Chapter 6

11.9K 2.1K 117
                                    

Chapter Six

ဒီမကောင်းတဲ့ ညီအစ်ကို ကို ကုရှီဘယ်လိုလုပ်ရမလဲ

ရန်ကျင်း" ဒါရိုက်တာ ကုက ကိုယ့်မွေးနေ့နဲ့ကိုယ် ဘယ်တုန်းကမှ မလုပ်ဖူးဘူးနဲ့တူတယ်"

ကုရှီ: " ဟုတ်တယ် ငယ်ငယ်ကတည်းက စိတ်ထဲ သိပ်မထားဘူးလေ"

ရန်ကျင်း စိတ်ရှုပ်ထွေးနေသလိုပုံစံဖြစ်နေသေးတာကြောင့် ကုရှီက " ကိစ္စမရှိပါဘူး ရဲ့ချန်က အမြဲအဲ့လိုဘဲ surprise လုပ်ရတာ တအားကြိုက်တာ"

ကုရှီက နောက်ဆုံးစကား4 လုံးကို အံ့ကြိတ်ပြီးပြောလိုက်တယ် ဒါပေမယ့် အခုဖြစ်နေတဲ့အခြေအနေနဲ့ဆိုရင် အဲ့တာကို ဘယ်သူမှ သတိမထားမိကြဘူး

ရန်ကျင်း:" ခင်ဗျားတို့က တော်တော်လေးရင်နှီးကြတာဘဲနော်"

ကုရှီ:" ကျွန်တော်တို့ ဆက်ဆံရေးက တော်တော်အဆင်ပြေပါ တယ် ။ သူနဲ့ကျွန်တော်က လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက သိကြတာ ။ သူ့မိဘတွေက ကျွန်တော်တို့ကို အတူတူနေစေချင်တာလေ..."
ဒါဟာ တကယ်တော့ ဟာသတစ်ခုဘဲ သူက ဂေးလေ ။ရဲ့ချန်ကလဲ straight တစ်ယောက်မဟုတ်တော့ sorry ဘဲ။ ကုရှီက Top မဖြစ်ချင်ဘူး။ အဲ့တာက ပင်ပန်းမယ်လို့ ခံစားရတယ်။ ရဲ့ချန်လို အရပ်နဲ့ဆို သူက ဖိသတ်လို့တောင်ရတယ်။
( Top မဖြစ်ချင်တာ ကုရှီတစ်ယောက်ဘဲ တွေ့ဖူးသေးတယ်)

ရန်ကျင်း သူ့ရဲ့နောက်ဆုံးစကားလုံးတွေကို ကြားရ‌ေတာ့ အောက်နှုတ်ခမ်းကို ကိုက်လိုက်မိတယ်

တကယ်တော့ ကုရှီပြောတာ မဆုံးသေးဘူး။
ပုံမှန်ဆိုရင် သူကအဲ့အကြောင်းကို ဟာသလုပ်ပြီး သူနဲ့ရဲ့ချန်က ကိုင်းတစ်ခုထဲမှာနားကြတဲ့ အဖော်တွေဆိုပြီး ပြောလေ့ရှိတယ် ။ဆိုလိုချင်တာက သူနဲ့ ရဲ့ချန်ဟာ ကောင်းကင်နဲ့ မြေကြီး ထိစပ်သွားရင်တောင် ပေါင်းစပ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့။

ဒါပေမယ့် သူပြောချိန်တောင်မရလိုက်ပါဘူး။
ရဲ့ချန်က " လာပါ ကိတ်ခွဲပီး အစ်ကို ရှီရဲ့မွေးနေ့ကို ဂုဏ်ပြုကြရအောင်"

ဒါဟာ ရိုးရိုးရှင်းရှင်းစကားလေးဘဲ ။ တောက်ပတဲ့ မျက်လုံးတစ်စုံနဲ့ ရဲ့ချန်က သူတို့ကို ကြည့်နေတယ်။

✅✔️မချစ်ရင် သွားသေလိုက် { Myanmar Translation } U+ZDonde viven las historias. Descúbrelo ahora