ်ပြီး လူတိုင်းကို လျစ်လျှူရှုကာ အခန်းကျဉ်းလေးထဲမှာ ပိတ်နေခဲ့တယ်။

ယွီရှင်းကျဲ အခုလို ဖ့စ်တာမြင်တော့ SUN ရူးလောက်အောင် ခံစားရတယ်။

F နိုင်ငံကို ပြန်လာပြီးနောက် ယွီရှင်းကျဲဟာ သုံးရက်လောက် အချစ်နာကျမှုကို ခံစားခဲ့ပြီးမှ ရုန်းထွက်နိုင်ခဲ့တယ်။

ဒီသုံးရက်အတွင်း ယွီရှင်းကျဲဟာ SUN ကို အရမ်းပျော်စေတဲ့ တစ်စုံတစ်ခုကို ပြောလာခဲ့တယ်။

:"SUN ကျွန်တော့်မှာ ခင်ဗျားရှိသေးလို့ ကျွန်တော်ပျော်မိတယ်။ ခင်ဗျားနဲ့ တွေ့ခဲ့ရတာ အရမ်းကံကောင်းတာပဲ"

SUN ဘဝမှာ တစ်ခါမှ အခုလောက် ရင်ခုန်သံတွေ မမြန်ထဲ့ဖူးဘူး။ သူ ယွီရှင်းကျဲဆိုလိုတာကို နားလာပါတယ်။ ဒါပေမဲ့ သူအရမ်းပျော်တယ်။

SUN က စိတ်ထဲမှာ ယွီရှင်းကျဲကို တုန့်ပြန်ခဲ့တယ်။
မင်းကို တွေ့ခဲ့ရတာက ကိုယ့်အတွက် ကံအကောင်းဆုံးပဲ

ဒီနှစ်အနည်းငယ်အတွင်း သူတို့နှစ်ယောက် အရမိးပျော်ရွှင်ခဲ့ကြတယ်။ နေရက်တိုင်းက ပျော်ရွှင်မှုတွေ နဲ့ ပြည့်နှက်နေပြီး သူတို့ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တက်ကြွနေစေတယ်။

ယွီရှင်းကျဲက အချစ်ကို ကြောက်သွားတဲ့ပုံပဲ သူ ဘယ်ကိစ္စမှာ စိတ်မဝင်စားတော့ဘူး။ သူက ဘယ်သူနဲ့မှလဲ မdate တော့သလို ရဲ့ချန်အကြောင်းလဲ မတွေးတော့ဘူး။

ယွီရှင်းကျဲနဲ့ SUN က အရိပ်တွေလိုပဲ ဘယ်လိုမှ ခွဲလို့မရဘူး။ သူ့ရဲ့ လုပ်ငန်းကလဲ ပိုပိုကြီး တိုးတက်လာကာ သူ့ရဲ့ ဂုဏ်သိက္ခာလဲ ပိုကြီးမားလာခဲ့တယ်။ ယွီရှင်းကျဲကလဲ သူ့ရဲ့ အခုအ‌ခြေအနေကို နေသားကျလာခဲ့တယ်။

✅✔️မချစ်ရင် သွားသေလိုက် { Myanmar Translation } U+ZWhere stories live. Discover now